သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရပ္ေက်းလံုျခံဳေရးအေထာက္အကူျပဳအဖဲြ႕မ်ား စစ္ေကာင္စီဖဲြ႕စည္းေန


ဆႏၵျပမႈေတြကို ေစာင့္ၾကည့္တဲ့ စစ္သားတဦး (Photo by STR / AFP)

(Zawgyi/Unicode)

တပ္မေတာ္က လံုၿခံဳေရးမေပးႏုိင္တဲ့ေနရာေတြမွာ လံုၿခံဳေရးတာဝန္ယူဖုိ႔ ရပ္ကြက္ေက်းရြာေတြမွာ လံုၿခံဳေရး အေထာက္အကူျပဳအဖြဲ႕ေတြ ဖြဲ႕စည္းထားတယ္လို႔ စစ္ေကာင္စီက ေျပာၾကားလိုက္ပါတယ္။ အဲဒီအဖဲြ႔ေတြက လက္နက္ကိုင္ေဆာင္တဲ့ အဖြဲ႕မဟုတ္ဘူးလို႔ စစ္ေကာင္စီျပန္ၾကားေရး ဒု၀န္ႀကီး ဗုိလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ တခ်ဳိ႕ေဒသခံေတြကေတာ့ ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးတခ်ဳိ႕ လက္နက္ကိုင္ေဆာင္တာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္း ေျပာျပပါမယ္။

စစ္ေကာင္စီက ခန္႔ထားတဲ့ ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြ မၾကာခဏ အသတ္ခံရၿပီးေနာက္ပိုင္း ရပ္ကြက္ ေက်းရြာေတြမွာ လံုၿခံဳေရး အေထာက္အကူျပဳအဖြဲ႕ေတြကို လံုၿခံဳေရးအတြက္ ဖြဲ႕စည္းထားတယ္လို႔ စစ္ေကာင္စီက ေျပာၾကားလိုက္ပါတယ္။ အဲဒီအဖဲြ႔ေတြဟာ

လက္နက္ကိုင္ေဆာင္တဲ့အဖြဲ႔ ေတြေတာ႕ မဟုတ္ဘူးလို႔ စစ္ေကာင္စီျပန္ၾကားေရး ဒု၀န္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဒီကေန႔ ဇူလိုင္ ၁၂ ရက္ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာသြားတာပါ။

“ရပ္ကြက္ေက်းရြာေတြမွာေတာ့ ရပ္ကြက္ ေက်းရြာအလိုက္ အကုန္လံုးေတာ့ မဟုတ္ေသးပါဘူး။ ရပ္ကြက္ ေက်းရြာအလိုက္ လံုၿခံဳေရးအေထာက္အကူျပဳအဖြဲ႕ဆိုၿပီး ေဆာင္ရြက္ေနတာ ရွိပါတယ္။ တခ်ိဳ႕ေနရာေတြမွာလည္း ေတာ္ေတာ္ေလး ေအာင္ျမင္ေနပါၿပီ။ ရာခိုင္ႏႈန္းအားျဖင့္ေတာ့ ၄၅ ရာခိုင္ႏႈန္းေလာက္ပဲ လႊမ္းမိုးႏိုင္မယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။ အဲ့ေလာက္ပဲ လႊမ္းမိုးႏိုင္ပါေသးတယ္။ ဒါေတြကို တစတစ တိုးခ်ဲ႕ၿပီး ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ သူတို႔က လက္နက္ ကိုင္ေဆာင္တဲ့ အဖြဲ႕ေတြမဟုတ္ဘူး။ သို႔္ေသာ္ လံုၿခံဳေရးအဖြဲ႕ ရပ္ရြာ ေက်းရြာ လံုၿခံဳေရး အေထာက္ကူျပဳဆိုၿပီးေတာ့ ဖြဲ႕စည္းထားတယ္။ သူတို႔အေနနဲ႔ အၾကမ္းဖက္ လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ အသိေပးမႈေတြ ေဆာင္ရြက္မႈေတြ ႀကိဳတင္သတိေပးမႈေတြ ေဆာင္ရြက္လ်က္ရွိတယ္။”

ခုလိုရပ္ကြက္ေက်းရြာ လံုၿခံဳေရးအေထာက္အကူျပဳအဖြဲ႕ေတြဖြဲ႔စည္းထားတယ္လို႔ေျပာေပမယ့္ ဘယ္သူေတြပါ၀င္ဖြဲ႕စည္းထားတယ္ဆိုတာကိုေတာ့ သူက တိတိက်က်မေျပာပါဘူး။ ေဒသခံေတြကေတာ့ အမ်ားစုဟာ စစ္ေကာင္စီခန္႔ထားတဲ့ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြက ဦးေဆာင္တာျဖစ္တယ္လို႔ ေျပာေနပါတယ္။ လံုၿခံဳေရး အေထာက္အကူျပဳအဖြဲ႕ေတြဟာ လက္နက္ကိုင္ေဆာင္တဲ့ အဖြဲ႕မဟုတ္ဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာေပမယ့္ တခ်ဳိ႕ အုပ္ခ်ဳပ္ေရးမွဴးေတြ လက္နက္ကိုင္ေဆာင္ေနတယ္လို႔ မ်က္ျမင္ေဒသခံတခ်ဳိ႕က ဗီအိုေအကို ေျပာပါတယ္။ မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕အမွတ္ ၄ ရပ္ကြက္က စစ္ေကာင္စီခန္႔ထားတဲ့ အုပ္ခ်ဳပ္ေရးမွဴး ထြန္းထြန္းဦးဟာ ေသနတ္ကိုင္ေဆာင္ၿပီး ရပ္ကြက္အတြင္း လွည့္ပတ္သြားလာေနတာကို မ်က္ျမင္ေတြ႕ရွိသူ တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ဘယ္လိုေတြ႕လဲဆိုရင္ ဟိုေန႔ကေတြ႕တာကက်ေတာ့ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ သူ႔ရဲ႕အေနာက္ကပါတဲ့ ေရွ႕က ဆိုင္ကယ္စီးတယ္ အေနာက္က တေယာက္ခြတယ္ အလယ္က ေသနတ္ႀကီးေထာင္လို႔ စစ္ေကာင္စီက ေပးထားတာ စစ္ေကာင္စီက ခန္႔ထားတဲ့ အုပ္ခ်ဳပ္ေရးမွဴး စစ္ေကာင္စီက ခ်ထားတာ လက္လုပ္ ေသနတ္ မဟုတ္ဘူး။ သံလံုးနဲ႔ကို တခါပစ္ရင္ ၄ ေတာင့္ေလာက္ ထြက္တယ္ေျပာတယ္။ အဲ့ေသနတ္နဲ႔ သူတို႔အပိုင္းက လူေတြကို အကုန္ ၿခိမ္းေျခာက္ ဖမ္းဆီးခ်ဳပ္ေႏွာင္တာေတြ လုပ္ေနတယ္။ အဲ့လူကေတာ့ ကြ်န္မ ျမင္လို႔ေျပာတာ။ မျမင္တာကေတာ့ မေျပာရဲဘူးေလ။ မ်က္စိနဲ႔ျမင္တာ ေသနတ္ႀကီး တကားကားနဲ႔ ဆိုင္ကယ္တစီးနဲ႔ ေ၀့ပတ္ေနတယ္။ တခါကြ်န္ေတာ္တို႔ ထ ၂ နားေလးကို Mask စစ္သလိုလို ဘာလိုလိုနဲ႔ ေသနတ္ႀကီးနဲ႔ ၿခိမ္းေျခာက္တာ စိတ္တိုရင္ သူတို႔က ေမာင္းေတြ တင္ထားတယ္။ ဥပမာ ႏိုင္ငံေရး ေတာ္လွန္ေရး လုပ္တယ္မလုပ္ဘူးဆိုတာ စစ္ၿပီးဖမ္းတာေတြရွိတယ္။”

ဇူလိုင္ ၈ ရက္ေန႔က ထား၀ယ္ၿမိဳ႕အနီးက ေရာင္းေမာ္ေက်းရြာမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲသတင္းကို တပ္မေတာ္ဘက္က ထုတ္ျပန္ထားတဲ့ထဲမွာလည္း ထားဝယ္ကာကြယ္ေရးအဖဲြ႔အမည္ခံ လက္နက္ကိုင္အဖဲြ႔က စာသင္းေက်ာင္းလံုၿခံဳေရးအဖဲြ႔ကို လာေရာက္ပစ္ခတ္တဲ့အတြက္ ေက်ာင္းလုံၿခံဳေရးတာဝန္ယူထားတဲ့ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေဆာင္တဲ့ ျပည္သူ ၁၀ ဦးက တူမီး ေသနတ္ေတြနဲ႔ ျပန္လည္ ခုခံ ပစ္ခတ္ခဲ့တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။ ေရာင္းေမာ္ေက်းရြာသားတဦးကေတာ့ အဲ့ဒီအဖြဲ႕ဟာ ျပည္သူ႔စစ္အဖြဲ႕ဆိုၿပီး ဖြဲ႕စည္းထားတဲ့ အဖြဲ႕ျဖစ္တယ္လို႔ ေျပာပါတယ္။

တခ်ိဳ႕တိုင္းနဲ႔ျပည္နယ္မွာအခ်ိဳ႕မွာေတာ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ စစ္ေကာင္စီလိုလားသူေတြကို စစ္ေကာင္စီက လက္နက္ငယ္သင္တန္းေတြ ေပးတာေတြရွိတယ္လို႔ ေဒသခံေတြကေျပာေပမယ့္ အဲ့ဒီအခ်က္ကိုေတာ့ ဗြီအိုေအက သီးျခား အတည္မျပဳႏိုင္ပါဘူး။

စစ္ေကာင္စီနဲ႔ နီးစပ္သူေတြနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ မၾကာခဏ ပစ္သတ္ခံရၿပီးေနာက္ပိုင္း အခုလို လံုၿခံဳေရး အေထာက္အကူျပဳဖြဲ႕တာျဖစ္ၿပီး မဖြဲ႕ႏိုင္ေသးတဲ့ ေနရာေတြမွာလည္း ထပ္မံဖြဲ႕စည္း သြားမယ္လို႔ စစ္ေကာင္စီ ျပန္ၾကားေရး ဒု၀န္ႀကီးက ေျပာၾကားသလို အုပ္ခ်ဳပ္ေရးမွဴးေတြ အသတ္ခံရတာနဲ႔ ပတ္သက္လို႔လည္း တခ်ိဳ႕ေနရာေတြမွာ လံုၿခံဳေရးတပ္ဖဲြ႔ေတြက ကာကြယ္မေပးႏိုင္ဘူးဆိုတာကိုလည္း သတင္းစာ႐ွင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အသိအမွတ္ျပဳ ေျပာၾကားသြားပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


ရပ်ကျေးလုံခြုံရေးအထောက်အကူပြုအဖွဲ့များ စစ်ကောင်စီဖွဲ့စည်းနေ

(Unicode)

တပ်မတော်က လုံခြုံရေးမပေးနိုင်တဲ့နေရာတွေမှာ လုံခြုံရေးတာဝန်ယူဖို့ ရပ်ကွက်ကျေးရွာတွေမှာ လုံခြုံရေး အထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီက ပြောကြားလိုက်ပါတယ်။ အဲဒီအဖွဲ့တွေက လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့မဟုတ်ဘူးလို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ တချို့ဒေသခံတွေကတော့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတချို့ လက်နက်ကိုင်ဆောင်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်း ပြောပြပါမယ်။

စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ မကြာခဏ အသတ်ခံရပြီးနောက်ပိုင်း ရပ်ကွက် ကျေးရွာတွေမှာ လုံခြုံရေး အထောက်အကူပြုအဖွဲ့တွေကို လုံခြုံရေးအတွက် ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီက ပြောကြားလိုက်ပါတယ်။ အဲဒီအဖွဲ့တွေဟာ

လက်နက်ကိုင်ဆောင်တဲ့အဖွဲ့ တွေတော့ မဟုတ်ဘူးလို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ ဇူလိုင် ၁၂ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားတာပါ။

“ရပ်ကွက်ကျေးရွာတွေမှာတော့ ရပ်ကွက် ကျေးရွာအလိုက် အကုန်လုံးတော့ မဟုတ်သေးပါဘူး။ ရပ်ကွက် ကျေးရွာအလိုက် လုံခြုံရေးအထောက်အကူပြုအဖွဲ့ဆိုပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ တချို့နေရာတွေမှာလည်း တော်တော်လေး အောင်မြင်နေပါပြီ။ ရာခိုင်နှုန်းအားဖြင့်တော့ ၄၅ ရာခိုင်နှုန်းလောက်ပဲ လွှမ်းမိုးနိုင်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဲ့လောက်ပဲ လွှမ်းမိုးနိုင်ပါသေးတယ်။ ဒါတွေကို တစတစ တိုးချဲ့ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့က လက်နက် ကိုင်ဆောင်တဲ့ အဖွဲ့တွေမဟုတ်ဘူး။ သို့်သော် လုံခြုံရေးအဖွဲ့ ရပ်ရွာ ကျေးရွာ လုံခြုံရေး အထောက်ကူပြုဆိုပြီးတော့ ဖွဲ့စည်းထားတယ်။ သူတို့အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အသိပေးမှုတွေ ဆောင်ရွက်မှုတွေ ကြိုတင်သတိပေးမှုတွေ ဆောင်ရွက်လျက်ရှိတယ်။”

ခုလိုရပ်ကွက်ကျေးရွာ လုံခြုံရေးအထောက်အကူပြုအဖွဲ့တွေဖွဲ့စည်းထားတယ်လို့ပြောပေမယ့် ဘယ်သူတွေပါဝင်ဖွဲ့စည်းထားတယ်ဆိုတာကိုတော့ သူက တိတိကျကျမပြောပါဘူး။ ဒေသခံတွေကတော့ အများစုဟာ စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်တာဖြစ်တယ်လို့ ပြောနေပါတယ်။ လုံခြုံရေး အထောက်အကူပြုအဖွဲ့တွေဟာ လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပေမယ့် တချို့ အုပ်ချုပ်ရေးမှူးတွေ လက်နက်ကိုင်ဆောင်နေတယ်လို့ မျက်မြင်ဒေသခံတချို့က ဗီအိုအေကို ပြောပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့အမှတ် ၄ ရပ်ကွက်က စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦးဟာ သေနတ်ကိုင်ဆောင်ပြီး ရပ်ကွက်အတွင်း လှည့်ပတ်သွားလာနေတာကို မျက်မြင်တွေ့ရှိသူ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဘယ်လိုတွေ့လဲဆိုရင် ဟိုနေ့ကတွေ့တာကကျတော့ အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့အနောက်ကပါတဲ့ ရှေ့က ဆိုင်ကယ်စီးတယ် အနောက်က တယောက်ခွတယ် အလယ်က သေနတ်ကြီးထောင်လို့ စစ်ကောင်စီက ပေးထားတာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး စစ်ကောင်စီက ချထားတာ လက်လုပ် သေနတ် မဟုတ်ဘူး။ သံလုံးနဲ့ကို တခါပစ်ရင် ၄ တောင့်လောက် ထွက်တယ်ပြောတယ်။ အဲ့သေနတ်နဲ့ သူတို့အပိုင်းက လူတွေကို အကုန် ခြိမ်းခြောက် ဖမ်းဆီးချုပ်နှောင်တာတွေ လုပ်နေတယ်။ အဲ့လူကတော့ ကျွန်မ မြင်လို့ပြောတာ။ မမြင်တာကတော့ မပြောရဲဘူးလေ။ မျက်စိနဲ့မြင်တာ သေနတ်ကြီး တကားကားနဲ့ ဆိုင်ကယ်တစီးနဲ့ ဝေ့ပတ်နေတယ်။ တခါကျွန်တော်တို့ ထ ၂ နားလေးကို Mask စစ်သလိုလို ဘာလိုလိုနဲ့ သေနတ်ကြီးနဲ့ ခြိမ်းခြောက်တာ စိတ်တိုရင် သူတို့က မောင်းတွေ တင်ထားတယ်။ ဥပမာ နိုင်ငံရေး တော်လှန်ရေး လုပ်တယ်မလုပ်ဘူးဆိုတာ စစ်ပြီးဖမ်းတာတွေရှိတယ်။”

ဇူလိုင် ၈ ရက်နေ့က ထားဝယ်မြို့အနီးက ရောင်းမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းကို တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ထဲမှာလည်း ထားဝယ်ကာကွယ်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင်အဖွဲ့က စာသင်းကျောင်းလုံခြုံရေးအဖွဲ့ကို လာရောက်ပစ်ခတ်တဲ့အတွက် ကျောင်းလုံခြုံရေးတာဝန်ယူထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပြည်သူ ၁၀ ဦးက တူမီး သေနတ်တွေနဲ့ ပြန်လည် ခုခံ ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ရောင်းမော်ကျေးရွာသားတဦးကတော့ အဲ့ဒီအဖွဲ့ဟာ ပြည်သူ့စစ်အဖွဲ့ဆိုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်လို့ ပြောပါတယ်။

တချို့တိုင်းနဲ့ပြည်နယ်မှာအချို့မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီလိုလားသူတွေကို စစ်ကောင်စီက လက်နက်ငယ်သင်တန်းတွေ ပေးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပေမယ့် အဲ့ဒီအချက်ကိုတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မကြာခဏ ပစ်သတ်ခံရပြီးနောက်ပိုင်း အခုလို လုံခြုံရေး အထောက်အကူပြုဖွဲ့တာဖြစ်ပြီး မဖွဲ့နိုင်သေးတဲ့ နေရာတွေမှာလည်း ထပ်မံဖွဲ့စည်း သွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီးက ပြောကြားသလို အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာနဲ့ ပတ်သက်လို့လည်း တချို့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကာကွယ်မပေးနိုင်ဘူးဆိုတာကိုလည်း သတင်းစာရှင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိအမှတ်ပြု ပြောကြားသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG