သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲ ရုရှားသမ္မတပူတင်နဲ့ မော်စကိုမှာတွေ့ဆုံ 


ရုရှားသမ္မတ Vladimir Putin က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကရင်မလင်နန်းတော်မှာ လက်ခံတွေ့ဆုံစဥ်။ (မတ်လ ၄၊ ၂၀၂၅)
ရုရှားသမ္မတ Vladimir Putin က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကရင်မလင်နန်းတော်မှာ လက်ခံတွေ့ဆုံစဥ်။ (မတ်လ ၄၊ ၂၀၂၅)

မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားသမ္မတ Vladimir Putin မော်စကိုမြို့တော် ကရင်မလင်မှာ ဒီကနေ့ လက်ခံတွေ့ဆုံပါတယ်။ တွေ့ဆုံမှုအတွင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့တာ၊ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တာတွေကြောင့် အနောက်နိုင်ငံတွေက ဝိုင်းပယ်ခံနေရတဲ့နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်နေတာပါ။ စိုက်ပျိုးရေး၊ နျူကလီးယားစွမ်းအင်ကဏ္ဍတွေ အပါအဝင် နယ်ပယ်တော်တော်များများမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာကောင်းတွေ တွေ့ရကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ အစောပိုင်းတွေ့ဆုံခဲ့တဲ့ ရုရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

"ရုရှားနဲ့ မြန်မာအပေါ် ဥပဒေမဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားပေမဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်နေပြီး အပြန်အလှန် ကုန်သွယ်မှုတွေလည်း တိုးလာနေပါတယ်။" လို့လည်း ရုရှားဝန်ကြီးချုပ် Mikhail Mishustin ကပြောခဲ့တာပါ။

ငြိမ်းချမ်းတဲ့ လုပ်ငန်းသုံး နျူကလီးယားစွမ်းအင်၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလန်းကောင်းတွေ ရှိနေတယ်လို့လည်း ရုရှား Interfax သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စီစဉ်နေကြောင်းလည်း ပြောဆိုထားပေမဲ့ ဘယ်ကုမ္ပဏီတွေ ဆိုတာကိုတော့ မပြောပါဘူး။

ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကလည်း မြန်မာနိုင်ငံဟာ အရှေ့အာရှဒေသမှာ အလွန်အရေး ကြီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပြီး ဆက်ဆံရေးတွေ တိုးမြှင့်နေကြောင်း ပြောဆိုထားပါတယ်။

ရုရှားနိုင်ငံမှာ အလုပ်သမားဦးရေ ရှားပါးလာနေတာကြောင့် အရင် ဆိုဗီယက်ပြည်ထောင်စု လက်ထက်က မိတ်ဖက်နိုင်ငံတွေအပြင် မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေက အလုပ်သမားတွေ ခေါ်ယူဖို့စီစဉ်နေကြောင်း ရုရှား စီးပွားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင် Tass သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအကြီးအကဲ ရုရှားသမ္မတပူတင်နဲ့ မော်စကိုမှာတွေ့ဆုံ 
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG