သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥပေဒနဲ႔အညီ ေျဖရွင္းဖို႔ႀကိဳးပမ္းခဲ့တယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ရွင္းလင္း


စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္။ (ဓာတ္ပံု - MRTV - ေဖေဖာ္ဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းယူထားတဲ့ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဘာေၾကာင့္ အာဏာသိမ္းယူခဲ့ရသလဲဆိုတာ ႐ွင္းလင္းတဲ့ မိန္႔ခြန္း ဒီေန႔ညမွာ ေျပာၾကားပါတယ္။ ႏိုင္ငံေတာ္အေျခအေနအရပ္ရပ္ကို ျပည္သူလူထုကို ေျပာၾကားတဲ့ မိိန္႔ခြန္းမွာ မဲစာရင္းမွားတာေတြကို ေထာက္ျပၿပီး ေနာက္ဆံုးအခ်ိန္အထိ ဥပေဒနဲ႔အညီေျဖ႐ွင္းဖုိ႔ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

မလဲြမေ႐ွာင္သာလုိ႔သာ အေရးေပၚကာလမွာ တာဝန္ယူထားရျခင္းျဖစ္တယ္လို႔လည္းေျပာပါတယ္။ အာဏာသိမ္းယူၿပီး ပိုၿပီးစည္းကမ္းျပည့္ဝတဲ့ ဒီမုိကေရစီစနစ္ေဖာ္ေဆာင္ေရးကို လမ္းျပအခ်က္ ၅ ခ်က္နဲ႔ လုပ္ေဆာင္ေနတယ္ဆုိၿပီးလည္း ႐ွင္းျပသြားပါတယ္။

ကိုဗစ္ကာလက်ဆင္းေနတဲ့ စီးပြါးေရးအေျခအေန ျပန္တိုးတက္လာေစေရး ျပည္တြင္းလုပ္ရွင္ေတြနဲ႔ တိုင္ပင္လုပ္ေဆာင္ေနေၾကာင္း၊ ျပည္ပရင္းႏွီးျမွဳပ္နံွသူေတြနဲ႔ လုပ္ငန္းေတြအေနနဲ႔စိုးရိမ္မႈမရွိဘဲ ဆက္လက္ပူးေပါင္းလုပ္ေဆာင္ဖို႔လည္း သူက အထူးတလည္ေျပာပါတယ္။

ဒီေန႔ ျမန္မာႏိုင္ငံတဝန္း ျဖစ္ခဲ့တဲ့ ျပည္သူေတြ လမ္းေပၚထြက္ ကန္႔ကြက္ ဆႏၵျပမႈေတြနဲ႔ ပတ္သက္လို႔ တစံုတရာ ေဖာ္ျပေျပာဆိုတာမ်ဳိးေတာ့ မလုပ္ခဲ့ပါဘူး။ ျပည္သူေတြအေနနဲ႔ စိတ္ခံစားမႈထက္ ပကတိအခ်က္အလက္ အမွန္တရားေတြကို ေ႐ွ႕ရႈၿပီး လက္တြဲညီေဆာင္႐ြက္သြားၾကဖုိ႔ ေမတၱာရပ္ခံတုိက္တြန္းလိုတယ္လို႔သာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဥပဒေနဲ့အညီ ဖြေရှင်းဖို့ကြိုးပမ်းခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရှင်းလင်း

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘာကြောင့် အာဏာသိမ်းယူခဲ့ရသလဲဆိုတာ ရှင်းလင်းတဲ့ မိန့်ခွန်း ဒီနေ့ညမှာ ပြောကြားပါတယ်။ နိုင်ငံတော်အခြေအနေအရပ်ရပ်ကို ပြည်သူလူထုကို ပြောကြားတဲ့ မိန့်ခွန်းမှာ မဲစာရင်းမှားတာတွေကို ထောက်ပြပြီး နောက်ဆုံးအချိန်အထိ ဥပဒေနဲ့အညီဖြေရှင်းဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မလွဲမရှောင်သာလို့သာ အရေးပေါ်ကာလမှာ တာဝန်ယူထားရခြင်းဖြစ်တယ်လို့လည်းပြောပါတယ်။ အာဏာသိမ်းယူပြီး ပိုပြီးစည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးကို လမ်းပြအချက် ၅ ချက်နဲ့ လုပ်ဆောင်နေတယ်ဆိုပြီးလည်း ရှင်းပြသွားပါတယ်။

ကိုဗစ်ကာလကျဆင်းနေတဲ့ စီးပွါးရေးအခြေအနေ ပြန်တိုးတက်လာစေရေး ပြည်တွင်းလုပ်ရှင်တွေနဲ့ တိုင်ပင်လုပ်ဆောင်နေကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နံှသူတွေနဲ့ လုပ်ငန်းတွေအနေနဲ့စိုးရိမ်မှုမရှိဘဲ ဆက်လက်ပူးပေါင်းလုပ်ဆောင်ဖို့လည်း သူက အထူးတလည်ပြောပါတယ်။

ဒီနေ့ မြန်မာနိုင်ငံတဝန်း ဖြစ်ခဲ့တဲ့ ပြည်သူတွေ လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ တစုံတရာ ဖော်ပြပြောဆိုတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ပြည်သူတွေအနေနဲ့ စိတ်ခံစားမှုထက် ပကတိအချက်အလက် အမှန်တရားတွေကို ရှေ့ရှုပြီး လက်တွဲညီဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုတယ်လို့သာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG