(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ေက်ာင္းေတြ ျပန္ဖြင့္ေနခ်ိန္ ေက်ာင္းတခ်ဳိ႕နားမွာ အေသးစား ဗံုးေပါက္ကြဲမႈေတြျဖစ္ခဲ့ပါတယ္။ ရန္ကုန္၊ စစ္ကိုင္း၊ ဘုရားသံုးဆူ စတဲ့ၿမိဳ႕ေတြမွာ ေပါက္ကဲြမႈေတြျဖစ္ခဲ့တဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က ေျပာျပပါမယ္။
ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဇူလိုင္လဆန္းမွာ ပိတ္ထားခဲ့တဲ့ အေျခခံပညာေက်ာင္းေတြကို ႏိုဝင္ဘာလ ၁ ရက္ေန႔က ျပန္ဖြင့္ခဲ့ပါတယ္။ ေက်ာင္းေတြ ျပန္ဖြင့္တဲ့ေန႔မွာပဲ ေက်ာင္းတခ်ိဳ႕နားမွာ အေသးစား ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ ေက်ာင္းေတာ္ေတာ္မ်ားမ်ားမွာ လက္နက္ကိုင္လံုၿခံဳေရးေတြက လံုၿခံဳေရးယူေပးေနသလို တခ်ဳိ႕ေက်ာင္းေတြမွာဆုိ စစ္သားေတြ ဆက္လက္ တပ္စြဲထားတာမ်ဳိးလည္း႐ွိပါတယ္။ ဒီလိုအေျခအေနမွာပဲ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕က အထက္တန္းေက်ာင္းတစ္ခုရဲ႕ ေက်ာင္းဝင္းထဲမွာ မေန႔က ဗုံးေပါက္ကြဲမႈတစ္ခု ျဖစ္ခဲ့တဲ့အေၾကာင္း ေဒသခံတစ္ဦးက ဗြီအိုေအ ကို ခုလိုေျပာျပပါတယ္။
“ေက်ာင္းဝင္းထဲမွာ အအားကစားကြင္း တကြင္း ရွိတယ္။ အဲ့ဒီ အားကစားကြင္းရဲ႕ ဂိုးတိုင္နားမွာေပါ့ေနာ္။ အဲဒီ ေဘာလုံး ဂိုးတိုင္နားမွာ မိုင္းတလုံး တနာရီနဲ႔ ၄၅ မိနစ္ေပါ့၊ မြန္းလြဲ တနာရီနဲ႔ ၄၅ မိနစ္မွာ ထကြဲတယ္။ အဲဒီမွာ အထိအခိုက္ေတာ့ တစ္ေယာက္မွ မရွိဘူးလို႔ ကြၽန္ေတာ္ သတင္းၾကားတယ္။ အထိအခိုက္မရွိဘူး။”
စစ္ကိုင္းတိုင္းထဲက ေခ်ာင္းဦးၿမိဳ႕ ၿမိဳ႕မ ရပ္ကြက္မွာ႐ွိတဲ့ အမွတ္ ၁ မူလတန္းေက်ာင္း နားမွာလည္း ေက်ာင္းမဖြင့္မီ တစ္ရက္အလိုျဖစ္တဲ့ ေအာက္တိုဘာ ၃၁ ရက္ေန႔ ညေန ၆ နာရီခြဲ ဝန္းက်င္ေလာက္က ေပါက္ကြဲမႈ တစ္ခု ျဖစ္ခဲ့လို႔ လူတဦးေသဆံုးၿပီး တေယာက္ ဒဏ္ရာ ရတယ္လို႔ ေဒသခံ တဦးက ဗြီအိုေအကို အတည္ျပဳေျပာပါတယ္။ ေသဆံုးသူဟာ လမ္းသြားလမ္းလာျဖစ္တယ္လို႔ ေဒသခံကေျပာပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီသတင္းမွာေတာ့ ဒဏ္ရာ အမ်ားအျပားနဲ႔ ေသဆံုးသူဟာ မိုင္းေထာင္တဲ့ အၾကမ္းဖက္သမားလို႔ ေျပာထားပါတယ္။
တခါ ရန္ကုန္တိုင္း ၾကည္ျမင္တိုင္ၿမိဳ႕နယ္ ဗားကရာလမ္းေပၚက အထက္တန္းေက်ာင္း တေက်ာင္းေရွ႕မွာလဲ မေန႔က ေန႔လယ္ ၁ နာရီ ဝန္းက်င္ေလာက္က ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။ လမ္းေဘး ပလက္ေဖာင္း အနည္းငယ္ ထိခိုက္ပ်က္စီးခဲ့ေပမယ့္ လူတဦး တေယာက္မွာ ထိခိုက္မႈ မရွိခဲ့ဘူးလို႔ အဲဒီ အနီးဝန္းက်င္မွာ ေနထိုင္သူ တဦးက ေျပာပါတယ္။
စစ္ေကာင္စီထုတ္ျပန္တဲ့ သတင္းစာေတြမွာေတာ ့ႏိုင္ငံအႏွံ႔က ေက်ာင္းသူ၊ေက်ာင္းသားေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေက်ာင္းျပန္တက္ေနၾကတယ္လို႔ဆိုၿပီး ဓါတ္ပံုေတြနဲ႔ ေဖာ္ျပခဲ့ပါတယ္။ ေက်ာင္းျပန္လည္ ဖြင့္လွစ္တာကို မလိုလားတဲ့ အၾကမ္းဖက္သမားေတြက ကေလးသူငယ္ေတြ ေၾကာက္႐ြံ႕ထိတ္လန္႔ေအာင္နဲ႔ ပညာသင္ၾကားတဲ့ အေဆာက္အအံုေတြ ထိခိုက္ပ်က္စီးေအာင္ အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္လာတာေၾကာင့္ ေအးခ်မ္းတည္ၿငိမ္ေရး အတြက္ စစ္ေကာင္စီရဲ႕ လုံၿခဳံေရးတပ္ေတြနဲ႔ ေက်ာင္းသား မိဘ ျပည္သူေတြက ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းေရးသားထားပါတယ္။
စစ္အာဏာသိမ္းထားခ်ိန္ အၾကမ္းမဖက္ အာဏာဖီဆန္တ့ဲ အေနနဲ႔ ေက်ာင္းေတြ ျပန္မတက္ၾကဖုိ႔ တိုက္တြန္းမႈေတြလည္း ႐ွိေနပါတယ္။ ဒါေၾကာင့္ တခ်ဳိ႕ေက်ာင္းသားေတြကေတာ့ ေက်ာင္းျပန္မတက္ၾကပါဘူး။
‘စစ္ဖိနပ္ေအာက္က ကြၽန္ပညာေရး ဒို႔မိဘေတြ အားမေပး’ စတဲ့ ေက်ာင္းမတက္ေရးအတြက္ ႏႈိးေဆာ္တဲ့ စာတန္းေတြကို ကိုင္ေဆာင္ၿပီး ေ႐ႊဘိုၿမိဳ႕မွာ ဒီေန႔ ခ်ီတက္ ဆႏၵျပၾကသလို မႏၱေလးမွာလည္း ေက်ာင္းျပန္မတက္ဘို႔ ဆႏၵျပမႈေတြ ႐ွိခဲ့ပါတယ္။ ရန္ကုန္မွာလည္း
"ဒါေရး ဒါက်က္ ဘာမွ မတတ္မဲ့ ပညာေရးစနစ္ အျမစ္ျဖဳတ္ကာ သပိတ္ေမွာက္ ဆန္က်င့္ၾက" ဆိုတဲ့ စာတန္း ခ်ိတ္ဆြဲၿပီး အ.ထ.က (၁) သဃၤန္းကြၽန္းေက်ာင္းသားမ်ား သမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္) က ေက်ာင္းမတက္ဖို႔ စည္း႐ံုးဆႏၵျပခဲ့ၾကပါတယ္။
(Unicode)
ဗုံးလန့်နေရတဲ့ ကျောင်းဖွင့်ချိန်
မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်နေချိန် ကျောင်းတချို့နားမှာ အသေးစား ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ရန်ကုန်၊ စစ်ကိုင်း၊ ဘုရားသုံးဆူ စတဲ့မြို့တွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင်လဆန်းမှာ ပိတ်ထားခဲ့တဲ့ အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့က ပြန်ဖွင့်ခဲ့ပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့နေ့မှာပဲ ကျောင်းတချို့နားမှာ အသေးစား ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ကျောင်းတော်တော်များများမှာ လက်နက်ကိုင်လုံခြုံရေးတွေက လုံခြုံရေးယူပေးနေသလို တချို့ကျောင်းတွေမှာဆို စစ်သားတွေ ဆက်လက် တပ်စွဲထားတာမျိုးလည်းရှိပါတယ်။ ဒီလိုအခြေအနေမှာပဲ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းဝင်းထဲမှာ မနေ့က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တဲ့အကြောင်း ဒေသခံတစ်ဦးက ဗွီအိုအေ ကို ခုလိုပြောပြပါတယ်။
“ကျောင်းဝင်းထဲမှာ အအားကစားကွင်း တကွင်း ရှိတယ်။ အဲ့ဒီ အားကစားကွင်းရဲ့ ဂိုးတိုင်နားမှာပေါ့နော်။ အဲဒီ ဘောလုံး ဂိုးတိုင်နားမှာ မိုင်းတလုံး တနာရီနဲ့ ၄၅ မိနစ်ပေါ့၊ မွန်းလွဲ တနာရီနဲ့ ၄၅ မိနစ်မှာ ထကွဲတယ်။ အဲဒီမှာ အထိအခိုက်တော့ တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော် သတင်းကြားတယ်။ အထိအခိုက်မရှိဘူး။”
စစ်ကိုင်းတိုင်းထဲက ချောင်းဦးမြို့ မြို့မ ရပ်ကွက်မှာရှိတဲ့ အမှတ် ၁ မူလတန်းကျောင်း နားမှာလည်း ကျောင်းမဖွင့်မီ တစ်ရက်အလိုဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီခွဲ ဝန်းကျင်လောက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့လို့ လူတဦးသေဆုံးပြီး တယောက် ဒဏ်ရာ ရတယ်လို့ ဒေသခံ တဦးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။ သေဆုံးသူဟာ လမ်းသွားလမ်းလာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီသတင်းမှာတော့ ဒဏ်ရာ အများအပြားနဲ့ သေဆုံးသူဟာ မိုင်းထောင်တဲ့ အကြမ်းဖက်သမားလို့ ပြောထားပါတယ်။
တခါ ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ဗားကရာလမ်းပေါ်က အထက်တန်းကျောင်း တကျောင်းရှေ့မှာလဲ မနေ့က နေ့လယ် ၁ နာရီ ဝန်းကျင်လောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ လမ်းဘေး ပလက်ဖောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပေမယ့် လူတဦး တယောက်မှာ ထိခိုက်မှု မရှိခဲ့ဘူးလို့ အဲဒီ အနီးဝန်းကျင်မှာ နေထိုင်သူ တဦးက ပြောပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းစာတွေမှာတော့နိုင်ငံအနှံ့က ကျောင်းသူ၊ကျောင်းသားတွေ ပျော်ပျော်ရွှင်ရွှင် ကျောင်းပြန်တက်နေကြတယ်လို့ဆိုပြီး ဓါတ်ပုံတွေနဲ့ ဖော်ပြခဲ့ပါတယ်။ ကျောင်းပြန်လည် ဖွင့်လှစ်တာကို မလိုလားတဲ့ အကြမ်းဖက်သမားတွေက ကလေးသူငယ်တွေ ကြောက်ရွံ့ထိတ်လန့်အောင်နဲ့ ပညာသင်ကြားတဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးအောင် အကြမ်းဖက် လုပ်ငန်းတွေ လုပ်လာတာကြောင့် အေးချမ်းတည်ငြိမ်ရေး အတွက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေနဲ့ ကျောင်းသား မိဘ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းရေးသားထားပါတယ်။
စစ်အာဏာသိမ်းထားချိန် အကြမ်းမဖက် အာဏာဖီဆန်တဲ့ အနေနဲ့ ကျောင်းတွေ ပြန်မတက်ကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် တချို့ကျောင်းသားတွေကတော့ ကျောင်းပြန်မတက်ကြပါဘူး။
‘စစ်ဖိနပ်အောက်က ကျွန်ပညာရေး ဒို့မိဘတွေ အားမပေး’ စတဲ့ ကျောင်းမတက်ရေးအတွက် နှိုးဆော်တဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ရွှေဘိုမြို့မှာ ဒီနေ့ ချီတက် ဆန္ဒပြကြသလို မန္တလေးမှာလည်း ကျောင်းပြန်မတက်ဘို့ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်မှာလည်း
"ဒါရေး ဒါကျက် ဘာမှ မတတ်မဲ့ ပညာရေးစနစ် အမြစ်ဖြုတ်ကာ သပိတ်မှောက် ဆန်ကျင့်ကြ" ဆိုတဲ့ စာတန်း ချိတ်ဆွဲပြီး အ.ထ.က (၁) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ကျောင်းမတက်ဖို့ စည်းရုံးဆန္ဒပြခဲ့ကြပါတယ်။