သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

‌ေတာင္ငူ ႏွစ္ျခင္းဘုရားေက်ာင္း ဘာသာေရးဆရာ ၅ဦး တရက္ၾကာထိမ္းသိ္မ္းခံရ


ေတာင္ငူျမိဳ ့က ဘုရားေက်ာင္းတခု (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ပဲခူးတိုင္းေဒသႀကီးေတာင္ငူၿမိဳ႕မွာ ျမန္မာ စစ္တပ္ကေနဖမ္းဆီးသြားတဲ့ ခရစ္ယာန္ႏွစ္ျခင္းဘုရားေက်ာင္းက ဘာသာ ေရးဆရာ(၅)ေယာက္ကို မေန႔ကညပိုင္းမွာ ျပန္လႊတ္ေပးလိုက္ၿပီးလို႔ ဘာသာေရးေခါင္းေဆာင္ေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့တနလာေနၤ့မနက္အေစာပိုင္းမွာ ေတာင္ငူၿမိဳ႕ရွိ ဘြဲမိုဘြာ သာသနာနယ္ကေက်ာင္းကို စစ္တပ္ကဝင္ေရာက္ စစ္ေဆးခဲ့ရာမွာ ေဖာက္ခြဲေရးပစၥည္းေတြ႕ရွိတယ္ဆိုတဲ့သံသယနဲ႔ ဘာသာေရးဆရာ (၂)ဦး၊ အဖြဲ႕ဝင္(၃)ဦး စုစုေပါင္း (၅)ဦးကို ဖမ္းဆီးသြားခဲ့တာၿပီးတဲ့ေနာက္ စစ္ေဆးၿပီ းတရက္အၾကာမွာ အခုလိုျပန္လႊတ္ေပးခဲ့တာပါ။ ဒီအေၾကာင္း ဗြီအိုေအ သတင္းေထာက္နိုင္ကြန္းအိန္ကေန ေျပာျပေပးမွာပါ။

စစ္ေကာင္စီတပ္ကေန အၾကမ္းဖက္ရိုက္ႏွက္ၿပီး ဖမ္းဆီးေခၚေဆာင္ျခင္းခံရတဲ့ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕ရွိ ဘြဲမိုဘြာသာသနာနယ္မွ ဘာသာေရးဆရာအပါအဝင္ (၅)ဦးဟာ ဇြန္(၂၉)ရက္ညပိုင္းမွာ ျပန္လည္လြတ္ေျမာက္ လာၿပီလို႔ ခရစ္ယာန္ႏွစ္ျခင္းအတြင္းေရးမႉး ဆရာေတာ္ ေဒါက္တာ ေဟမြန္ထူး ကေျပာပါတယ္။

"ဖမ္းဆီးခံရတဲ့ကၽြန္ေတာ္တို႔သာသနာ့ဝန္ထမ္း(၅)ေယာက္ကေတာ့ ည(၆)နာရီေလာက္မွာ ေတာင္ငူအမွတ္(၁) ရဲစ ခန္း မႉး ရဲ့ အမွာစကားေတြနဲ႔ သူတို႔ျပန္လြတ္လာတယ္။ ခံဝန္ထားၿပီးမွဘဲ လႊတ္ေပးျခင္းျဖစ္ပါတယ္လို႔။ ျပန္လႊတ္ ေပးရတဲ့ အေၾကာင္းက ဖမ္းသြားတဲ့ကိစၥမွာ ဘာတခုမွ ေပါက္ကြဲေစတတ္တဲ့ပစၥည္းေတြျဖစ္ေစနိုင္တဲ့အရာ ဘာတခုမွ မပါဘူးဆို တဲ့ အေျဖထြက္လာတယ္ေပါ့။ ဒီကိစၥနဲ႔သူတို႔ျပန္လႊတ္ေပးတာလို႔လဲ ကၽြန္ေတာ္တို႔ နားလည္ပါတယ္။"

ဇြန္လ (၂၈)ရက္ေန႔ မနက္အေစာပိုင္းမွာ ေတာင္ငူၿမိဳ႕က ခရစ္ယာန္ႏွစ္ျခင္းဘုရားေက်ာင္းက ဘာသာေရး ဆရာ (၂)ဦး အဖြဲ႕ဝင္(၃)ဦးစုစုေပါင္း(၅)ဦးကို ျမန္မာစစ္တပ္ကေနဖမ္းဆီးသြားခဲ့တာပါ။

စစ္တပ္ကေန ေက်ာင္းဝင္းထဲ စစ္ေဆးရာမွာ မီးေသြးမႈန႔္နဲ႔ ေရပိုက္တို႔ကို ေတြ႕ရွိခဲ့ၿပီး ေဖာက္ခြဲေရးပစၥည္း လုပ္ေဆာင္ေနတာလို႔ ယူဆၿပီးဖမ္းဆီးသြားတာလို႔ ေတာင္ငူၿမိဳ႕ခံတဦးကေျပာပါတယ္။

"သင္းအုပ္ဆရာ(၂)ေယာက္နဲ႔ သူ႔ရဲ့ဘုရားေက်ာင္းက ေကာင္ေလး(၃)ေယာက္ အားလုံး(၅)ေယာက္ သူတို႔ေခၚ သြားတယ္။ သူတို႔စစ္ေဆးတာေပါ့ေနာ္။ အမွန္ေတာ့ဘာမွမဟုတ္ဘူး။ ဘုရားေက်ာင္းကေလ ေတာရြာေတြမွာ ေရမသန႔္လို႔ ေလ ေရသန႔္လုပ္တယ္မဟုတ္လား။ ပိုက္တို႔ မီးေသြးေထာင္း၊ မီးေသြးအေႂကြ အဲတာေတြေတြ႕ လို႔ေလ။ ကၽြန္ေတာ္ ထင္တာက PDFက လက္လုပ္တယ္ဆိုၿပီးေတာ့ သြားစစ္တာထင္တယ္။ စစ္တာေပါ့။"

၎ဖမ္းဆီးခံရသူ ၅ ဦးမွာ ဘြဲမိုဘြာ သာသနာနယ္မွ ဘာသာေရး ဆရာ ၂ ဦးနဲ႔ မိသားစုဝင္၂ ဦးအပါအဝင္ ေဆးကုဖို႔ သာသနာဝင္းအတြင္း လာေရာက္တည္းခိုတဲ့ ဧည့္သည္ သင္းေထာက္တစ္ဦးလည္း ပါဝင္ေနပါတယ္။

ျမန္မာစစ္တပ္က ဝင္ေရာက္ ဖမ္းဆီးမႈအတြင္း ႏွိပ္စက္ခံရတဲ့ျဖစ္စဥ္ရွိေၾကာင္း သာသနာဝန္ထမ္းတဦးက ေျပာပါတယ္။

"မီးေသြးမႈန႔္ေလးေတြ႕တာနဲ႔အဲတာ ကၽြန္ေတာ္တို႔ကို ယမ္းဆိုၿပီးေတာ့ေျပာလို႔ အေနအထားမ်ိဳးနဲ႔ ကၽြန္ေတာ္တို႔လူ ေတြကို ေခၚသြားတာေတာ့ရွိတယ္ဗ်။ (၂၇)ရက္ေန႔ည(၁၁)နာရီေက်ာ္မွာဝင္စီးတဲ့ပုံစံမ်ိဳးနဲ႔ ဟို မနက္ (၂)နာရီေက်ာ္ ေလာက္မွ ျပန္ထြက္သြားပါတယ္။ မစ္ရွင္ဝန္းက်င္မွာ အဲဒီလို ကန္ေက်ာက္တာေတြလုပ္တာေတြ ကၽြန္ေတာ္တို႔ တမ်ိဳးခံစားရတာေပါ့ဗ်ာ။ ဆရာေတာ္ေတြ၊ သာသနာဝန္ထမ္းေတြေနတဲ့ေနရာကို အဲဒီလို ေသနတ္နဲ႔ ဘာနဲ႔က်ေတာ့ ဝင္လာၿပီးေတာ့ ဝိုင္းၿပီးေတာ့ ဒီအေဆာက္အဦးေတြ ဝင္စစ္တယ္။ ေနာက္ၿပီးေတာ့ ေသာ့ခတ္ထားတဲ့ ႐ုံးခန္းေတြ ဆိုလို႔ရွိရင္ ရိုက္ဖ်က္လိုက္တာေပါ့ေနာ္။"

ဇြန္လ (၂၇)ရက္ေန႔ ညပိုင္းမွာ ေတာင္ငူၿမိဳ႕က ခရစ္ယာန္ႏွစ္ျခင္းဘုရားေက်ာင္းထဲ စစ္တပ္က ဝင္ေရာက္စီးနင္းၿပီး စစ္ေဆးရာမွာ မီးေသြးမႈန႔္၊ သဲ ေရသန႔္စင္တဲ့အမႈန႔္၊ ေရပိုက္၊ ဝိုင္ယာႀကိဳးအပိုင္းစေတြေတြ႕လို႔ ေဖာက္ခြဲေရး လုပ္ ေဆာင္တာလို႔ ယူဆၿပီး ဇြန္လ (၂၈)မနက္အေစာပိုင္းအခ်ိန္မွာ ဘာသာေရးဆရာ(၂)ဦး အဖြဲ႕ဝင္(၃)ဦးစုစုေပါင္း (၅) ဦး ကို ဖမ္းဆီးသြားခဲ့တာပါ။

အဆိုပါ သာသာနာဝင္းအတြင္း ဝင္ေရာက္ရွာေဖြစစ္ေဆးတဲ့ညမွာ ရဲႏွင့္စစ္သား အေယာက္ ၅၀ ေက်ာ္ပါဝင္သလို ဖမ္းဆီးခံရသူေတြကို စစ္ေဆးေမးျမန္းရာမွာလည္း ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့တဲ့အျပင္ သာသနာပစၥည္း အခ်ိဳ႕လည္း ဖ်က္ဆီးခံခဲ့ရတယ္လို႔ သာသနာဝန္ထမ္းေတြကေျပာပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


‌တောင်ငူ နှစ်ခြင်းဘုရားကျောင်း ဘာသာရေးဆရာ ၅ဦး တရက်ကြာထိမ်းသိမ်းခံရ

(Unicode)

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့မှာ မြန်မာ စစ်တပ်ကနေဖမ်းဆီးသွားတဲ့ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းက ဘာသာ ရေးဆရာ(၅)ယောက်ကို မနေ့ကညပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီးလို့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့တနလာင်္နေ့မနက်အစောပိုင်းမှာ တောင်ငူမြို့ရှိ ဘွဲမိုဘွာ သာသနာနယ်ကကျောင်းကို စစ်တပ်ကဝင်ရောက် စစ်ဆေးခဲ့ရာမှာ ဖောက်ခွဲရေးပစ္စည်းတွေ့ရှိတယ်ဆိုတဲ့သံသယနဲ့ ဘာသာရေးဆရာ (၂)ဦး၊ အဖွဲ့ဝင်(၃)ဦး စုစုပေါင်း (၅)ဦးကို ဖမ်းဆီးသွားခဲ့တာပြီးတဲ့နောက် စစ်ဆေးပြီ းတရက်အကြာမှာ အခုလိုပြန်လွှတ်ပေးခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

စစ်ကောင်စီတပ်ကနေ အကြမ်းဖက်ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ဘွဲမိုဘွာသာသနာနယ်မှ ဘာသာရေးဆရာအပါအဝင် (၅)ဦးဟာ ဇွန်(၂၉)ရက်ညပိုင်းမှာ ပြန်လည်လွတ်မြောက် လာပြီလို့ ခရစ်ယာန်နှစ်ခြင်းအတွင်းရေးမှူး ဆရာတော် ဒေါက်တာ ဟေမွန်ထူး ကပြောပါတယ်။

"ဖမ်းဆီးခံရတဲ့ကျွန်တော်တို့သာသနာ့ဝန်ထမ်း(၅)ယောက်ကတော့ ည(၆)နာရီလောက်မှာ တောင်ငူအမှတ်(၁) ရဲစ ခန်း မှူး ရဲ့ အမှာစကားတွေနဲ့ သူတို့ပြန်လွတ်လာတယ်။ ခံဝန်ထားပြီးမှဘဲ လွှတ်ပေးခြင်းဖြစ်ပါတယ်လို့။ ပြန်လွှတ် ပေးရတဲ့ အကြောင်းက ဖမ်းသွားတဲ့ကိစ္စမှာ ဘာတခုမှ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်စေနိုင်တဲ့အရာ ဘာတခုမှ မပါဘူးဆို တဲ့ အဖြေထွက်လာတယ်ပေါ့။ ဒီကိစ္စနဲ့သူတို့ပြန်လွှတ်ပေးတာလို့လဲ ကျွန်တော်တို့ နားလည်ပါတယ်။"

ဇွန်လ (၂၈)ရက်နေ့ မနက်အစောပိုင်းမှာ တောင်ငူမြို့က ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းက ဘာသာရေး ဆရာ (၂)ဦး အဖွဲ့ဝင်(၃)ဦးစုစုပေါင်း(၅)ဦးကို မြန်မာစစ်တပ်ကနေဖမ်းဆီးသွားခဲ့တာပါ။

စစ်တပ်ကနေ ကျောင်းဝင်းထဲ စစ်ဆေးရာမှာ မီးသွေးမှုန့်နဲ့ ရေပိုက်တို့ကို တွေ့ရှိခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း လုပ်ဆောင်နေတာလို့ ယူဆပြီးဖမ်းဆီးသွားတာလို့ တောင်ငူမြို့ခံတဦးကပြောပါတယ်။

"သင်းအုပ်ဆရာ(၂)ယောက်နဲ့ သူ့ရဲ့ဘုရားကျောင်းက ကောင်လေး(၃)ယောက် အားလုံး(၅)ယောက် သူတို့ခေါ် သွားတယ်။ သူတို့စစ်ဆေးတာပေါ့နော်။ အမှန်တော့ဘာမှမဟုတ်ဘူး။ ဘုရားကျောင်းကလေ တောရွာတွေမှာ ရေမသန့်လို့ လေ ရေသန့်လုပ်တယ်မဟုတ်လား။ ပိုက်တို့ မီးသွေးထောင်း၊ မီးသွေးအကြွေ အဲတာတွေတွေ့ လို့လေ။ ကျွန်တော် ထင်တာက PDFက လက်လုပ်တယ်ဆိုပြီးတော့ သွားစစ်တာထင်တယ်။ စစ်တာပေါ့။"

၎င်းဖမ်းဆီးခံရသူ ၅ ဦးမှာ ဘွဲမိုဘွာ သာသနာနယ်မှ ဘာသာရေး ဆရာ ၂ ဦးနဲ့ မိသားစုဝင်၂ ဦးအပါအဝင် ဆေးကုဖို့ သာသနာဝင်းအတွင်း လာရောက်တည်းခိုတဲ့ ဧည့်သည် သင်းထောက်တစ်ဦးလည်း ပါဝင်နေပါတယ်။

မြန်မာစစ်တပ်က ဝင်ရောက် ဖမ်းဆီးမှုအတွင်း နှိပ်စက်ခံရတဲ့ဖြစ်စဉ်ရှိကြောင်း သာသနာဝန်ထမ်းတဦးက ပြောပါတယ်။

"မီးသွေးမှုန့်လေးတွေ့တာနဲ့အဲတာ ကျွန်တော်တို့ကို ယမ်းဆိုပြီးတော့ပြောလို့ အနေအထားမျိုးနဲ့ ကျွန်တော်တို့လူ တွေကို ခေါ်သွားတာတော့ရှိတယ်ဗျ။ (၂၇)ရက်နေ့ည(၁၁)နာရီကျော်မှာဝင်စီးတဲ့ပုံစံမျိုးနဲ့ ဟို မနက် (၂)နာရီကျော် လောက်မှ ပြန်ထွက်သွားပါတယ်။ မစ်ရှင်ဝန်းကျင်မှာ အဲဒီလို ကန်ကျောက်တာတွေလုပ်တာတွေ ကျွန်တော်တို့ တမျိုးခံစားရတာပေါ့ဗျာ။ ဆရာတော်တွေ၊ သာသနာဝန်ထမ်းတွေနေတဲ့နေရာကို အဲဒီလို သေနတ်နဲ့ ဘာနဲ့ကျတော့ ဝင်လာပြီးတော့ ဝိုင်းပြီးတော့ ဒီအဆောက်အဦးတွေ ဝင်စစ်တယ်။ နောက်ပြီးတော့ သော့ခတ်ထားတဲ့ ရုံးခန်းတွေ ဆိုလို့ရှိရင် ရိုက်ဖျက်လိုက်တာပေါ့နော်။"

ဇွန်လ (၂၇)ရက်နေ့ ညပိုင်းမှာ တောင်ငူမြို့က ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းထဲ စစ်တပ်က ဝင်ရောက်စီးနင်းပြီး စစ်ဆေးရာမှာ မီးသွေးမှုန့်၊ သဲ ရေသန့်စင်တဲ့အမှုန့်၊ ရေပိုက်၊ ဝိုင်ယာကြိုးအပိုင်းစတွေတွေ့လို့ ဖောက်ခွဲရေး လုပ် ဆောင်တာလို့ ယူဆပြီး ဇွန်လ (၂၈)မနက်အစောပိုင်းအချိန်မှာ ဘာသာရေးဆရာ(၂)ဦး အဖွဲ့ဝင်(၃)ဦးစုစုပေါင်း (၅) ဦး ကို ဖမ်းဆီးသွားခဲ့တာပါ။

အဆိုပါ သာသာနာဝင်းအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးတဲ့ညမှာ ရဲနှင့်စစ်သား အယောက် ၅၀ ကျော်ပါဝင်သလို ဖမ်းဆီးခံရသူတွေကို စစ်ဆေးမေးမြန်းရာမှာလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အပြင် သာသနာပစ္စည်း အချို့လည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သာသနာဝန်ထမ်းတွေကပြောပါတယ်။

XS
SM
MD
LG