သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထက်လွှတ်တော်အမတ် Mitch McConnell ကို ဒီမိုကရေစီပံ့ပိုးကူညီမှုဆု ချီးမြှင့်


Congress Ukraine
Congress Ukraine

မြန်မာ့ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ မပြတ်ထောက်ခံလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကင် ခေါင်းဆောင် Mitch McConnell ကို ဇွန်လ ၁၃ ရက် ကြာသပတေးနေ့မှာ ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ၂၀၂၄ ခုနှစ်အတွက် ဒီမိုကရေစီ ပံ့ပိုးကူညီမှု ဂုဏ်ထူးဆောင်တံဆိပ် (Democracy Service Medal Honorees) ချီးမြှင့်လိုက်ပါတယ်။

အမေရိကန်နိုင်ငံရေးသမားတွေထဲမှာ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြတ်ပြတ်သားသား ထောက်ခံခဲ့တဲ့ Mitch McConnell ကို ဆုပေးပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပေးအပ်ချီးမြှင့်ခဲ့တာပါ။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက ထောက်ခံမှုပေးထားတဲ့ Burma Act ပြဌာန်းချက်မှာ မြန်မာ့ဒီမိုကရေစီရေး အတွက် ရန်ပုံငွေနဲ့နည်းပညာ အထောက်အကူတွေပေးဖို့၊ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ PDF အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်သွယ်ပြီး လက်နက်မဟုတ်တဲ့ အကူညီတွေပေးရေး အကောင်ထည် ဖေါ်လာအောင် အမေရိကန်အစိုးရကို ဦးဆောင် တိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် Mitch McConnell ဟာ မြန်မာ့အရေးကို အစဉ်တစိုက် တွန်းအားပေးလုပ်ဆောင်ခဲ့သူ အမေရိကန်အမတ်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေတွေကြောင့် နိုင်ငံ တကာက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြစ်တင်နေချိန်မျိုးမှာ သူဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ရပ်တည် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကနေ ယူကရိန်းအရေးအထိ ကမ္ဘာတဝန်း ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ဦးဆောင်လှုပ်ရှားသူတွေကို ထောက်ခံရာမှာ ထင်ရှားတဲ့ Mitch McConnell ဟာ အမေရိကန်ရဲ့ သြဇာအရှိဆုံး ရီပတ်ဘလစ်ကန် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ပြီး အမေရိကန်သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး Kenturky ပြည်နယ် အထက်လွှတ်တော် အမတ်လည်း ဖြစ်ပါတယ်။

အခု NED က ၂၀၂၄ အတွက် ပေးအပ်တဲ့ ဒီမိုကရေစီ ပံ့ပိုးကူညီမှု ဂုဏ်ထူးဆောင်ဆုကို Mitch McConnell နဲ့အတူ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Nancy Pelosi ၊ ရုရှား၊ တိဘက်နဲ့ ဘယ်လာရုစ်နိုင်ငံတွေက ဒီမိုကရေစီ ခေါင်းဆောင် ၄ ဦးလည်း ဂုဏ်ပြုချီးမြှင့် ခံရတာပါ။

ကန်အထက်လွှတ်တော်အမတ် Mitch McConnell ကို ဒီမိုကရေစီပံ့ပိုးကူညီမှုဆု ချီးမြှင့်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG