သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နယ်စပ်ခြံစည်းရိုးခတ်မယ့် အိန္ဒိယအစီအစဉ် မီဇိုးရမ်းပြည်နယ်ဝန်ကြီးချုပ် ကန့်ကွက်


အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၁)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၁)

မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတလျှောက်မှာ ခြံစည်းရိုးခတ်မယ့် အိန္ဒိယအစိုးရရဲ့ အစီအစဉ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ မြန်မာနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ပြည်နယ်တခုဖြစ်နဲ့ မီဇိုးရမ်းပြည်နယ် ဝန်ကြီးချုပ် Lalduhoma (လားလ် ဒူအောမာ) က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar ကို ပြောကြားလိုက်ကြောင်း အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ပြည်နယ် ၄ ခုက ဒေသခံတွေအနေနဲ့ Free Movement Regime လို့ခေါ်တဲ့ နှစ်ပေါင်း ၄၀ ကျော် အတားအဆီးမရှိ နယ်စပ်ကို ဖြတ်သန်း သွားလာခွင့်ရှိခဲ့တဲ့ အစဉ်အလာကို ဖျက်ပြီး နယ်စပ်တလျှောက် ခြံစည်းရိုး ခတ်မယ်လို့ အိန္ဒိယအစိုးရက ကြေညာအပြီး ၂ ရက်အကြာ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar နဲ့ ဇန်နဝါရီလ ၃ ရက်နေ့က နယူးဒေလီမြို့မှာ တွေ့ဆုံစဉ် မီဇိုးရမ်းပြည်နယ် ဝန်ကြီးချုပ်က အဲဒီလို ပြောကြားလိုက်တာပါ။

ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှတို့က မီဇိုးလူမျိုးတွေကို မြန်မာနိုင်ငံထဲက ဖဲ့ထုတ်ပြီး အိန္ဒိယဘက်အခြမ်းနဲ့ ပေါင်းပေးခဲ့ကြောင်း၊ သမိုင်းကြောင်းအရ အတူရှိနေခဲ့ကြတဲ့ မီဇိုးလူမျိုးတွေကို နှစ်ခြမ်း ခွဲထုတ်ပစ်ခဲ့ကြောင်း၊ မီဇိုးတွေဟာ အုပ်ချုပ်မှုစံနစ်တခုထဲအောက်မှာ သီးခြား နိုင်ငံတခုအဖြစ် ရပ်တည်နိုင်ဖို့ တောက်လျှောက် အိပ်မက် မက်ခဲ့တာကြောင့် အခုလို ခြံစည်းခတ်မယ့်အစီအစဉ်ကို လက်မခံနိုင်ကြောင်း ဝန်ကြီးချုပ် Lalduhoma (လားလ် ဒူအောမာ) က ပြောပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ သီးခြား တွေ့ဆုံစဉ်မှာလည်း သူ့ရဲ့ အလားတူ အမြင် သဘောထားကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်တွေအတွင်း ပြဌာန်းခဲ့တာဖြစ်ပြီး အဲဒီ ဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ဒေသခံတွေအနေနဲ့ တဘက် တချက်စီရဲ့ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီး ဝင်ရောက် သွားလာခွင့် ပြုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG