သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က ထွက်ပြေးလာသူတွေကို အိန္ဒိယ အတင်းအကျပ် ပြန်ပို့မည်မဟုတ်


အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့မှာတွေ့ရတဲ့ အိန္ဒိယအလံ (မတ် ၁၅၊ ၂၀၂၁)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့မှာတွေ့ရတဲ့ အိန္ဒိယအလံ (မတ် ၁၅၊ ၂၀၂၁)

မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံနေကြသူတွေကို လောလောဆယ် အတင်းပြန်မပို့ပါဘူးလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma (လလ် ဒူ အောမာ) ကိုအာမခံခဲ့တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ရပြီး ပုံမှန် မဖြစ်သရွေ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့မှာ မဟုတ်ဘူးလို့ ဝန်ကြီး Amit Shah ကပြောကြားခဲ့ပါတယ်။

မကြာခင်ကမှ ရွေးကောက်ခံခဲ့ရတဲ့ ပြည်နယ်ဝန်ကြီးချုပ် Lalduhoma (လလ် ဒူ အောမာ) ဟာ နယူးဒေလီမြို့တော်မှာ ဝန်ကြီးချုပ် Narendra Modi နဲ့လည်း ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က ချင်းလူမျိုးတွေနဲ့ အိန္ဒိယဘက်က မီဇိုးလူမျိုးတွေဆိုတာ ညီအကိုသွေးရင်းတွေ ဖြစ်ကြပြီး နယ်စပ်မျဉ်းနဲ့ ခွဲခြားလို့ မရဘူးလို့ မီဇိုရိမ်ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးချုပ် Modi ကိုပြောခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာဘက်က ဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးဖို့ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်ကို အရင်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga ကလည်း ကန့်ကွက် လက်ခံခဲ့ခြင်းမရှိပါဘူး။ မီဇိုးတွေနဲ့ မျိုးနွယ်စုတခုထဲဖြစ်တဲ့ ချင်းလူမျိုးတွေကို လူသားချင်းစာနာပြီး မီဇိုရမ်ပြည်နယ်မှာ ဆက်လက်ခိုလှုံခွင့်ပေးထားမှာဖြစ်တယ်လို့ သူကပြောခဲ့တာဖြစ်ပါတယ်။

မြန်မာဘက်က ထွက်ပြေးလာသူတွေကို အိန္ဒိယ အတင်းအကျပ် ပြန်ပို့မည်မဟုတ်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG