သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

MMA အားကစားသမား ဖိုးေသာ္ လက္လုပ္မိုင္းလုပ္မႈနဲ႔ စြပ္စြဲဖမ္းဆီးခံရ


၂၀၁၆ ခုႏွစ္တုန္းက ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားကြင္းမွာ ေတြ႔ရတဲ့ MMA အားကစားသမား ဖိုးေသာ္။ (မတ္ ၁၈၊ ၂၀၁၆)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ေက်ာ္ၾကားတဲ့ သိုင္းေပါင္းစံု MMA အားကစားသမားတေယာက္ျဖစ္သူ ဖိုးေသာ္ဟာ ေဖာက္ခဲြေရးပစၥည္းလုပ္ဖုိ႔ ႀကိဳးစားစဥ္ ေပါက္ကြဲၿပီး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ စစ္ေကာင္စီက ေျပာပါတယ္။

ေပါက္ကဲြမႈေၾကာင့္ ဖိုးေသာ္ရဲ႕ ခႏၶာကိုယ္အႏွံ႔ ဗံုးစေတြ ထိမွန္ခဲ့ၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္ထဲက ေမဓါဝီေဆး႐ံုမွာ ေဆးကုသမႈခံယူေနစဥ္ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

သူဖြင့္ထားတဲ့ ဗဟန္းၿမိဳ႕နယ္ နတ္ေမာက္လမ္း ဗိုလ္ခ်ဳပ္ပန္းၿခံထဲက Team PT အားကစားခန္းမွာ လက္လုပ္မိုင္းလုပ္ရင္း ေပါက္ကြဲခဲ့တယ္လို႔ ျမဝတီ႐ုပ္သံမွာ ထုတ္လႊင့္ခဲ့ပါတယ္။

ဒီေပါက္ကြဲမႈနဲ႔ ဆက္စပ္ၿပီး ေနာက္ထပ္ လူငယ္ ၃ ေယာက္ကိုလည္း ဖမ္းဆီးထားပါတယ္။

ဖိုးေသာ္ကို ေဆး႐ံုလိုက္ပို႔တဲ့ကားထဲမွာ လက္လုပ္မိုင္းတလံုးကို ေတြ႔ရသလို Team PT အားကစားခန္းမွာ ပစၥတိုေသနတ္တလက္နဲ႔ က်ည္ဆံေတြ၊ ေဖာက္ခဲြေရးပစၥည္းေတြလုပ္ႏိုင္တဲ့ ပစၥည္းေတြကို ႐ွာေတြ႔တယ္လို႔လည္း စစ္ေကာင္စီရဲ႕ သတင္းထဲမွာေျပာထားပါတယ္။

ဖိုးေသာ္ဟာ Mixed Martial Arts လို႔ေခၚတဲ့ သိုင္းေပါင္းစံုကစားနည္းကို Team PT အားကစားခန္းမွာ သင္ၾကားေပးေနသူျဖစ္ပါတယ္။ သူဟာ MMA One Championship ၿပိဳင္ပြဲမွာလည္း ဝင္ၿပိဳင္ခဲ့ဖူးပါတယ္။

[Unicode Version]

MMA အားကစားသမား ဖိုးသော် လက်လုပ်မိုင်းလုပ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ သိုင်းပေါင်းစုံ MMA အားကစားသမားတယောက်ဖြစ်သူ ဖိုးသော်ဟာ ဖောက်ခွဲရေးပစ္စည်းလုပ်ဖို့ ကြိုးစားစဉ် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဖိုးသော်ရဲ့ ခန္ဓာကိုယ်အနှံ့ ဗုံးစတွေ ထိမှန်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်ထဲက မေဓါဝီဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူဖွင့်ထားတဲ့ ဗဟန်းမြို့နယ် နတ်မောက်လမ်း ဗိုလ်ချုပ်ပန်းခြံထဲက Team PT အားကစားခန်းမှာ လက်လုပ်မိုင်းလုပ်ရင်း ပေါက်ကွဲခဲ့တယ်လို့ မြဝတီရုပ်သံမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူငယ် ၃ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

ဖိုးသော်ကို ဆေးရုံလိုက်ပို့တဲ့ကားထဲမှာ လက်လုပ်မိုင်းတလုံးကို တွေ့ရသလို Team PT အားကစားခန်းမှာ ပစ္စတိုသေနတ်တလက်နဲ့ ကျည်ဆံတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေလုပ်နိုင်တဲ့ ပစ္စည်းတွေကို ရှာတွေ့တယ်လို့လည်း စစ်ကောင်စီရဲ့ သတင်းထဲမှာပြောထားပါတယ်။

ဖိုးသော်ဟာ Mixed Martial Arts လို့ခေါ်တဲ့ သိုင်းပေါင်းစုံကစားနည်းကို Team PT အားကစားခန်းမှာ သင်ကြားပေးနေသူဖြစ်ပါတယ်။ သူဟာ MMA One Championship ပြိုင်ပွဲမှာလည်း ဝင်ပြိုင်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG