သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဦးဖုန္ၾကားရွင္ကြယ္လြန္သြားေပမယ့္ MNDAA ကိုးကန႔္အဖြဲ႔ မူဝါဒ ေျပာင္းမွာမဟုတ္ 


ရွမ္းျပည္ေျမာက္ပိုင္း ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ PengJiasheng, ဦးဖုန္ၾကားရွင္ (Photo: The Kokang)


[[Zawgyi/Unicode]]

ကိုးကန႔္ေခါင္းေဆာင္ ဦးဖုန္ၾကားရွင္ ကြယ္လြန္သြားေပမယ့္ MNDAA ေခၚ ကိုးကန႔္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔မွာ မူဝါဒ အေျပာင္းအလဲရွိမွာမဟုတ္ဘူးလို႔ MNDAA ရဲ႕ ျပန္ၾကားေရးအဖြဲ႔ဝင္တဦးက ဗြီအိုေအကိုေျပာပါတယ္။ ျမန္မာႏိုင္ငံက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြထဲမွာ ျမန္မာစစ္တပ္နဲ႔ ပထမဆုံး ၿငိမ္းခ်မ္းေရးသေဘာတူခဲ့ၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရယူခဲ့တဲ့ ကိုးကန႔္ေခါင္းေဆာင္ရဲ႕ဈာပနအခမ္းအနားကိုေတာ့ ေနာက္လ ၃ ရက္ေန႔က်ရင္ မိုင္းလားၿမိဳ႕မွာက်င္းပဖို႔ စီစဥ္ေနပါတယ္။ ကိုးကန႔္ေခါင္းေဆာင္ ဖုန္ၾကားရွင္ရဲ႕ ဈာပနသတင္း ရန္ကုန္က ေပးပို႔ထားတာကို ဦးသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

MNDAA ေခၚ ျမန္မာအမ်ိဳးသား ဒီမိုကေရစီမဟာမိတ္တပ္မေတာ္ကို တည္ေထာင္သူ ဦးဖုန္ၾကားရွင္ဟာ အသက္ ၉၄ ႏွစ္အ႐ြယ္မွာ ဗုဒၶဟူးေန႔မနက္ပိုင္းက ကြယ္လြန္ခဲ့ပါတယ္။ သူဦးေဆာင္တဲ့ကိုးကန႔္အဖြဲ႔ဟာ လက္နက္ကိုင္ တိုင္းရင္းသားအဖြဲ႔ေတြထဲမွာ ျမန္မာစစ္တပ္နဲ႔ ပထမဆုံး ၿငိမ္းခ်မ္းေရးသေဘာတူခဲ့ၿပီး နဝတ စစ္အစိုးရလက္ထက္မွာ ရွမ္းျပည္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထူးေဒသ ၁ ျဖစ္လာေအာင္ ေဆာင္႐ြက္ခဲ့ပါတယ္။
ဦးဖုန္ၾကားရွင္ကြယ္လြန္သြားေပမယ့္ MNDAA ရဲ႕ ႏိုင္ငံေရးလမ္းစဥ္ေတြ၊ မူဝါဒေတြ အေျပာင္းအလဲရွိမွာမဟုတ္ဘူးလို႔ MNDAA ရဲ႕ ျပန္ၾကားေရးအဖြဲ႔ဝင္ ကိုရန္ဖန္းက ဗြီအိုေအကို ေျပာပါတယ္။

“ဒီမူဝါဒတို႔ ေပၚလစီတို႔ကေတာ့ လုံးဝ အေျပာင္းအလဲရွိမွာ မဟုတ္ဘူးေပါ့ေနာ။ နဂိုအတိုင္းပဲ ဆက္သြားၾကမယ္။ ဘာလို႔လဲဆိုေတာ့ ဥကၠ႒ေဟာင္းႀကီးကလည္း အနားယူတာလည္း ၾကာၿပီေလ။ က်ေနာ္တို႔ လမ္းစဥ္တို႔၊ မူဝါဒ ေပၚလစီတို႔က လုံးဝ အေျပာင္းအလဲရွိမွာ မဟုတ္ဘူးဗ်။ ”

တ႐ုတ္ျမန္မာနယ္စပ္အေရး ေလ့လာသူ ေဒါက္တာလွေက်ာ္ေဇာကလည္း အလားတူပဲ သုံးသပ္ပါတယ္။

“သိပ္ေတာ့ ေျပာင္းလဲစရာမရွိဘူးထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဥကၠ႒ဖုန္ၾကားရွင္က အစတည္းက သူက ဂုဏ္ထူးေဆာင္နာယက အေနနဲ႔ပဲ ေနတာျဖစ္တာကိုးေနာ။ သူလည္း က်န္းမာေရးမေကာင္းေတာ့ MNDAA တို႔ ဘာတို႔မွာ လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ားကို လႊဲထားၿပီလို႔ ထင္ရတာပဲ။”

ဦးဖုန္ၾကားရွင္ဟာ ကိုးကန႔္တိုင္းရင္းသားေတြ တိုးတက္ေရး ေဆာင္႐ြက္ေပးခဲ့တဲ့ ေခါင္းေဆာင္ႀကီးတေယာက္ျဖစ္တယ္လို႔ ကိုးကန႔္တိုင္းရင္းသားေတြက သတ္မွတ္ၾကေပမယ့္ သူဟာ မူးယစ္ေဆး၊ လက္နက္ေမွာင္ခို စတဲ့ကိစၥေတြနဲ႔ စြပ္စြဲ သတ္မွတ္ခံရတာ ေတြလည္း ရွိခဲ့ပါတယ္။

ေဒါက္တာလွေက်ာ္ေဇာက ဦးဖုန္ၾကားရွင္ရဲ႕ အားသာခ်က္၊ အားနည္းခ်က္အေပၚ သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“ကိုးကန႔္အမ်ိဳးသားေတြဘက္က ၾကည့္ရင္ေတာ့ ကိုးကန႔္အမ်ိဳးသားေတြအေပၚမွာ သူက တာဝန္ယူစိတ္လည္း ရွိတယ္။ မ်ိဳးခ်စ္စိတ္လည္း ရွိတယ္ေပ့ါဗ်ာ။ အဲလိုေျပာလို႔ ရတာေပါ့။ တဘက္ကၾကည့္ရင္လည္း စီးပြားေရးလုပ္ငန္းေတြ ဘာေတြ ဘက္က်ေတာ့လည္း ဘာလုပ္ငန္းပဲျဖစ္ျဖစ္ေပါ့ စီးပြားေရးအရ ေငြရွာလို႔လြယ္ရင္ လြယ္သလို လုပ္ တာေတြေတာ့ ရွိတာေပ့ါ။ ဘိန္းေတြ ဘာေတြ အေစာပိုင္းကေတာ့ လုပ္ခဲ့တာေပါ့။ ေနာက္ပိုင္းက်ေတာ့လည္း ဘိန္းပေပ်ာက္ေရးတို႔ ဘာတို႔လည္း လုပ္ပါတယ္။ အဲေတာ့ သူ႔ လူမ်ိဳးဘက္ကၾကည့္ေတာ့ ကိုးကန႔္လူမ်ိဳးေတြအေပၚမွာ အေတာ္ခ်စ္ခင္ၿပီးေတာ့ ကိုးကန႔္လူမ်ိဳးေတြ တစုံတရာ တိုးတက္ရာ တိုးတက္ေၾကာင္း လုပ္ခဲ့ေပးတဲ့ မ်ိဳးခ်စ္ပုဂၢိဳလ္ႀကီးေပါ့ဗ်ာ။ ”

ကိုးကန႔္အဖြဲ႔ရဲ႕ ဈာပနက်င္းပေရးေကာ္မတီ ထုတ္ျပန္ခ်က္မွာေတာ့ ဦးဖုန္ၾကားရွင္ ကြယ္လြန္သြားတဲ့အတြက္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရး၊ ကိုးကန႔္တိုင္းရင္းသား လြတ္ေျမာက္ေရးလုပ္ငန္းေတြအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔က ကြယ္လြန္သြားတဲ့ ဦးဖုန္ၾကားရွင္အတြက္ ေလာေလာဆယ္ ကိုးကန႔္႐ိုးရာအရ ဂါရဝျပဳအစီအစဥ္ ေတြေဆာင္႐ြက္ေနၿပီး ဈာပနကိုေတာ့ မတ္လ ၃ ရက္ေန႔ မိုင္းလားၿမိဳ႕မွာ က်င္းပဖို႔ စီစဥ္ေနတယ္လို႔ MNDAA ရဲ႕ ျပန္ၾကားေရး အဖြဲ႕ဝင္ ကိုရန္ဖန္းက ေျပာပါတယ္။

“ဥကၠ႒ႀကီးရဲ႕ ဈာပနအခမ္းအနားကိုေတာ့ ေနာက္လ ၃ ရက္ေန႔ ဝန္းက်င္ေလာက္ေတာ့ က်င္းပမယ္ေတာ့ စီစဥ္ထားတာေပါ့ေနာ္။ ေနာက္လ ၃ ရက္ေန႔။ သၿဂၤဳိဟ္မွာကေတာ့ ၇ ရက္ေန႔မွာ သၿဂၤဳိဟ္မယ္။ ေနရာကေတာ့ မိုင္းလားမွာပဲေလ ေနာ။ ဒီအေတာအတြင္းမွာေတာ့ ကိုးကန႔္ ႐ိုးရာအစီအစဥ္ေတြနဲ႔ အဲဒီ ၃ ရက္ေန႔အထိေတာ့ ၾကာမယ္ေပါ့ေနာ။”

ဦးဖုန္ၾကားရွင္ဟာ ကိုးကန႔္ေစာ္ဘြားလက္ထက္မွာကတည္းက ကိုးကန႔္ကာကြယ္ေရးတပ္ကို ဦးေဆာင္ခဲ့သူတဦးျဖစ္ပါတယ္။

၁၉၅၉ ခုႏွစ္မွာ ေစာ္ဘြားက အာဏာစြန႔္ခဲ့ၿပီးတဲ့ေနာက္ အစိုးရကိုေတာ္လွန္ခဲ့ၿပီး ၁၉၆၇-၆၈ ေလာက္မွာ ဗမာျပည္ကြန္ျမဴနစ္ပါတီ ရဲ႕ စည္း႐ုံးမႈေအာက္ ကိုးကန႔္ေဒသတပ္မႈးျဖစ္လာခဲ့ပါတယ္။ ၁၉၈၉ ခုႏွစ္မွာေတာ့ ဗမာျပည္ကြန္ျမဴနစ္ပါတီက ခြဲထြက္ၿပီး MNDAA ေခၚ ျမန္မာ အမ်ိဳးသား ဒီမိုကေရစီမဟာမိတ္တပ္မေတာ္ကို တည္ေထာင္ခဲ့သလို ျမန္မာစစ္အစိုးရနဲ႔လည္း ၿငိမ္းခ်မ္းေရးရယူၿပီး ရွမ္းျပည္ေျမာက္ပိုင္း အထူးေဒသ (၁) ေခါင္းေဆာင္ ျဖစ္လာခဲ့ ပါတယ္။

၂၀၀၉ ခုႏွစ္မွာ နယ္ျခားေစာင့္တပ္ဖြဲ႔စည္းေရးကို ျငင္းဆန္ခဲ့တဲ့ေနာက္ စစ္အစိုးရနဲ႔ တိုက္ပြဲေတြျဖစ္ခဲ့ခ်ိန္မွာ ဖုန္ၾကားရွင္ဟာ ကိုးကန႔္ေဒသက ထြက္ခြာခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ကိုးကန႔္ေဒသကို ကိုးကန႔္အဖြဲ႔ဘက္က ျပန္လည္ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ MNDAA ကို ဦးဖုန္ၾကားရွင္ရဲ႕သား ဖုန္တာ႐ႊင္က ဦးေဆာင္ေနၿပီး မုံးကိုး၊ ေဖာင္းဆိုင္ေဒသေတြမွာ တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနဆဲ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဦးဖုန်ကြားရှင်ကွယ်လွန်သွားပေမယ့် MNDAA ကိုးကန့်အဖွဲ့ မူဝါဒ ပြောင်းမှာမဟုတ်

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်သွားပေမယ့် MNDAA ခေါ် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာ မူဝါဒ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ MNDAA ရဲ့ ပြန်ကြားရေးအဖွဲ့ဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ မြန်မာစစ်တပ်နဲ့ ပထမဆုံး ငြိမ်းချမ်းရေးသဘောတူခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူခဲ့တဲ့ ကိုးကန့်ခေါင်းဆောင်ရဲ့ဈာပနအခမ်းအနားကိုတော့ နောက်လ ၃ ရက်နေ့ကျရင် မိုင်းလားမြို့မှာကျင်းပဖို့ စီစဉ်နေပါတယ်။ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ ဈာပနသတင်း ရန်ကုန်က ပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

MNDAA ခေါ် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်ကို တည်ထောင်သူ ဦးဖုန်ကြားရှင်ဟာ အသက် ၉၄ နှစ်အရွယ်မှာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ကွယ်လွန်ခဲ့ပါတယ်။ သူဦးဆောင်တဲ့ကိုးကန့်အဖွဲ့ဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေထဲမှာ မြန်မာစစ်တပ်နဲ့ ပထမဆုံး ငြိမ်းချမ်းရေးသဘောတူခဲ့ပြီး နဝတ စစ်အစိုးရလက်ထက်မှာ ရှမ်းပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၁ ဖြစ်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။
ဦးဖုန်ကြားရှင်ကွယ်လွန်သွားပေမယ့် MNDAA ရဲ့ နိုင်ငံရေးလမ်းစဉ်တွေ၊ မူဝါဒတွေ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ MNDAA ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်ဖန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီမူဝါဒတို့ ပေါ်လစီတို့ကတော့ လုံးဝ အပြောင်းအလဲရှိမှာ မဟုတ်ဘူးပေါ့နော။ နဂိုအတိုင်းပဲ ဆက်သွားကြမယ်။ ဘာလို့လဲဆိုတော့ ဥက္ကဋ္ဌဟောင်းကြီးကလည်း အနားယူတာလည်း ကြာပြီလေ။ ကျနော်တို့ လမ်းစဉ်တို့၊ မူဝါဒ ပေါ်လစီတို့က လုံးဝ အပြောင်းအလဲရှိမှာ မဟုတ်ဘူးဗျ။ ”

တရုတ်မြန်မာနယ်စပ်အရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း အလားတူပဲ သုံးသပ်ပါတယ်။

“သိပ်တော့ ပြောင်းလဲစရာမရှိဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥက္ကဋ္ဌဖုန်ကြားရှင်က အစတည်းက သူက ဂုဏ်ထူးဆောင်နာယက အနေနဲ့ပဲ နေတာဖြစ်တာကိုးနော။ သူလည်း ကျန်းမာရေးမကောင်းတော့ MNDAA တို့ ဘာတို့မှာ လုပ်ငန်းတွေ တော်တော်များများကို လွှဲထားပြီလို့ ထင်ရတာပဲ။”

ဦးဖုန်ကြားရှင်ဟာ ကိုးကန့်တိုင်းရင်းသားတွေ တိုးတက်ရေး ဆောင်ရွက်ပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတယောက်ဖြစ်တယ်လို့ ကိုးကန့်တိုင်းရင်းသားတွေက သတ်မှတ်ကြပေမယ့် သူဟာ မူးယစ်ဆေး၊ လက်နက်မှောင်ခို စတဲ့ကိစ္စတွေနဲ့ စွပ်စွဲ သတ်မှတ်ခံရတာ တွေလည်း ရှိခဲ့ပါတယ်။

ဒေါက်တာလှကျော်ဇောက ဦးဖုန်ကြားရှင်ရဲ့ အားသာချက်၊ အားနည်းချက်အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကိုးကန့်အမျိုးသားတွေဘက်က ကြည့်ရင်တော့ ကိုးကန့်အမျိုးသားတွေအပေါ်မှာ သူက တာဝန်ယူစိတ်လည်း ရှိတယ်။ မျိုးချစ်စိတ်လည်း ရှိတယ်ပေ့ါဗျာ။ အဲလိုပြောလို့ ရတာပေါ့။ တဘက်ကကြည့်ရင်လည်း စီးပွားရေးလုပ်ငန်းတွေ ဘာတွေ ဘက်ကျတော့လည်း ဘာလုပ်ငန်းပဲဖြစ်ဖြစ်ပေါ့ စီးပွားရေးအရ ငွေရှာလို့လွယ်ရင် လွယ်သလို လုပ် တာတွေတော့ ရှိတာပေ့ါ။ ဘိန်းတွေ ဘာတွေ အစောပိုင်းကတော့ လုပ်ခဲ့တာပေါ့။ နောက်ပိုင်းကျတော့လည်း ဘိန်းပပျောက်ရေးတို့ ဘာတို့လည်း လုပ်ပါတယ်။ အဲတော့ သူ့ လူမျိုးဘက်ကကြည့်တော့ ကိုးကန့်လူမျိုးတွေအပေါ်မှာ အတော်ချစ်ခင်ပြီးတော့ ကိုးကန့်လူမျိုးတွေ တစုံတရာ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ခဲ့ပေးတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ ”

ကိုးကန့်အဖွဲ့ရဲ့ ဈာပနကျင်းပရေးကော်မတီ ထုတ်ပြန်ချက်မှာတော့ ဦးဖုန်ကြားရှင် ကွယ်လွန်သွားတဲ့အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ကိုးကန့်တိုင်းရင်းသား လွတ်မြောက်ရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကွယ်လွန်သွားတဲ့ ဦးဖုန်ကြားရှင်အတွက် လောလောဆယ် ကိုးကန့်ရိုးရာအရ ဂါရဝပြုအစီအစဉ် တွေဆောင်ရွက်နေပြီး ဈာပနကိုတော့ မတ်လ ၃ ရက်နေ့ မိုင်းလားမြို့မှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ MNDAA ရဲ့ ပြန်ကြားရေး အဖွဲ့ဝင် ကိုရန်ဖန်းက ပြောပါတယ်။

“ဥက္ကဋ္ဌကြီးရဲ့ ဈာပနအခမ်းအနားကိုတော့ နောက်လ ၃ ရက်နေ့ ဝန်းကျင်လောက်တော့ ကျင်းပမယ်တော့ စီစဉ်ထားတာပေါ့နော်။ နောက်လ ၃ ရက်နေ့။ သြင်္ဂိုဟ်မှာကတော့ ၇ ရက်နေ့မှာ သြင်္ဂိုဟ်မယ်။ နေရာကတော့ မိုင်းလားမှာပဲလေ နော။ ဒီအတောအတွင်းမှာတော့ ကိုးကန့် ရိုးရာအစီအစဉ်တွေနဲ့ အဲဒီ ၃ ရက်နေ့အထိတော့ ကြာမယ်ပေါ့နော။”

ဦးဖုန်ကြားရှင်ဟာ ကိုးကန့်စော်ဘွားလက်ထက်မှာကတည်းက ကိုးကန့်ကာကွယ်ရေးတပ်ကို ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ စော်ဘွားက အာဏာစွန့်ခဲ့ပြီးတဲ့နောက် အစိုးရကိုတော်လှန်ခဲ့ပြီး ၁၉၆၇-၆၈ လောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ စည်းရုံးမှုအောက် ကိုးကန့်ဒေသတပ်မှုးဖြစ်လာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ပြီး MNDAA ခေါ် မြန်မာ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်ကို တည်ထောင်ခဲ့သလို မြန်မာစစ်အစိုးရနဲ့လည်း ငြိမ်းချမ်းရေးရယူပြီး ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) ခေါင်းဆောင် ဖြစ်လာခဲ့ ပါတယ်။

၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့တဲ့နောက် စစ်အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ချိန်မှာ ဖုန်ကြားရှင်ဟာ ကိုးကန့်ဒေသက ထွက်ခွာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကိုးကန့်ဒေသကို ကိုးကန့်အဖွဲ့ဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ MNDAA ကို ဦးဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင်က ဦးဆောင်နေပြီး မုံးကိုး၊ ဖောင်းဆိုင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ရှိနေပါတယ်။
==============

XS
SM
MD
LG