သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုးကန္႔နယ္စပ္မ်ဥ္းနား တ႐ုတ္ၿခံစည္း႐ိုးကာ


ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ႏိုဝင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ ကိုးကန္႔ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ- နယ္စပ္ ေက်ာက္တုိင္အနီးတ၀ုိက္ အပါအ၀င္ နယ္စပ္ေဒသတခ်ဳိ႕မွာ တရုတ္ႏိုင္ငံက ၿခံစည္းရိုးကာခဲ့တဲ့အတြက္ ျမန္မာဘက္က ကန္႔ကြက္ထားတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

COVID 19 ျဖစ္ပြားေနခ်ိန္မွာ ကပ္ေရာဂါ ကာကြယ္ေရး အေၾကာင္းျပခ်က္နဲ႔ တရုတ္ႏိုင္ငံဘက္က ႏွစ္ႏိုင္ငံနယ္စပ္ေနရာအခ်ိဳ႕မွာ ၿခံစည္းရိုး ခတ္တာေတြ ရိွခဲ့တာပါ။ မေန႔တုန္းကလည္း ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕နယ္က နယ္စပ္မွတ္တိုင္အမွတ္ ၁၂၅ အနီးမွာ တရုတ္ႏိုင္ငံက ၿခံစည္းရိုးကာခဲ့တဲ့အတြက္ ျမန္မာဘက္က ကန္႔ကြက္ထားေၾကာင္း ေလာက္ကိုင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေငြဒိုးက VOA ကို အခုလို ေျပာပါတယ္။

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ႏိုဝင္ဘာ ၂၃၊ ၂၀၂၀)
ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ႏိုဝင္ဘာ ၂၃၊ ၂၀၂၀)

“ေလာက္ကိုင္ၿမိဳ႕နယ္နဲ႔ တရုတ္ျပည္နယ္အစပ္ေပါ့။ ၿခံစည္းရုိးခတ္တာေပါ့။ အဲဒီနယ္စပ္မ်ဥ္းနားမွာ။ အရင္ အေၾကာင္းျပတာေတာ့ COVID 19 ေရာဂါေၾကာက္လုိ႔ေပါ့။ အရင္အေၾကာင္းျပတာက လူေတြ ခုိး၀င္မွာ စိုးလုိ႔လို႔ သိရတယ္။ က်ေနာ္တုိ႔ သြားတားတာေပါ့ဗ်ာ။ တားေတာ့ သူတုိ႔ဘက္က ႏွစ္ဘက္ေတြ႔ေပါ့။ ေတြ႔ေတာ့ နယ္ျခားေက်ာက္တိုင္ကေန ၁၀ မီတာအတြင္းကို အေဆာက္အဦးေဆာက္လုိ႔ မရဘူး။ ၿခံစည္းရိုးကာတာေတြ ဘာမွ လုပ္လုိ႔ မရဘူးလုိ႔ ေျပာေတာ့ သူတုိ႔ ျပန္ဆုတ္ေပးပါမယ္တဲ့။ သူတို႔က ျပည္ပ ဆက္ဆံေရးဌာနမွဴးဆိုတဲ့ တစ္ေယာက္လာတယ္။ သူနဲ႔ ေနာက္တစ္ေယာက္ေပါ့။ ေနာက္တစ္ေယာက္ကေတာ့ ဘာအဆင့္ရယ္လုိ႔ မသိဘူး။ ေဒသဦးစီးေပါ့။ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖဲြ႔ကေန ဟိုဘက္ကို ကန္႔ကြက္စာေတြ ထုတ္ထားတယ္။”

နယ္စပ္မွတ္တိုင္အမွတ္ ၁၂၅ အနီး ၿခံစည္းရိုးကာတာနဲ႔ ပတ္သက္ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖဲြ႔က ေဒသဦးစီး အဖဲြ႔ကို တင္ျပထားသလို ေဒသဦးစီးအဖဲြ႔ကလည္း အထက္အဆင့္ဆင့္ကို ဆက္လက္တင္ျပသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရး၀န္ၾကီးဌာန၊ ေကာင္စစ္နဲ႔ ဥပေဒေရးရာ ဦးစီးဌာနက နယ္နမိတ္ဌာန ညႊန္ၾကားေရးမွဴး ဦးသိန္းမင္းထြန္းကေတာ့ နယ္စပ္မွတ္တိုင္အမွတ္ ၁၂၅ နဲ႔ ပတ္သက္ၿပီး တင္ျပလာတာမရိွေသးေၾကာင္းနဲ႔ ေလာေလာဆယ္ တရုတ္ျမန္မာနယ္စပ္မွာ ေနရာ ၈ ေနရာေလာက္ ကန္႔ကြက္ထားတာရိွေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔ ဆီကိုေတာ့ သတင္းကေတာ့ မေရာက္လာေသးဘူးေပါ့ေနာ္။ သူတုိ႔ဆီကေန တင္ဆုိေတာ့ က်ေနာ္တုိ႔ ဆီကိုေတာ့ တစ္ရက္၊ ႏွစ္ရက္ေလာက္မွ ေရာက္လာပါတယ္။ ထံုးစံအားျဖင့္ေတာ့ က်ေနာ္တုိ႔က ဒီ ကန္႔ကြက္တယ္ဆိုတာ ႏွစ္ပိုင္းရိွတာေပါ့ေနာ္။ ေအာက္ေျခမွာ သူတုိ႔ ကန္႔ကြက္တာေတြ ရိွတယ္။ သူတို႔ဘက္ကေန အေပၚတက္လာတယ္။ တက္လာရင္ က်ေနာ္တုိ႔ကမွ တစ္ခါ ျပန္ၿပီးေတာ့မွာ ၾကည့္တယ္။ စိစစ္ၿပီးေတာ့မွ ျပန္ၿပီးေတာ့ ကန္႔ကြက္တာမ်ိဳးေတြ ရိွတာေပါ့။ က်ေနာ္တုိ႔က စာခ်ဳပ္နဲ႔ မညီရင္ ၁၀ မီတာအတြင္းမွာ ဆုိရင္ က်ေနာ္တုိ႔ ကန္႔ကြက္ပါတယ္။ တခ်ိဳ႕ဟာေတြက သူတုိ႔ ကာတယ္။ သို႔ေသာ္ စာခ်ဳပ္နဲ႔ မၿငိဘူးေပါ့ေနာ္။ မၿငိတဲ့ဟာေတြက ဘာမွ သြားလုပ္လုိ႔ မရဘူးေပါ့။ က်ေနာ္တုိ႔ ကန္႔ကြက္ထားတာေတြ ရိွပါတယ္။ ၈ ေနရာေလာက္ေတာ့ ရိွတာေပါ့ေနာ္။”

ျမန္မာႏုိင္ငံမွာ မၾကာေသးခင္လေတြကစလုိ႔ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ျမင့္တက္လာရာက နယ္စပ္အ၀င္အထြက္ေတြကုိ ကန္႔သတ္တင္းၾကပ္ထားတဲ့ တ႐ုတ္ႏုိင္ငံက အခုေနာက္ထပ္ နယ္စပ္မွာ ၿခံစည္း႐ုိးကာရံတာေတြ လုပ္လာတာပါ။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလဆန္းပိုင္းကလည္း မူဆယ္ခရိုင္၊ မန္ဟီးရိုးၿမိဳ႕နယ္ တရုတ္ျမန္မာနယ္စပ္ေဒသမွာ တရုတ္ႏိုင္ငံဘက္က ၿခံစည္းရိုးကာရံတာေတြ ရိွခဲ့တာေၾကာင့္ မူဆယ္ခရိုင္က ကန္႔ကြက္တာေတြ ရိွခဲ့သလို၂၀၁၉ ခုႏွစ္ကလည္း ခ်င္းေရႊေဟာ္နဲ႔ နမ့္ခမ္းၿမိဳ႕နယ္ဘက္ေတြမွာ နယ္စပ္အေရး အျငင္းပြားတာေတြ ျဖစ္ခဲ့ပါတယ္။

တရုတ္နဲ႔ ျမန္မာႏွစ္ႏိုင္ငံ ထိစပ္ေနတဲ့ နယ္ျခားမ်ဥ္းဟာ မိုင္ေပါင္း ၁၃၅၀ နီးပါး ရွည္လ်ားၿပီး ႏွစ္ႏိုင္ငံ နယ္နမိတ္စာခ်ဳပ္ကိုေတာ့ ၁၉၆၀ ခုႏွစ္မွာ လက္မွတ္ ေရးထုိးခဲ့ၾကတာျဖစ္ပါတယ္။ တရုတ္ျမန္မာနယ္စပ္သေဘာတူစာခ်ဳပ္အရ ၅ ႏွစ္တစ္ၾကိမ္ နယ္နိမိတ္ပူးတဲြစစ္ေဆးရမွာျဖစ္ေပမဲ့ ၁၉၉၅ ကေန စတင္ၿပီး ၂၄ ႏွစ္တုိင္ မစစ္ေဆးႏိုင္ခဲ့ပါဘူး။ ၂၀၁၈- ၂၀၁၉ခုႏွစ္ေတြအတြင္း နယ္ေျမအျငင္းပြားတာေတြ ျဖစ္ခဲ့တဲ့ေနာက္ ၂၀၁၉ ခုႏွစ္မွာ ၂ ႏိုင္ငံနယ္နိမိတ္ပူးတဲြစစ္ေဆးမႈေတြလည္း ျပန္လည္ စတင္ခဲ့ပါတယ္။

ကိုးကန္႔နယ္စပ္မ်ဥ္းနား တ႐ုတ္ၿခံစည္း႐ိုးကာ
please wait

No media source currently available

0:00 0:03:34 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုးကန့်နယ်စပ်မျဉ်းနား တရုတ်ခြံစည်းရိုးကာ

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ- နယ်စပ် ကျောက်တိုင်အနီးတဝိုက် အပါအဝင် နယ်စပ်ဒေသတချို့မှာ တရုတ်နိုင်ငံက ခြံစည်းရိုးကာခဲ့တဲ့အတွက် မြန်မာဘက်က ကန့်ကွက်ထားတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

COVID 19 ဖြစ်ပွားနေချိန်မှာ ကပ်ရောဂါ ကာကွယ်ရေး အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံဘက်က နှစ်နိုင်ငံနယ်စပ်နေရာအချို့မှာ ခြံစည်းရိုး ခတ်တာတွေ ရှိခဲ့တာပါ။ မနေ့တုန်းကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်က နယ်စပ်မှတ်တိုင်အမှတ် ၁၂၅ အနီးမှာ တရုတ်နိုင်ငံက ခြံစည်းရိုးကာခဲ့တဲ့အတွက် မြန်မာဘက်က ကန့်ကွက်ထားကြောင်း လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက VOA ကို အခုလို ပြောပါတယ်။

“လောက်ကိုင်မြို့နယ်နဲ့ တရုတ်ပြည်နယ်အစပ်ပေါ့။ ခြံစည်းရိုးခတ်တာပေါ့။ အဲဒီနယ်စပ်မျဉ်းနားမှာ။ အရင် အကြောင်းပြတာတော့ COVID 19 ရောဂါကြောက်လို့ပေါ့။ အရင်အကြောင်းပြတာက လူတွေ ခိုးဝင်မှာ စိုးလို့လို့ သိရတယ်။ ကျနော်တို့ သွားတားတာပေါ့ဗျာ။ တားတော့ သူတို့ဘက်က နှစ်ဘက်တွေ့ပေါ့။ တွေ့တော့ နယ်ခြားကျောက်တိုင်ကနေ ၁၀ မီတာအတွင်းကို အဆောက်အဦးဆောက်လို့ မရဘူး။ ခြံစည်းရိုးကာတာတွေ ဘာမှ လုပ်လို့ မရဘူးလို့ ပြောတော့ သူတို့ ပြန်ဆုတ်ပေးပါမယ်တဲ့။ သူတို့က ပြည်ပ ဆက်ဆံရေးဌာနမှူးဆိုတဲ့ တစ်ယောက်လာတယ်။ သူနဲ့ နောက်တစ်ယောက်ပေါ့။ နောက်တစ်ယောက်ကတော့ ဘာအဆင့်ရယ်လို့ မသိဘူး။ ဒေသဦးစီးပေါ့။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကနေ ဟိုဘက်ကို ကန့်ကွက်စာတွေ ထုတ်ထားတယ်။”

နယ်စပ်မှတ်တိုင်အမှတ် ၁၂၅ အနီး ခြံစည်းရိုးကာတာနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဒေသဦးစီး အဖွဲ့ကို တင်ပြထားသလို ဒေသဦးစီးအဖွဲ့ကလည်း အထက်အဆင့်ဆင့်ကို ဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်နဲ့ ဥပဒေရေးရာ ဦးစီးဌာနက နယ်နမိတ်ဌာန ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းကတော့ နယ်စပ်မှတ်တိုင်အမှတ် ၁၂၅ နဲ့ ပတ်သက်ပြီး တင်ပြလာတာမရှိသေးကြောင်းနဲ့ လောလောဆယ် တရုတ်မြန်မာနယ်စပ်မှာ နေရာ ၈ နေရာလောက် ကန့်ကွက်ထားတာရှိကြောင်း ပြောပါတယ်။

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ႏိုဝင္ဘာ ၂၃၊ ၂၀၂၀)
ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ႏိုဝင္ဘာ ၂၃၊ ၂၀၂၀)

“ကျနော်တို့ ဆီကိုတော့ သတင်းကတော့ မရောက်လာသေးဘူးပေါ့နော်။ သူတို့ဆီကနေ တင်ဆိုတော့ ကျနော်တို့ ဆီကိုတော့ တစ်ရက်၊ နှစ်ရက်လောက်မှ ရောက်လာပါတယ်။ ထုံးစံအားဖြင့်တော့ ကျနော်တို့က ဒီ ကန့်ကွက်တယ်ဆိုတာ နှစ်ပိုင်းရှိတာပေါ့နော်။ အောက်ခြေမှာ သူတို့ ကန့်ကွက်တာတွေ ရှိတယ်။ သူတို့ဘက်ကနေ အပေါ်တက်လာတယ်။ တက်လာရင် ကျနော်တို့ကမှ တစ်ခါ ပြန်ပြီးတော့မှာ ကြည့်တယ်။ စိစစ်ပြီးတော့မှ ပြန်ပြီးတော့ ကန့်ကွက်တာမျိုးတွေ ရှိတာပေါ့။ ကျနော်တို့က စာချုပ်နဲ့ မညီရင် ၁၀ မီတာအတွင်းမှာ ဆိုရင် ကျနော်တို့ ကန့်ကွက်ပါတယ်။ တချို့ဟာတွေက သူတို့ ကာတယ်။ သို့သော် စာချုပ်နဲ့ မငြိဘူးပေါ့နော်။ မငြိတဲ့ဟာတွေက ဘာမှ သွားလုပ်လို့ မရဘူးပေါ့။ ကျနော်တို့ ကန့်ကွက်ထားတာတွေ ရှိပါတယ်။ ၈ နေရာလောက်တော့ ရှိတာပေါ့နော်။”

မြန်မာနိုင်ငံမှာ မကြာသေးခင်လတွေကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာရာက နယ်စပ်အဝင်အထွက်တွေကို ကန့်သတ်တင်းကြပ်ထားတဲ့ တရုတ်နိုင်ငံက အခုနောက်ထပ် နယ်စပ်မှာ ခြံစည်းရိုးကာရံတာတွေ လုပ်လာတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကလည်း မူဆယ်ခရိုင်၊ မန်ဟီးရိုးမြို့နယ် တရုတ်မြန်မာနယ်စပ်ဒေသမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာရံတာတွေ ရှိခဲ့တာကြောင့် မူဆယ်ခရိုင်က ကန့်ကွက်တာတွေ ရှိခဲ့သလို၂၀၁၉ ခုနှစ်ကလည်း ချင်းရွှေဟော်နဲ့ နမ့်ခမ်းမြို့နယ်ဘက်တွေမှာ နယ်စပ်အရေး အငြင်းပွားတာတွေ ဖြစ်ခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်ခြားမျဉ်းဟာ မိုင်ပေါင်း ၁၃၅၀ နီးပါး ရှည်လျားပြီး နှစ်နိုင်ငံ နယ်နမိတ်စာချုပ်ကိုတော့ ၁၉၆၀ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ တရုတ်မြန်မာနယ်စပ်သဘောတူစာချုပ်အရ ၅ နှစ်တစ်ကြိမ် နယ်နိမိတ်ပူးတွဲစစ်ဆေးရမှာဖြစ်ပေမဲ့ ၁၉၉၅ ကနေ စတင်ပြီး ၂၄ နှစ်တိုင် မစစ်ဆေးနိုင်ခဲ့ပါဘူး။ ၂၀၁၈- ၂၀၁၉ခုနှစ်တွေအတွင်း နယ်မြေအငြင်းပွားတာတွေ ဖြစ်ခဲ့တဲ့နောက် ၂၀၁၉ ခုနှစ်မှာ ၂ နိုင်ငံနယ်နိမိတ်ပူးတွဲစစ်ဆေးမှုတွေလည်း ပြန်လည် စတင်ခဲ့ပါတယ်။

XS
SM
MD
LG