သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္မွာ ကိုဗစ္ကာကြယ္ေရး ကန္႔သတ္ခ်က္ေတြ ခ်မွတ္


မြန္ျပည္နယ္ မုဒံုၿမိဳ႕မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဧၿပီ ၀၉၊ ၂၀၁၇)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတဲ့ ရခုိင္ျပည္နယ္ကေန မၾကာေသးခင္ကမွာ ျပန္လာတဲ့သူတေယာက္ထံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ပုိး ကူးစက္ေနေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္ ထိေတြ႔ဆက္ဆံခဲ့သူေတြကုိ အသြားအလာေတြ ကန္႔သတ္လုိက္သလုိ၊ ေရာဂါကူးစက္မႈ ကာကြယ္တဲ့ အေနနဲ႔ လႊတ္ေတာ္မွာလည္း သတင္းသမားေတြ သတင္းယူခြင့္ ယာယီတားျမစ္ထားလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ စစ္ေတြကေန မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ကုိ ျပန္ေရာက္လာတဲ့ အသက္ ၅၅ ႏွစ္အရြယ္ အမ်ဳိးသမီးမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ေနတာ ေတြ႔ခဲ့ရၿပီးေနာက္ ထိေတြ႔ဆက္ဆံခဲ့သူေတြကုိလည္း ေစာင့္ၾကည့္စစ္ေဆးဖုိ႔ အသြားအလာေတြ ကန္႔သတ္လုိက္တာပါ။ မြန္ျပည္နယ္အျပင္ တျခားတုိင္းနဲ႔ ျပည္နယ္ေတြမွာ ထိေတြ႔ဆက္ဆံခဲ့ဖူးသူေတြကုိ လုိက္လံစုံစမ္းၿပီး ေစာင့္ၾကည့္ဖုိ႔လည္း စီစဥ္ေနတယ္လုိ႔ မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမွဴး ေဒါက္တာထြန္းေအာင္ၾကည္က ေျပာပါတယ္။

“primary contact က ဒီမွာ ဝင္ေနတဲ့ quarantine က ေဆးရုံ quarantine က ၇ ေယာက္၊ CBFQ ၃၁ ေယာက္၊ ၃၁ ေယာက္က ဒီမွာ CBFQ ဝင္တာေပါ့၊ ၅ ဦးက ရန္ကုန္ျပန္ပါသြားလို႔ ရန္ကုန္နဲ႔ ခ်ိတ္လုပ္ေနတယ္။ အဲ့ေတာ့ ဒီဘက္က မႏၱလာမင္းနဲ႔ျပန္ပါလာတယ္ေလ။ မႏၱလာမင္း ကားနဲ႔ အဲ့ဒါက ေမာ္လၿမိဳင္က ၈ ဦးရယ္၊ ရန္ကုန္ျပန္သြားတာ ၅ ဦးရယ္ဆိုေတာ့ ၁၃ ဦးရွိတယ္။ အဲ့ဒါရန္ကုန္နဲ႔ခ်ိတ္ လုပ္ေနတယ္၊ ဟိုဘက္က ရခိုင္ဘက္က သူေလယာဥ္နဲ႔ သြားထားတယ္ အဲ့ဒါေတြလည္း လမ္းခ်ိတ္လုပ္ေနပါတယ္။”

ရခုိင္ျပည္နယ္မွာ အမ်ားစုအပါအ၀င္ ၂၄ နာရီအတြင္း ျမန္မာႏုိင္ငံမွာ ကူးစက္မႈ ၁၀၀ ကုိ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက အတည္ျပဳရာမွာ ေမာ္လၿမိဳင္ၿမိဳ႕က လူနာလည္း ပါ၀င္လာခဲ့တာပါ။ ေမာ္လၿမိဳင္ၿမိဳ႕မွာ ကူးစက္မႈအတည္ျပဳခဲ့တဲ့ မေန႔ကပဲ လူနာျဖစ္သူ သြားလာခဲ့ဘူးတဲ့ ေနရာေတြကုိ ပိုးသတ္ေဆးဖ်န္းၿပီး ေနအိမ္၀န္းက်င္မွာလည္း အသြားအလာေတြကုိ ကန္႔သတ္တားျမစ္ထားတယ္လုိ႔ ေဒသခံ အေရးေပၚကယ္ဆယ္ေရး အသင္းဥကၠ႒ ဦးထြန္းေရႊက ေျပာပါတယ္။

“ဆရာမန႔ဲ ဆက္စပ္တဲ့လူေတြကို ၁၀ ၿမိဳ႕နယ္ေဆာင္ေပါ့ေနာ္ အဲ့ဒီကိုပို႔တယ္၊ ပို႔ၿပီးေတာ့ အဲ့ဒီအိမ္ေတြကို က်ေနာ္တုိ႔က ေမတၱာရပ္ခံၿပီးေတာ့ အျပင္မထြက္ၾကဖို႔ ေနာက္ရပ္ကြက္လူႀကီးကို ေခၚၿပီးတာ့ ရပ္ကြက္လူႀကီးက အဲ့ဒီအိမ္ရဲ႕ စားဝတ္ေနေရးကို ဝုိုင္းကူညီေပးဖို႔ေပ့ါေနာ္။ စီစဥ္ေပးခဲ့ပါတယ္။ ၿပီးသြားေတာ့ ပိုးသတ္ေဆး အဲ့အိမ္ပတ္ဝန္းက်င္ကို ပိုးသတ္ေဆးဖ်န္းသြားတယ္။ သူေမာ္လၿမိဳင္ေရာက္ၿပီးေတာ့ ocean သြားတယ္၊ ocean မွာ ေခါင္းေလွ်ာ္တယ္။ အဲ့ဒါက ၂၁ ရက္မွာလို႔ ၾကားတယ္ေနာ္။ ေနာက္ၿပီးေတာ့ ေစ်းႀကီးသြားတယ္၊ ေနာက္အသုဘတစ္ခုသြားတယ္။ အဲ့သလိုေပါ့ေနာ္ က်ဳိကၡမီ၊ စက္စဲတို႔ ဘာတို႔လည္း သြားလိုက္ေသးတယ္။”

လူနာသစ္တဦး အတည္ျပဳခဲ့တဲ့ေန႔မွာပဲ မြန္ျပည္နယ္လႊတ္ေတာ္ အစည္းအေဝးကို သတင္းမီဒီယာေတြ တက္ေရာက္သတင္း ရယူေနတာေတြကုိလည္း တားျမစ္လုိက္ပါတယ္။ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြနဲ႔အညီ သတင္းသမားေတြကုိ လႊတ္ေတာ္မွာ သတင္းယူခြင့္ ေပးထားေပမဲ့ အခုအခါ ကူးစက္မႈေတြ တေက်ာ့ျပန္ေတြ႔လာရတဲ့အတြက္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ကန္႔သတ္လုိက္တာလုိ႔လည္း မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒ ေဒါက္တာေအာင္ဦးက ေျပာပါတယ္။

“မေန႔ကက်ေတာ့ ပိုၿပီးေတာ့ နည္းနည္းထူးျခားတဲ့ အေနအထားမ်ဳိးျဖစ္လာတယ္ေပ့ါေနာ္၊ စစ္ေတြက ရခိုင္ျပည္နယ္ကေနျပန္လာတဲ့ ဒီဝန္ထမ္းတစ္ေယာက္ကၿပီးေတာ့ positive အေနအထားမ်ဳိးျဖစ္လာတယ္။ ၿပီးေတာ့ သူ႔ရဲ႕ ဆက္ႏြယ္တဲ့ သြားလာလႈပ္ရွာမႈေတြကလည္း သက္ဆိုင္ရာဌာနကေနၿပီးေတာ့ လိုက္လံေနဆဲလည္းျဖစ္တယ္ေပါ့ေနာ္၊ ဒီခ်ိန္မွာ က်ေနာ္တို႔ဘက္ကလည္း သိပ္အတင့္ရဲလို႔ မေကာင္းေတာ့ က်ေနာ္က ေတြးျမင္မိတယ္၊ အဲ့ဒါေၾကာင့္မို႔ တဘက္ကလည္း က်ေနာ္တို႔ လႊတ္ေတာ္အစည္းအေဝးထဲမွာ ေဆြးေႏြးတင္ျပခ်က္ေတြ အကုန္လံုးက တိုက္ရုိက္ထုတ္လႊင့္မႈလည္း လုပ္ထားေပးတယ္ဆိုေတာ့ ဒီသတင္းအဖြဲ႕ေတြအေနနဲ႔ တက္ေရာက္ၿပီးေတာ့ သတင္းရယူျခင္းကို ခဏေလာက္သည္းခံဆိုင္းငံ့ထားၾကဖို႔ဆိုေတာ့ က်ေနာ္တို႔က ပန္ၾကားခ်က္ထုတ္လိုက္တဲ့ သေဘာေပါ့ေနာ္။”

ကပ္ေရာဂါစခ်ိန္ကစလုိ႔ မြန္ျပည္နယ္မွာ အခုေနာက္ဆုံး လူနာသစ္အပါအ၀င္ အတည္ျပဳလူနာ ၈ ေယာက္ ရွိသြားပါၿပီ။ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ဒီေန႔မနက္ပုိင္း ထုတ္ျပန္ခ်က္အရ ျမန္မာတႏုိင္ငံလုံးမွာေတာ့ ေသဆုံးသူ ၆ ဦး အပါအ၀င္ ကူးစက္သူ ၅၇၄ ဦးအထိ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ရေး ကန့်သတ်ချက်တွေ ချမှတ်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်ကနေ မကြာသေးခင်ကမှာ ပြန်လာတဲ့သူတယောက်ထံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေကြောင်း အတည်ပြုခဲ့ပြီးနောက် ထိတွေ့ဆက်ဆံခဲ့သူတွေကို အသွားအလာတွေ ကန့်သတ်လိုက်သလို၊ ရောဂါကူးစက်မှု ကာကွယ်တဲ့ အနေနဲ့ လွှတ်တော်မှာလည်း သတင်းသမားတွေ သတင်းယူခွင့် ယာယီတားမြစ်ထားလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေကနေ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ပြန်ရောက်လာတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ခဲ့ရပြီးနောက် ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း စောင့်ကြည့်စစ်ဆေးဖို့ အသွားအလာတွေ ကန့်သတ်လိုက်တာပါ။ မွန်ပြည်နယ်အပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ထိတွေ့ဆက်ဆံခဲ့ဖူးသူတွေကို လိုက်လံစုံစမ်းပြီး စောင့်ကြည့်ဖို့လည်း စီစဉ်နေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။

“primary contact က ဒီမှာ ဝင်နေတဲ့ quarantine က ဆေးရုံ quarantine က ၇ ယောက်၊ CBFQ ၃၁ ယောက်၊ ၃၁ ယောက်က ဒီမှာ CBFQ ဝင်တာပေါ့၊ ၅ ဦးက ရန်ကုန်ပြန်ပါသွားလို့ ရန်ကုန်နဲ့ ချိတ်လုပ်နေတယ်။ အဲ့တော့ ဒီဘက်က မန္တလာမင်းနဲ့ပြန်ပါလာတယ်လေ။ မန္တလာမင်း ကားနဲ့ အဲ့ဒါက မော်လမြိုင်က ၈ ဦးရယ်၊ ရန်ကုန်ပြန်သွားတာ ၅ ဦးရယ်ဆိုတော့ ၁၃ ဦးရှိတယ်။ အဲ့ဒါရန်ကုန်နဲ့ချိတ် လုပ်နေတယ်၊ ဟိုဘက်က ရခိုင်ဘက်က သူလေယာဉ်နဲ့ သွားထားတယ် အဲ့ဒါတွေလည်း လမ်းချိတ်လုပ်နေပါတယ်။”

ရခိုင်ပြည်နယ်မှာ အများစုအပါအဝင် ၂၄ နာရီအတွင်း မြန်မာနိုင်ငံမှာ ကူးစက်မှု ၁၀၀ ကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အတည်ပြုရာမှာ မော်လမြိုင်မြို့က လူနာလည်း ပါဝင်လာခဲ့တာပါ။ မော်လမြိုင်မြို့မှာ ကူးစက်မှုအတည်ပြုခဲ့တဲ့ မနေ့ကပဲ လူနာဖြစ်သူ သွားလာခဲ့ဘူးတဲ့ နေရာတွေကို ပိုးသတ်ဆေးဖျန်းပြီး နေအိမ်ဝန်းကျင်မှာလည်း အသွားအလာတွေကို ကန့်သတ်တားမြစ်ထားတယ်လို့ ဒေသခံ အရေးပေါ်ကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။

“ဆရာမနဲ့ ဆက်စပ်တဲ့လူတွေကို ၁၀ မြို့နယ်ဆောင်ပေါ့နော် အဲ့ဒီကိုပို့တယ်၊ ပို့ပြီးတော့ အဲ့ဒီအိမ်တွေကို ကျနော်တို့က မေတ္တာရပ်ခံပြီးတော့ အပြင်မထွက်ကြဖို့ နောက်ရပ်ကွက်လူကြီးကို ခေါ်ပြီးတာ့ ရပ်ကွက်လူကြီးက အဲ့ဒီအိမ်ရဲ့ စားဝတ်နေရေးကို ဝိုင်းကူညီပေးဖို့ပေ့ါနော်။ စီစဉ်ပေးခဲ့ပါတယ်။ ပြီးသွားတော့ ပိုးသတ်ဆေး အဲ့အိမ်ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းသွားတယ်။ သူမော်လမြိုင်ရောက်ပြီးတော့ ocean သွားတယ်၊ ocean မှာ ခေါင်းလျှော်တယ်။ အဲ့ဒါက ၂၁ ရက်မှာလို့ ကြားတယ်နော်။ နောက်ပြီးတော့ ဈေးကြီးသွားတယ်၊ နောက်အသုဘတစ်ခုသွားတယ်။ အဲ့သလိုပေါ့နော် ကျိုက္ခမီ၊ စက်စဲတို့ ဘာတို့လည်း သွားလိုက်သေးတယ်။”

လူနာသစ်တဦး အတည်ပြုခဲ့တဲ့နေ့မှာပဲ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကို သတင်းမီဒီယာတွေ တက်ရောက်သတင်း ရယူနေတာတွေကိုလည်း တားမြစ်လိုက်ပါတယ်။ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေနဲ့အညီ သတင်းသမားတွေကို လွှတ်တော်မှာ သတင်းယူခွင့် ပေးထားပေမဲ့ အခုအခါ ကူးစက်မှုတွေ တကျော့ပြန်တွေ့လာရတဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကန့်သတ်လိုက်တာလို့လည်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ဦးက ပြောပါတယ်။

“မနေ့ကကျတော့ ပိုပြီးတော့ နည်းနည်းထူးခြားတဲ့ အနေအထားမျိုးဖြစ်လာတယ်ပေ့ါနော်၊ စစ်တွေက ရခိုင်ပြည်နယ်ကနေပြန်လာတဲ့ ဒီဝန်ထမ်းတစ်ယောက်ကပြီးတော့ positive အနေအထားမျိုးဖြစ်လာတယ်။ ပြီးတော့ သူ့ရဲ့ ဆက်နွယ်တဲ့ သွားလာလှုပ်ရှာမှုတွေကလည်း သက်ဆိုင်ရာဌာနကနေပြီးတော့ လိုက်လံနေဆဲလည်းဖြစ်တယ်ပေါ့နော်၊ ဒီချိန်မှာ ကျနော်တို့ဘက်ကလည်း သိပ်အတင့်ရဲလို့ မကောင်းတော့ ကျနော်က တွေးမြင်မိတယ်၊ အဲ့ဒါကြောင့်မို့ တဘက်ကလည်း ကျနော်တို့ လွှတ်တော်အစည်းအဝေးထဲမှာ ဆွေးနွေးတင်ပြချက်တွေ အကုန်လုံးက တိုက်ရိုက်ထုတ်လွှင့်မှုလည်း လုပ်ထားပေးတယ်ဆိုတော့ ဒီသတင်းအဖွဲ့တွေအနေနဲ့ တက်ရောက်ပြီးတော့ သတင်းရယူခြင်းကို ခဏလောက်သည်းခံဆိုင်းငံ့ထားကြဖို့ဆိုတော့ ကျနော်တို့က ပန်ကြားချက်ထုတ်လိုက်တဲ့ သဘောပေါ့နော်။”

ကပ်ရောဂါစချိန်ကစလို့ မွန်ပြည်နယ်မှာ အခုနောက်ဆုံး လူနာသစ်အပါအဝင် အတည်ပြုလူနာ ၈ ယောက် ရှိသွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးမှာတော့ သေဆုံးသူ ၆ ဦး အပါအဝင် ကူးစက်သူ ၅၇၄ ဦးအထိ ရှိနေပါတယ်ရှင်။

XS
SM
MD
LG