သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုယ္စားလွယ္ေလာင္းလုပ္ၾကံခံရမႈ MUP ရႈတ္ခ်ေ၀ဖန္


မြန္ညီညြတ္ေရးပါတီ (ဗဟို) (ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)
မြန္ညီညြတ္ေရးပါတီ MUP က လြတ္ေတာ္ကိုယ္စားလွယ္ေလာင္း မိေဝသီၿဖိဳးဟာ ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕နားမွာ မေန႔ညေနက လုပ္ႀကံသတ္ျဖတ္ခံခဲ့ရတဲ့ကိစၥကုိ သူတုိ႔အေနနဲ႔ ျပစ္တင္ ရႈတ္ခ်ေၾကာင္း ပါတီ ေျပာခြင့္ရက ေျပာပါတယ္။ ဒါ့အျပင္ ဒီလုပ္ႀကံ သတ္ျဖတ္မႈေပၚေပါက္ေရးအတြက္ သူတုိ႔အေနနဲ႔ စုံစမ္း ေဖာ္ထုတ္သြားမယ္လုိ႔ မြန္ျပည္သစ္ပါတီကလည္း ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကုိေတာ့ မျမသဇင္ေအာင္ ေျပာျပပါမယ္။
ဘုရားသံုးဆူးၿမိဳ႕နဲ႔ ရြာသစ္ရြာၾကားမွာ မိေဝသီၿဖိဳးေမာင္းလာတဲ့ ကားအနားကို အမည္မသိ ေသနတ္သမားက ဆိုင္ကယ္ကပ္ၿပီး အနီးကပ္ပစ္ခတ္သြားတာပါ။ ရင္ဘတ္၊ လက္ေမာင္းနဲ႔ ေျခေထာက္ေတြမွာ ေသနတ္ဒဏ္ရာနဲ႔ ေဆး႐ုံးေရာက္ၿပီးေနာက္ ေသဆံုးသြားခဲ့ပါတယ္။

မိေဝသီၿဖိဳး အခုလုိ အၾကမ္းဖက္ လုပ္ႀကံသတ္ျဖတ္ခံတဲ့အေပၚ သူတုိ႔အေနနဲ႔ ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်လို႔တယ္လို႔ MUP ပါတီေျပာေရးဆိုခြင့္ရွိသူ ႏိုင္တလညီက ေျပာပါတယ္။

“သူက ကားေမာင္းသြားတယ္၊ ေနာက္ၿပီး သူ႔ေဘးမွာ သူ႔တူမတစ္ေယာက္ေပါ့ေနာ္ ပါတယ္။ လာပစ္တဲ့လူက သူ႔ကားက အေနာက္ကေနလိုက္လာၿပီးေတာ့ အဲ့မွာေနၿပီးေတာ့ သူ႔ေဘးကိုပဲ ကပ္ရပ္ၿပီးေတာ့ ပစ္သြားတယ္ေပါ့ေနာ္။ ဒဏ္ရာကေတာ့ ေျခေထာင္မွာတစ္ခ်က္၊ လက္ေမာင္းမွာ တစ္ခ်က္၊ ေနာက္ၿပီးေတာ့ ရင္ဘတ္မွာတစ္ခ်က္ေပါ့ေနာ္ သံုးခ်က္ေပါ့။ ႏိုင္ငံေရးမွာေတာ့ အျမင္မတူတာေတာ့ ရွိတာေပ့ါေနာ္။ ဒီလိုမ်ဳိး အၾကမ္းဖက္တိုက္ခိုက္တာကေတာ့ ဒါမျဖစ္သင့္တဲ့ လုပ္ရပ္ေပါ့ေနာ္။ ဒါေၾကာင့္ လုပ္ရပ္အေပၚမွာေတာ့ က်ေနာ္တို႔ပါတီအေနနဲ႔ကေတာ့ အျပင္းထန္ကို ႐ႈတ္ခ်တယ္ေပါ့ေနာ္။ ”

ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔မွာ မိေဝသီၿဖိဳးရဲ႕ ဘႀကီး ေနအိမ္ကို မီး႐ႈိ႕ခံခဲ့ၿပီး မတ္လ ၂၈ ေန႔မွာ အ့ဲဒီဘႀကီးအိမ္ကို ေသနတ္နဲ႔
ေခ်ာင္းေျမာင္းပစ္ခတ္ခံရသလို၊ ေနာက္တစ္ခါ ဧၿပီလ ၁၁ ရက္ေန႔မွာလည္း သူေနတဲ့ရြာမွာ အမည္မသိ ဓားျပအဖြဲ႔တစ္ခုက ဝင္ေရာက္ ဓားျပတိုက္ခဲ့ေသးတယ္လို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ႏိုင္တလညီက ဆိုပါတယ္။

MUP ပါတီ၀င္ ၂ ဦးဟာ စစ္ေကာင္စီေကာင္စီအုပ္ခ်ဳပ္ေရးအဖြဲ႔မွာ ပါ၀င္ေနတာမွာ ႏုိင္ငံေတာ္အဆင့္မွာ တေယာက္နဲ႔ ျပည္နယ္အဆင့္မွာ တေယာက္တုိ႔ ျဖစ္ပါတယ္။ မိေ၀သီၿဖိဳးအေနနဲ႕ကေတာ့ ပုဂၢဳိလ္ေရးအရ စစ္ေကာင္စီနဲ႔ ပူးေပါင္း လုပ္ေဆာင္တာ မရွိဘူးလုိ႔ ဆုိပါတယ္။

လက္ရွိ ႏိုင္ငံေရးအခင္းအက်ဥ္းအရ တစ္ဖက္အင္အားကလည္း ကိုယ္နဲ႔ မတူရင္ ကိုယ့္ရန္သူလို႔ သတ္မွတ္ထားၿပီး ဒီလုိလုပ္ႀကံခံမႈေတြ ျဖစ္ေပၚလာတယ္လို႔ ယူဆေၾကာင္း ႏိုင္တလညီက ေျပာပါတယ္။

“က်ေနာ္တို႔ သံုးသပ္တာက ဒါကႏိုင္ငံေရးနဲ႔ ဆက္စပ္ၿပီးေတာ့ ပစ္သတ္ခံရတာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူက ရြာသစ္ရြာမွာေနတာမဟုတ္ဘူးေလ။ ေရြးေကာက္ပြဲအၿပီးမွာ သူရြာသစ္ရြာမွာ အေျချပဳတယ္။ ေနာက္ၿပီးေတာ့ သူ႔အေနနဲ႔ အမ်ဳိးသမီးတစ္ေယာက္ထဲျဖစ္တယ္ဆိုေတာ့ သူ႔ကို သတ္ေလာက္ေအာင္ဆိုတဲ့ အညိွဳေတးးေတြရွိၾကမွာေတာ့ မဟုတ္ဘူးေပါ့။”

ႏိုင္ငံေရးကို ဗန္းျပၿပီး ဒီလိုအၾကမ္းဖက္လုပ္ႀကံတာေတာ့ မျဖစ္သင့္ဘူးလို႔ မြန္အမ်ဳိးသမီးျဖစ္တဲ့ မိေငြေလးက ဆိုပါတယ္။

“ဒီအၾကမ္းဖက္တဲ့ အရာမွန္သမွ်ေပါ့ေနာ္၊ ဒါလံုးဝမျဖစ္သင့္တဲ့ ကိစၥပဲျဖစ္တယ္ေပါ့။ ဒါကဘယ္အရာမဆုိေပါ့ ဒီ အမ်ဳိးသမီးရယ္ေတာ့ မဟုတ္ဘူးေပါ့။ ဒီႏိုင္ငံေရးအခင္းအက်င္းလို႔ ေျပာတဲ့အေနအထားမွာဆိုလို႔ရွိရင္ေတာ့ အခံရဆံုးကေတာ့ အမ်ဳိးသမီးနဲ႔ ကေလးေတြေပါ့။ အခုက်ေတာ့ ဒီအျပစ္မဲ့ ျပည္သူတစ္ေယာက္အေနနဲ႔ အဲ့လိုမ်ဳိးသတ္ခံရတဲ့အေနအထား ဆိုလို႔ရွိရင္ေတာ့ ဒါကို ႏိုင္ငံေရးကို ဗန္းျပၿပီးေတာ့မွပဲ ဒါမ်ဳိးလုပ္တာက် လံုးဝမျဖစ္သင့္တဲ့ ကိစၥလို႔ အဲ့လိုမ်ဳိးျမင္တယ္။ ဒီလိုမ်ဳိးအၾကမ္းဖက္မႈေတြ ျဖစ္ေနတဲ့ အေနအထားမွာဆိုလို႔ရွိရင္ေတာ့ က်မတို႔သြားခ်င္တဲ့ ဒီဖက္ဒရယ္လမ္းေၾကာင္းရယ္ ေနာက္ၿပီးေတာ့ ဒီအမ်ဳိးသားညီညြတ္ဖို႔ ကိစၥက အရမ္းကို အဟန္႔အတားျဖစ္ေစတဲ့ ကိစၥျဖစ္တယ္လို႔ေတာ့ က်မအဲ့လိုမ်ဳိးျမင္တယ္ရွင္။”

မြန္တိုင္းရင္းသားလက္ကိုင္တစ္ခုျဖစ္တဲ့ မြန္ျပည္သစ္ပါတီ MNSP ကလည္း မိေဝသီၿဖိဳး လုပ္ႀကံခံရမႈနဲ႔ ပတ္သက္ၿပီး စံုစမ္းေဖာ္ထုတ္ အေရးယူသြားမယ္လို႔ မြန္ျပည္သစ္ပါတီရဲ႕ ဗဟိုႏိုင္ငံေရးဌာန တာဝန္ခံ ႏိုင္ေအာင္မေငးက ေျပာပါတယ္။ ဒီလိုကာလအခ်ိန္မ်ဳိးမွာ လူမ်ဳိးစုကို ျပစ္မွတ္မထားဘဲ မိုဒီကေရစီအင္အားစုအခ်င္းခ်င္း ပြင့္ပြင့္လင္းလင္ေဆြးေႏြးဖို႔သင့္တယ္လို႔ ႏုိင္ေအာင္မေငးက ေျပာပါတယ္။

“ဒီလိုကိစၥမ်ဳိးက မျဖစ္သင့္ဘူးေပါ့ေနာ္။ ဒါဘာျဖစ္ခ်င္လဲ ဘာလုပ္ခ်င္းလဲ က်ေနာ္တုိ႔ ေသေသခ်ာခ်ာေဆြးေႏြးခြင့္ စားပြဲဝိုင္းမွာသာ ႏိုင္ငံေရးယဥ္ေက်းမႈ အသိတရားအေနနဲ႔ ဒါက်ေနာ္တို႔ ပါတီဘက္ကေရာ MUP အေနနဲ႔ေရာ ဒါပြင့္ပြင့္လင္းလင္းေဆြးေႏြးလုိ႔ရတယ္။ ဒီလိုအၾကမ္းဖက္လုပ္ရတာ က်ေနာ္တို႔က ဒါမျဖစ္သင့္ဘူး၊ ဒီေန႔ဒီအခ်ိန္အခါအရလည္း လံုးဝ မေမွ်ာ္မွန္းတဲ့ကိစၥ ျဖစ္တဲ့အတြက္ေၾကာင့္ အၾကမ္းဖက္လုပ္ရပ္ဟာ ဒါလံုးဝမျဖစ္သင့္ဘူး။ ဒီလိုလုပ္တာက က်ေနာ္တို႔အတြက္ ေရရွည္ျပန္လည္ပူးေပါင္းေဆာင္ရြက္ဖို႔အတြက္ ဒါပိုၿပီးေတာ့ အလွမ္းေဝးသြားေစတယ္။ တစ္ဖက္နဲ႔တစ္ဖက္ ဒီလိုပြင့္လင္းမႈမရွိရင္ က်ေနာ္တို႔အတြက္ သံသယပိုၿပီးေတာ့ တစ္စထက္တစ္စပိုၿပီး ႀကီးမားလာမွာျဖစ္တဲ့အတြက္ေၾကာင့္ ဒီလိုေနာက္တစ္ခါမျဖစ္သင့္ဘူး။ ေနာက္ဒီကိစၥအေပၚမွာ က်ေနာ္တို႔ ဒါဘယ္လိုမ်ဳိးခဲ့လဲက်ေနာ္တို႔တရားဝင္ စိစစ္ၿပီးေတာ့ ေဖာ္ထုတ္မယ္။”

မိေဝသီၿဖိဳး လုပ္ႀကံခံရမႈနဲ႔ပတ္သက္ၿပီး ဥပေဒမဲ့လုပ္ႀကံသတ္ျဖတ္မႈအားလံုးကို လံုးဝကန္႔ကြက္ ႐ႈတ္ခ်ေၾကာင္း၊ တရားခံနဲ႔ တရားမွ်တမႈေပၚေပါက္ေရးအတြက္ မြန္အမ်ဳိးသားကြန္ရက္အေနျဖင့္ အေလးအနက္ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း မြန္းအမ်ဳိးသားကြန္ရက္က ဒီကေန႔မွာ သေဘာထား ထုတ္ျပန္ပါတယ္။

မြန္အမ်ဳိးသားကြန္ရက္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႔စည္းလာတ့ဲ အဖြဲ႔တစ္ခုျဖစ္ၿပီး အာဏာရွင္စနစ္ကို ေတာ္လွန္ေနတဲ့ အဖြဲ႔တစ္ခုျဖစ္ပါတယ္။

အလာတူး ဒီလိုႀကံမႈဟာ မိမိတို႔လူမ်ဳိးကို ေစာ္ကားတဲ့လုပ္ရပ္လို႔ သတ္မွတ္ၿပီး ႏိုင္ငံတကာဥပေဒနဲ႔ မကိုက္ညီတဲ့ အၾကမ္းဖက္လုပ္ရပ္မ်ားကို က်ဴးလြန္တဲ့ ဘယ္အဖြဲ႔အစည္းမဆို ႐ႈတ္ခ်ေၾကာင္း ဥေရာပေရာက္ ညီညြတ္ေသာမြန္အဖြဲ႔အစည္းကလည္း ကန္႔ကြက္စာ ထုတ္ျပန္ထားပါတယ္။

မိေဝသီျဖိဳးဟာ တရားလႊတ္ေတာ္ေရွ႕ေနေဟာင္းတစ္ဦးျဖစ္သလို ၿပီးခဲ့တဲ့ ၂၀၂၀ ေရြးေကာက္ပြဲမွာ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ၿပိဳင္ခဲ့ၿပီး ႐ႈံးနိမ့္ခဲ့သူ ျဖစ္ပါတယ္။

ဘုရားသံုးဆူၿမိဳ႕မွာ ၿပီးခဲ့တဲ့လက စစ္ေကာင္စီကခန္႔အပ္တဲ့ အုပ္ခ်ဳပ္ေရးမွဴးတစ္ဦး ေသနတ္နဲ႔ ပစ္သတ္ခံရသလို စာသင္ေက်ာင္းေတြမ်ားလည္း ဗံုးေပါက္ကြဲတဲ့ ျဖစ္စဥ္လည္း ရွိခဲ့ပါတယ္။

........................................................................

တိုက္႐ိုက္ လင့္ခ္


ကိုယ်စားလှယ်လောင်းလုပ်ကြံခံရမှု MUP ရှုတ်ချဝေဖန်

(Unicode)
မွန်ညီညွတ်ရေးပါတီ MUP က လွတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးဟာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နားမှာ မနေ့ညနေက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စကို သူတို့အနေနဲ့ ပြစ်တင် ရှုတ်ချကြောင်း ပါတီ ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် ဒီလုပ်ကြံ သတ်ဖြတ်မှုပေါ်ပေါက်ရေးအတွက် သူတို့အနေနဲ့ စုံစမ်း ဖော်ထုတ်သွားမယ်လို့ မွန်ပြည်သစ်ပါတီကလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုတော့ မမြသဇင်အောင် ပြောပြပါမယ်။
ဘုရားသုံးဆူးမြို့နဲ့ ရွာသစ်ရွာကြားမှာ မိဝေသီဖြိုးမောင်းလာတဲ့ ကားအနားကို အမည်မသိ သေနတ်သမားက ဆိုင်ကယ်ကပ်ပြီး အနီးကပ်ပစ်ခတ်သွားတာပါ။ ရင်ဘတ်၊ လက်မောင်းနဲ့ ခြေထောက်တွေမှာ သေနတ်ဒဏ်ရာနဲ့ ဆေးရုံးရောက်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

မိဝေသီဖြိုး အခုလို အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခံတဲ့အပေါ် သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချလို့တယ်လို့ MUP ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောပါတယ်။

“သူက ကားမောင်းသွားတယ်၊ နောက်ပြီး သူ့ဘေးမှာ သူ့တူမတစ်ယောက်ပေါ့နော် ပါတယ်။ လာပစ်တဲ့လူက သူ့ကားက အနောက်ကနေလိုက်လာပြီးတော့ အဲ့မှာနေပြီးတော့ သူ့ဘေးကိုပဲ ကပ်ရပ်ပြီးတော့ ပစ်သွားတယ်ပေါ့နော်။ ဒဏ်ရာကတော့ ခြေထောင်မှာတစ်ချက်၊ လက်မောင်းမှာ တစ်ချက်၊ နောက်ပြီးတော့ ရင်ဘတ်မှာတစ်ချက်ပေါ့နော် သုံးချက်ပေါ့။ နိုင်ငံရေးမှာတော့ အမြင်မတူတာတော့ ရှိတာပေ့ါနော်။ ဒီလိုမျိုး အကြမ်းဖက်တိုက်ခိုက်တာကတော့ ဒါမဖြစ်သင့်တဲ့ လုပ်ရပ်ပေါ့နော်။ ဒါကြောင့် လုပ်ရပ်အပေါ်မှာတော့ ကျနော်တို့ပါတီအနေနဲ့ကတော့ အပြင်းထန်ကို ရှုတ်ချတယ်ပေါ့နော်။ ”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ မိဝေသီဖြိုးရဲ့ ဘကြီး နေအိမ်ကို မီးရှို့ခံခဲ့ပြီး မတ်လ ၂၈ နေ့မှာ အဲ့ဒီဘကြီးအိမ်ကို သေနတ်နဲ့
ချောင်းမြောင်းပစ်ခတ်ခံရသလို၊ နောက်တစ်ခါ ဧပြီလ ၁၁ ရက်နေ့မှာလည်း သူနေတဲ့ရွာမှာ အမည်မသိ ဓားပြအဖွဲ့တစ်ခုက ဝင်ရောက် ဓားပြတိုက်ခဲ့သေးတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ဆိုပါတယ်။

MUP ပါတီဝင် ၂ ဦးဟာ စစ်ကောင်စီကောင်စီအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်နေတာမှာ နိုင်ငံတော်အဆင့်မှာ တယောက်နဲ့ ပြည်နယ်အဆင့်မှာ တယောက်တို့ ဖြစ်ပါတယ်။ မိဝေသီဖြိုးအနေနဲ့ကတော့ ပုဂ္ဂိုလ်ရေးအရ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်တာ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးအခင်းအကျဉ်းအရ တစ်ဖက်အင်အားကလည်း ကိုယ်နဲ့ မတူရင် ကိုယ့်ရန်သူလို့ သတ်မှတ်ထားပြီး ဒီလိုလုပ်ကြံခံမှုတွေ ဖြစ်ပေါ်လာတယ်လို့ ယူဆကြောင်း နိုင်တလညီက ပြောပါတယ်။

“ကျနော်တို့ သုံးသပ်တာက ဒါကနိုင်ငံရေးနဲ့ ဆက်စပ်ပြီးတော့ ပစ်သတ်ခံရတာပဲ။ ဘာကြောင့်လဲဆိုတော့ သူက ရွာသစ်ရွာမှာနေတာမဟုတ်ဘူးလေ။ ရွေးကောက်ပွဲအပြီးမှာ သူရွာသစ်ရွာမှာ အခြေပြုတယ်။ နောက်ပြီးတော့ သူ့အနေနဲ့ အမျိုးသမီးတစ်ယောက်ထဲဖြစ်တယ်ဆိုတော့ သူ့ကို သတ်လောက်အောင်ဆိုတဲ့ အညှိုတေးးတွေရှိကြမှာတော့ မဟုတ်ဘူးပေါ့။”

နိုင်ငံရေးကို ဗန်းပြပြီး ဒီလိုအကြမ်းဖက်လုပ်ကြံတာတော့ မဖြစ်သင့်ဘူးလို့ မွန်အမျိုးသမီးဖြစ်တဲ့ မိငွေလေးက ဆိုပါတယ်။

“ဒီအကြမ်းဖက်တဲ့ အရာမှန်သမျှပေါ့နော်၊ ဒါလုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲဖြစ်တယ်ပေါ့။ ဒါကဘယ်အရာမဆိုပေါ့ ဒီ အမျိုးသမီးရယ်တော့ မဟုတ်ဘူးပေါ့။ ဒီနိုင်ငံရေးအခင်းအကျင်းလို့ ပြောတဲ့အနေအထားမှာဆိုလို့ရှိရင်တော့ အခံရဆုံးကတော့ အမျိုးသမီးနဲ့ ကလေးတွေပေါ့။ အခုကျတော့ ဒီအပြစ်မဲ့ ပြည်သူတစ်ယောက်အနေနဲ့ အဲ့လိုမျိုးသတ်ခံရတဲ့အနေအထား ဆိုလို့ရှိရင်တော့ ဒါကို နိုင်ငံရေးကို ဗန်းပြပြီးတော့မှပဲ ဒါမျိုးလုပ်တာကျ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ အဲ့လိုမျိုးမြင်တယ်။ ဒီလိုမျိုးအကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ အနေအထားမှာဆိုလို့ရှိရင်တော့ ကျမတို့သွားချင်တဲ့ ဒီဖက်ဒရယ်လမ်းကြောင်းရယ် နောက်ပြီးတော့ ဒီအမျိုးသားညီညွတ်ဖို့ ကိစ္စက အရမ်းကို အဟန့်အတားဖြစ်စေတဲ့ ကိစ္စဖြစ်တယ်လို့တော့ ကျမအဲ့လိုမျိုးမြင်တယ်ရှင်။”

မွန်တိုင်းရင်းသားလက်ကိုင်တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ MNSP ကလည်း မိဝေသီဖြိုး လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုနိုင်ငံရေးဌာန တာဝန်ခံ နိုင်အောင်မငေးက ပြောပါတယ်။ ဒီလိုကာလအချိန်မျိုးမှာ လူမျိုးစုကို ပြစ်မှတ်မထားဘဲ မိုဒီကရေစီအင်အားစုအချင်းချင်း ပွင့်ပွင့်လင်းလင်ဆွေးနွေးဖို့သင့်တယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။

“ဒီလိုကိစ္စမျိုးက မဖြစ်သင့်ဘူးပေါ့နော်။ ဒါဘာဖြစ်ချင်လဲ ဘာလုပ်ချင်းလဲ ကျနော်တို့ သေသေချာချာဆွေးနွေးခွင့် စားပွဲဝိုင်းမှာသာ နိုင်ငံရေးယဉ်ကျေးမှု အသိတရားအနေနဲ့ ဒါကျနော်တို့ ပါတီဘက်ကရော MUP အနေနဲ့ရော ဒါပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရတယ်။ ဒီလိုအကြမ်းဖက်လုပ်ရတာ ကျနော်တို့က ဒါမဖြစ်သင့်ဘူး၊ ဒီနေ့ဒီအချိန်အခါအရလည်း လုံးဝ မမျှော်မှန်းတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် အကြမ်းဖက်လုပ်ရပ်ဟာ ဒါလုံးဝမဖြစ်သင့်ဘူး။ ဒီလိုလုပ်တာက ကျနော်တို့အတွက် ရေရှည်ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဒါပိုပြီးတော့ အလှမ်းဝေးသွားစေတယ်။ တစ်ဖက်နဲ့တစ်ဖက် ဒီလိုပွင့်လင်းမှုမရှိရင် ကျနော်တို့အတွက် သံသယပိုပြီးတော့ တစ်စထက်တစ်စပိုပြီး ကြီးမားလာမှာဖြစ်တဲ့အတွက်ကြောင့် ဒီလိုနောက်တစ်ခါမဖြစ်သင့်ဘူး။ နောက်ဒီကိစ္စအပေါ်မှာ ကျနော်တို့ ဒါဘယ်လိုမျိုးခဲ့လဲကျနော်တို့တရားဝင် စိစစ်ပြီးတော့ ဖော်ထုတ်မယ်။”

မိဝေသီဖြိုး လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဥပဒေမဲ့လုပ်ကြံသတ်ဖြတ်မှုအားလုံးကို လုံးဝကန့်ကွက် ရှုတ်ချကြောင်း၊ တရားခံနဲ့ တရားမျှတမှုပေါ်ပေါက်ရေးအတွက် မွန်အမျိုးသားကွန်ရက်အနေဖြင့် အလေးအနက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မွန်းအမျိုးသားကွန်ရက်က ဒီကနေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။

မွန်အမျိုးသားကွန်ရက်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလာတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

အလာတူး ဒီလိုကြံမှုဟာ မိမိတို့လူမျိုးကို စော်ကားတဲ့လုပ်ရပ်လို့ သတ်မှတ်ပြီး နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီတဲ့ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းမဆို ရှုတ်ချကြောင်း ဥရောပရောက် ညီညွတ်သောမွန်အဖွဲ့အစည်းကလည်း ကန့်ကွက်စာ ထုတ်ပြန်ထားပါတယ်။

မိဝေသီဖြိုးဟာ တရားလွှတ်တော်ရှေ့နေဟောင်းတစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့လက စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရသလို စာသင်ကျောင်းတွေများလည်း ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG