သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်အမေရိကမှာ ဆင်လိပ်ပြာကောင်ရေကျဆင်း 


Monarch butterflies
Monarch butterflies

ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်လေ့ရှိတဲ့ ဆင်လိပ်ပြာတွေဟာ အရေအတွက် ကျဆင်းလာခဲ့ပြီး အခုအခါ မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရယ်ရှိနေတဲ့ သတ္တဝါအဖြစ် တရားဝင် သတ်မှတ်ပြီးစောင့်ရှောက်ဖို့ လိုအပ်နေပြီလို့နိုင်ငံတကာ သဘာဝထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ IUCN က ကြာသ ပတေးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။  

မြောက်အမေရိကမှာ ဆင်လိပ်ပြာကောင်ရေကျဆင်း

{{Zawgyi/Unicode}}
ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်လေ့ရှိတဲ့ ဆင်လိပ်ပြာတွေဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း အရေအတွက် ကျဆင်းလာခဲ့ပြီး အခုအခါ မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရယ်ရှိနေတဲ့ သတ္တဝါအဖြစ် တရားဝင် သတ်မှတ်ပြီးစောင့်ရှောက်ဖို့ လိုအပ်နေပြီလို့နိုင်ငံတကာ သဘာဝထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ IUCN က ကြာသ ပတေးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

လိမ်မော်ရောင်နဲ့ အနက်ရောင် အစင်းကြားလေးတွေ ကိုယ်ပေါ်မှာရှိတဲ့ ဆင်လိပ်ပြာလေးတွေဟာ ဆယ်စုနှစ်တခုအတွင်း ၂၂ ရာခိုင်နှုန်းကနေ ၇၂ ရာခိုင်နှုန်းအကြား အရေအတွက် လျော့ကျခဲ့တယ်လို့ IUCN အဖွဲ့ပြောဆိုပါတယ်။

“လိပ်ပြာလေးတွေရဲ့အရေအတွက်ဟာ ဆက်တိုက်ကျဆင်းနေပြီး၊ မျိုးတုန်းတော့မယ့် အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။ ဒီထက်ဆက်ပြီး အရေအတွက် လျော့ကျမသွားအောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေပြီ”လို့ မစ်ရှီဂန် ပြည်နယ် တက္ကသိုလ်က သဘာဝတောရိုင်း တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဇီဝဗေဒပညာရှင် Nick Haddad ကပြောဆိုသွားပါတယ်။

ဒီလိပ်ပြာလေးတွေဟာ ဆောင်းရာသီမှာ မက္ကဆီကို နိုင်ငံအလယ်ပိုင်းမှာနေထိုင်ပြီး၊ သူတို့ရဲ့ပထမမျိုးဆက်ဟာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ဘက်ကို ရွှေ့ပြောင်းပျံသန်းကြပါတယ်။ လိပ်ပြာလေးတွေဟာ လအနည်းငယ်ပဲ သက်တမ်းရှိတာကြောင့်၊ သူတို့ရဲ့သားသမီးမြေးမြစ်တွေက နောက်ထပ် မိုင်ထောင်နဲ့ချီဝေးတဲ့ ကနေဒါ နိုင်ငံတောင်ပိုင်း အထိဆက်လက်ပျံသန်းကြာတာပါ။ ဆောင်းကုန်တဲ့အခါ တောင်ဘက် မက္ကဆီကိုဖက်ကို တခါပြန်သွားကြပြန်ပါတယ်။ ဒီလိုပဲ အမြဲမပြတ်လည်ပတ်နေပါတယ်။

အဲဒီထက် အရေအတွက်နည်းတဲ့ နောက်အုပ်စုတခုကတော့ ကာလီဖိုးနီးယားကမ်းခြေ ကနေ Rocky mountain တောင်တန်းတွေအကြား အသွားအပြန် ရွှေပြောင်းနေထိုင်တဲ့ အုပ်စုလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

..........................................


{{Zawgyi/Unicode}}





XS
SM
MD
LG