သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးနဲ႔ခ်င္းျပည္နယ္တြင္းၿမိဳ႕နယ္မ်ား ကိုဗစ္ေၾကာင့္ေသဆံုးမႈမ်ားျပား


ခ်င္းျပည္နယ္က ကိုဗစ္ေၾကာင့္ေသဆံုးခဲ့သူတဦးရဲ့ စ်ာပန (ဓာတ္ပံု - Chin Land)

(Zawgyi/Unicode)

ကိုဗစ္-၁၉ တတိယလွိုင္းကပ္ေရာဂါေၾကာင့္ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္နဲ႕ ခ်င္းျပည္နယ္အတြင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ ေသဆုံးမွဳမ်ားျပားလာတယ္လို႕ ကိုဗစ္ကာကြယ္ေရး ကူညီ လုပ္ေဆာင္ေပးေနတဲ့ ပရဟိတအဖြဲ႕၀င္ေတြက ေျပာပါတယ္။ ဒါ့အျပင္ ဇန္နဝါရီလကေန ဇူလိုင္လ ၆ ရက္ေန႔ အထိ ခရစ္ယာန္အမႈေတာ္ေဆာင္ ၆၀ ဦးေသဆုံးတယ္လို႕ နိုင္ငံတကာ ခ်င္းခရစ္ယန္အမွဳေတာ္ေဆာင္မ်ား မိတ္သဟာယအဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႕ထားပါတယ္။

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ အဆိုးဆုံး ေဒသတခုျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ကေလးၿမိဳ႕မွာေသဆုံးသူအေရအတြက္ ျမင့္တက္ေနတယ္လို႔ ကိုဗစ္လူနာေတြကို ပရဟိတကူညီေနသူတဦးက ေျပာပါတယ္။

"ကြ်န္ေတာ္တို႕အခု ဇူလိုင္ (၆)ရက္အထိဆိုရင္ေတာ့ ကြ်န္ေတာ္တို႕ (၁၇၀)ေက်ာ္ ေသဆုံးေနရတယ္၊ ကေလးၿမိဳ႕မွာေလ။ အဲတာေတာင္မွာလဲ ကေလးၿမိဳ႕ေပၚနဲ႕ အနားတ၀ိုက္မွာ ကြ်န္ေတာ္တို႕ မွတ္တမ္းတင္ထားတဲ့ဟာေပါ့ေနာ္။ မေန႕ကတရက္ထဲနဲ႕တင္ (၄၂)ဦးေတာင္ ျဖစ္ေနတယ္။ အဲတာေသဆုံးမွဳက ေတာ္ေတာ္ေလးျမင့္တက္ေနတယ္လို႕ ကြ်န္ေတာ္တို႕ေျပာလို႕ရတယ္ဗ်။ ပ်မ္းမွ်ေတာ့တရက္တရက္ကိုေတာ့ (၂၀)နဲ႕ (၃၀)၀န္းက်င္ ပ်မ္းမွ် ကြ်န္ေတာ္တို႕ေသဆုံးေနရတယ္။ သံသယလူနာအပါ၀င္ ကိုယ့္အိမ္မွာကိုယ္ ေစာင့္ေရွာက္ကုသၿပီးေတာ့ ေသဆုံးသြားတဲ့အပါအဝင္ေတာ့ အခုမွတ္တမ္းတင္တဲ့ဟာနဲ႕ဆို ပိုၿပီးေတာ့ မ်ားနိုင္မယ္လို႕ ကြ်န္ေတာ္တို႕ယူဆတယ္ဗ်။ သုံး ေလးရာေလာက္ေတာ့ျဖစ္နိုင္တယ္ဗ်။"

ကေလးၿမိဳ႕မွာ ေရာဂါစစ္ေဆးကုသမွဳေတြလုပ္ေဆာင္တာအားနည္းေနသလို ကိုယ့္နည္းကိုယ့္ဟန္နဲ႕သာ ကုသေနၾကတာျဖစ္ၿပီး ေသဆုံးမႈ ျမင့္တက္ေနတယ္လို႕ ကေလးၿမိဳ႕ကိုဗစ္စင္တာတာ၀န္ရွိသူတဦးကေျပာပါတယ္။

"ကြ်န္ေတာ္တို႕ ကိုဗစ္ကူးစက္မွဳအေျခအေနကေတာ့ ေတာ္ေတာ္ေလးေတာ့ဆိုး၀ါးတယ္ဆိုရမွာေပါ့။ ပိုးစစ္တာကကြ်န္ေတာ္တို႕ ၿမိဳ႕မွာ အခုတေလာက်န္းမာေရးဝန္ထမ္းေတြ ေနမေကာင္းၾကလို႕လူအင္အားနဲ႕ ႏွစ္ေနရာေလာက္ဘဲစစ္နိုင္တာ။ ပိုးေတြ႕လူနာ ကေတာ့တရား၀င္ထုိျပန္တာေတာ့နည္းတယ္။ ဒါေပမဲ့အျပင္မွာျဖစ္ပ်က္ေနတာေတြ ကိိုယ့္ဟာကိုယ္ကုတဲ့လူနာေတြေပါ့။ အဲတာပိုမ်ားတယ္။ အျပင္မွာကေသဆုံးမွဳလဲပိုမ်ားတာေပါ့။"

က်န္းမာေရးဝန္ႀကီးဌာနရဲ့ ေန႔စဥ္ထုတ္ျပန္ခ်က္ေတြထဲမွာ ကေလးၿမိဳ႕က အတည္ျပဳလူနာေသဆုံးစာရင္းက မမ်ားေပမဲ့ ေရာဂါလူနာေတြကို ကူညီေပးေနသူေတြကေတာ့ တတိယလွိဳင္းကိုဗစ္ေရာဂါကာလအတြင္း ေသဆုံးေနသူ ၃၀၀ ေလာက္ ရွိေနၿပီးလို႕ခန္႕မွန္းထားၾကပါတယ္။

စစ္ကိုင္းတိုင္းကေလးၿမိဳ႕နယ္နဲ႕ ခ်င္းျပည္နယ္တီးတိန္ၿမိဳ႕၊ တြန္းဇံၿမိဳ႕၊ က်ီခါးၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ခရစ္ယာန္ အမႈေတာ္ေဆာင္ ၆၀ ဦးေသဆုံးတယ္လို႕ နိုင္ငံတကာ ခ်င္းခရစ္ယာန္အမွဳေတာ္ေဆာင္မ်ား မိတ္သဟာယအဖြဲ႕International Chin Christian Minister Fellowship (ICCMF)အဖြဲ႕ ေျပာေရး ဆိုခြင့္ရွိသူ ေဒၚခ်ယ္ရတီထူးက အခုလိုေျပာပါတယ္။

"ကြ်န္မတို႕စာရင္းေကာက္ထားတာ (၆၀) ရွိပါတယ္ရွင့္။ အမ်ားအားျဖင့္ေတာ့ ကေလးၿမိဳ႕နယ္နဲ႕ ကေလးၿမိဳ႕နယ္မွာရွိတဲ့ရြာေတြေပါ့။ ၿပီးတဲ့အခါက်ေတာ့ အိႏၵိယနယ္စပ္ေပါ့ေနာ္၊ က်ီခါး၊ တြန္းဇံ၊ တိီးတိန္ အဲဒီဖက္မွာ မ်ားပါတယ္။"

ကိုဗစ္ေရာဂါေၾကာင့္ေသဆုံးသူကို ခ်င္းရိုးရာအရ အေလာင္းေျမျမဳတ္သၿဂိဳလ္ရာက အစျပဳၿပီး ကူးစက္မွဳေတြရွိလာတယ္လို႕လဲ ေဒၚခ်ယ္ရတီထူးက အခုလိုဆက္ေျပာပါတယ္။

"ခ်င္းရိုးရာ ခ်င္းထုံးစံအတိုင္းဘဲ လူတေယာက္ဆုံးသြားၿပီဆိုရင္ သူ႕ရဲ႕ရုပ္ကလာပ္အနားမွာေပါ့ေနာ္၊ အသုဘမခ်မခ်င္းေပါ့၊ ပတ္ပတ္လည္မွာထိုင္ၿပီးေတာ့ သီခ်င္းဆိုေပးတယ္၊ ဆုေတာင္းေပးတယ္၊ တရားေဟာေပးတယ္။ အဲဒီလိုလုပ္ေပးရင္းနဲ႕ ကူးစက္ ကုန္ၾကတာေပါ့။"

ICCMF ရဲ႕စာရင္းအရ ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ၂၀၂၁ ခုႏွစ္ ဇြန္လအတြင္း သိကၡာေတာ္ရဆရာ၊ သင္းအုပ္ဆရာနဲ႕ ကက္သလစ္ဘုန္းေတာ္ႀကီး ၄၈ ဦး၊ ဇူလိုင္လ ၁ ရက္မွ ၆ ရက္ေန႔အတြင္း ၉ ဦးနဲ႕ ဇန္နဝါရီလ၊ ေဖေဖာ္ဝါရီ ၊ ဧၿပီလတို႔မွာ တစ္ဦးစီ စုစုေပါင္း အေယာက္ ၆၀ ကြယ္လြန္ခဲ့တယ္လို႕ ေဖာ္ျပထားပါတယ္။

ခ်င္းျပည္နယ္တြန္းဇံၿမိဳ႕နယ္နဲ႕က်ီခါးၿမိဳ႕နယ္မွာလဲ ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ေသဆုံးမွဳမ်ားလာတယ္လို႕ တြန္းဇံၿမိဳ႕နယ္ ပရဟိတအဖြဲ႔ တာ၀န္ရွိသူတဦးက အခုလိုေျပာပါတယ္။

"ေသဆုံးမွဳက တြန္းဇံၿမိဳ႕နယ္မွာ (၂၁)ေယာက္။ က်ီခါးမွာ (၆)ေယာက္၊ တြန္းဇံမွာ (၁၅)ေယာက္။ ထိေတြလူမ်ားရင္ Positive ေတြ႕တာပိုမ်ားတာေပါ့ေနာ္။"

ခ်င္းျပည္နယ္ တီးတိန္၊ တြန္းဇံ၊ က်ီခါး၊ ဖလမ္းဘက္မွာ ကိုဗစ္ေရာဂါပိုးေတြလူနာ တေထာင္၀န္းက်င္ရွိေနၿပီး တလတာအတြင္း အေယာက္(၆၀) ဝန္းက်င္ ေသဆုံးခဲ့တယ္လို႕ ခ်င္းျပည္နယ္ကိုဗစ္ကာကြယ္ေရးအဖြဲ႕စာရင္းအရသိရပါတယ္။

လက္ရွိကေလးၿမိဳ႕နဲ႕ ခ်င္းျပည္နယ္ ဖလမ္း၊ တီးတိန္ၿမိဳ႕၊ တြန္းဇံၿမိဳ႕ၿမိဳ႕နယ္ေတြမွာ ေအာက္စီဂ်င္ဗူး အလုံအေလာက္ မရွိတဲ့အတြက္ မႏၱေလး၊ စစ္ကိုင္း၊ ရန္ကုန္ၿမိဳ႕ေတြမွာ မွာယူေနရၿပီး အေျခအေန ပိုဆိုးလာမွာကိုလည္း ေဒသခံေတြက စိုးရိမ္ေနပါတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


ကလေးနဲ့ချင်းပြည်နယ်တွင်းမြို့နယ်များ ကိုဗစ်ကြောင့်သေဆုံးမှုများပြား

(Unicode)

ကိုဗစ်-၁၉ တတိယလှိုင်းကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်တချို့မှာ သေဆုံးမှုများပြားလာတယ်လို့ ကိုဗစ်ကာကွယ်ရေး ကူညီ လုပ်ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလကနေ ဇူလိုင်လ ၆ ရက်နေ့ အထိ ခရစ်ယာန်အမှုတော်ဆောင် ၆၀ ဦးသေဆုံးတယ်လို့ နိုင်ငံတကာ ချင်းခရစ်ယန်အမှုတော်ဆောင်များ မိတ်သဟာယအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အဆိုးဆုံး ဒေသတခုဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာသေဆုံးသူအရေအတွက် မြင့်တက်နေတယ်လို့ ကိုဗစ်လူနာတွေကို ပရဟိတကူညီနေသူတဦးက ပြောပါတယ်။

"ကျွန်တော်တို့အခု ဇူလိုင် (၆)ရက်အထိဆိုရင်တော့ ကျွန်တော်တို့ (၁၇၀)ကျော် သေဆုံးနေရတယ်၊ ကလေးမြို့မှာလေ။ အဲတာတောင်မှာလဲ ကလေးမြို့ပေါ်နဲ့ အနားတဝိုက်မှာ ကျွန်တော်တို့ မှတ်တမ်းတင်ထားတဲ့ဟာပေါ့နော်။ မနေ့ကတရက်ထဲနဲ့တင် (၄၂)ဦးတောင် ဖြစ်နေတယ်။ အဲတာသေဆုံးမှုက တော်တော်လေးမြင့်တက်နေတယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်ဗျ။ ပျမ်းမျှတော့တရက်တရက်ကိုတော့ (၂၀)နဲ့ (၃၀)ဝန်းကျင် ပျမ်းမျှ ကျွန်တော်တို့သေဆုံးနေရတယ်။ သံသယလူနာအပါဝင် ကိုယ့်အိမ်မှာကိုယ် စောင့်ရှောက်ကုသပြီးတော့ သေဆုံးသွားတဲ့အပါအဝင်တော့ အခုမှတ်တမ်းတင်တဲ့ဟာနဲ့ဆို ပိုပြီးတော့ များနိုင်မယ်လို့ ကျွန်တော်တို့ယူဆတယ်ဗျ။ သုံး လေးရာလောက်တော့ဖြစ်နိုင်တယ်ဗျ။"

ကလေးမြို့မှာ ရောဂါစစ်ဆေးကုသမှုတွေလုပ်ဆောင်တာအားနည်းနေသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ကုသနေကြတာဖြစ်ပြီး သေဆုံးမှု မြင့်တက်နေတယ်လို့ ကလေးမြို့ကိုဗစ်စင်တာတာဝန်ရှိသူတဦးကပြောပါတယ်။

"ကျွန်တော်တို့ ကိုဗစ်ကူးစက်မှုအခြေအနေကတော့ တော်တော်လေးတော့ဆိုးဝါးတယ်ဆိုရမှာပေါ့။ ပိုးစစ်တာကကျွန်တော်တို့ မြို့မှာ အခုတလောကျန်းမာရေးဝန်ထမ်းတွေ နေမကောင်းကြလို့လူအင်အားနဲ့ နှစ်နေရာလောက်ဘဲစစ်နိုင်တာ။ ပိုးတွေ့လူနာ ကတော့တရားဝင်ထိုပြန်တာတော့နည်းတယ်။ ဒါပေမဲ့အပြင်မှာဖြစ်ပျက်နေတာတွေ ကိုယ့်ဟာကိုယ်ကုတဲ့လူနာတွေပေါ့။ အဲတာပိုများတယ်။ အပြင်မှာကသေဆုံးမှုလဲပိုများတာပေါ့။"

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေထဲမှာ ကလေးမြို့က အတည်ပြုလူနာသေဆုံးစာရင်းက မများပေမဲ့ ရောဂါလူနာတွေကို ကူညီပေးနေသူတွေကတော့ တတိယလှိုင်းကိုဗစ်ရောဂါကာလအတွင်း သေဆုံးနေသူ ၃၀၀ လောက် ရှိနေပြီးလို့ခန့်မှန်းထားကြပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့နယ်နဲ့ ချင်းပြည်နယ်တီးတိန်မြို့၊ တွန်းဇံမြို့၊ ကျီခါးမြို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ခရစ်ယာန် အမှုတော်ဆောင် ၆၀ ဦးသေဆုံးတယ်လို့ နိုင်ငံတကာ ချင်းခရစ်ယာန်အမှုတော်ဆောင်များ မိတ်သဟာယအဖွဲ့International Chin Christian Minister Fellowship (ICCMF)အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်ချယ်ရတီထူးက အခုလိုပြောပါတယ်။

"ကျွန်မတို့စာရင်းကောက်ထားတာ (၆၀) ရှိပါတယ်ရှင့်။ အများအားဖြင့်တော့ ကလေးမြို့နယ်နဲ့ ကလေးမြို့နယ်မှာရှိတဲ့ရွာတွေပေါ့။ ပြီးတဲ့အခါကျတော့ အိန္ဒိယနယ်စပ်ပေါ့နော်၊ ကျီခါး၊ တွန်းဇံ၊ တီးတိန် အဲဒီဖက်မှာ များပါတယ်။"

ကိုဗစ်ရောဂါကြောင့်သေဆုံးသူကို ချင်းရိုးရာအရ အလောင်းမြေမြုတ်သဂြိုလ်ရာက အစပြုပြီး ကူးစက်မှုတွေရှိလာတယ်လို့လဲ ဒေါ်ချယ်ရတီထူးက အခုလိုဆက်ပြောပါတယ်။

"ချင်းရိုးရာ ချင်းထုံးစံအတိုင်းဘဲ လူတယောက်ဆုံးသွားပြီဆိုရင် သူ့ရဲ့ရုပ်ကလာပ်အနားမှာပေါ့နော်၊ အသုဘမချမချင်းပေါ့၊ ပတ်ပတ်လည်မှာထိုင်ပြီးတော့ သီချင်းဆိုပေးတယ်၊ ဆုတောင်းပေးတယ်၊ တရားဟောပေးတယ်။ အဲဒီလိုလုပ်ပေးရင်းနဲ့ ကူးစက် ကုန်ကြတာပေါ့။"

ICCMF ရဲ့စာရင်းအရ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇွန်လအတွင်း သိက္ခာတော်ရဆရာ၊ သင်းအုပ်ဆရာနဲ့ ကက်သလစ်ဘုန်းတော်ကြီး ၄၈ ဦး၊ ဇူလိုင်လ ၁ ရက်မှ ၆ ရက်နေ့အတွင်း ၉ ဦးနဲ့ ဇန်နဝါရီလ၊ ဖေဖော်ဝါရီ ၊ ဧပြီလတို့မှာ တစ်ဦးစီ စုစုပေါင်း အယောက် ၆၀ ကွယ်လွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်တွန်းဇံမြို့နယ်နဲ့ကျီခါးမြို့နယ်မှာလဲ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် သေဆုံးမှုများလာတယ်လို့ တွန်းဇံမြို့နယ် ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

"သေဆုံးမှုက တွန်းဇံမြို့နယ်မှာ (၂၁)ယောက်။ ကျီခါးမှာ (၆)ယောက်၊ တွန်းဇံမှာ (၁၅)ယောက်။ ထိတွေလူများရင် Positive တွေ့တာပိုများတာပေါ့နော်။"

ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ဖလမ်းဘက်မှာ ကိုဗစ်ရောဂါပိုးတွေလူနာ တထောင်ဝန်းကျင်ရှိနေပြီး တလတာအတွင်း အယောက်(၆၀) ဝန်းကျင် သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ်ကိုဗစ်ကာကွယ်ရေးအဖွဲ့စာရင်းအရသိရပါတယ်။

လက်ရှိကလေးမြို့နဲ့ ချင်းပြည်နယ် ဖလမ်း၊ တီးတိန်မြို့၊ တွန်းဇံမြို့မြို့နယ်တွေမှာ အောက်စီဂျင်ဗူး အလုံအလောက် မရှိတဲ့အတွက် မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်မြို့တွေမှာ မှာယူနေရပြီး အခြေအနေ ပိုဆိုးလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG