သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္သူ ၅,၁၂၇ ေယာက္၊ ေသဆုံးသူ ၃၉၀ ေယာက္ ထပ္တိုး


ကိုဗစ္ သတိေပးပိုစတာ ကပ္ထားတဲ့ ပန္းဆိုးတန္း ဆိပ္ခံေဘာတံတားေပၚက ျမန္မာခရီးသြားမ်ား (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒီေန႔ ဓါတ္ခြဲစမ္းသပ္မႈေပါင္း ၁၄,၁၃၅ ခုကို စစ္ေဆးခဲ့တာမွာ ကူးစက္သူ ၅,၁၂၇ ေယာက္နဲ႔ ေသဆုံးသူ ၃၉၀ ဦးရွိတယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဌာနက ဒီကေန႔ည ၈ နာရီမွာ ထုတ္ျပန္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ အခုဆိုရင္ စုစုေပါင္း ကူးစက္သူ ၂၉၄,၄၆၀ ေယာက္၊ ေသဆုံးသူ ၈,၉၄၂ ေယာက္ ရွိသြားၿပီျဖစ္ေပမယ့္ က်န္းမာေရးပညာရွင္ေတြနဲ႔ ေလ့လာသုံးသပ္သူေတြကေတာ့ ေန႔စဥ္ကူးစက္မႈနဲ႔ ေသဆုံးမႈႏႈန္းက ဒီ့ထက္ အမ်ားႀကီး ပိုႏိုင္တယ္လို႔ ေျပာဆိုထားပါတယ္။

COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူေတြ တိုးလာေနခ်ိန္မွာပဲ အာဏာသိမ္း စစ္ေကာင္စီဟာ ကိုဗစ္ကပ္ေဘးကို အသုံးခ်ၿပီး အတိုက္အခံေတြကို ႏွိမ္နင္းေနသလို အာဏာ ပိုမို ခိုင္ၿမဲေအာင္လုပ္ေနတယ္လို႔ စြပ္စြဲေျပာဆိုတာေတြ ထြက္ထားပါတယ္။
စစ္ေကာင္စီကေတာ့ ကာကြယ္ေဆးထိုးလုပ္ငန္းေတြ အပါအဝင္ ကာကြယ္ေရးနဲ႔ ကုသေရးလုပ္ငန္းေတြ အရွိန္ျမႇင့္ လုပ္ေဆာင္ေနတဲ့အေၾကာင္း ေျပာဆိုထားပါတယ္။ လူေတြ ကာကြယ္ေဆး လာထိုးၾကဖို႔၊ ကာကြယ္ေရးနဲ႔ ကုသေရးမွာ ပူးေပါင္းပါဝင္ၾကဖို႔ လည္း တိုက္တြန္းထားပါတယ္။

ကူးစက္မႈေတြ တိုးလာေနခ်ိန္မွာ ကိုဗစ္လူနာေတြ လိုအပ္တဲ့ေအာက္စီဂ်င္မရလို႔ ေန႔စဥ္ ေသဆုံးမႈေတြ မ်ားလာေနသလို ဒီလိုမရေအာင္လည္း စစ္ေကာင္စီက ကန႔္သတ္မႈေတြ လုပ္ေနတာျဖစ္တယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

တခ်ိန္တည္းမွာလည္း စစ္အုပ္ခ်ဳပ္ေရးကို အၾကမ္းမဖက္နည္းနဲ႔ ဖီဆန္ေနၾကတဲ့ CDM ေဆးဝန္ထမ္းေတြကိုလည္း စစ္ေကာင္စီက ပစ္မွတ္ထား တိုက္ခိုက္မႈေတြ လုပ္ေနတာကို သူတို႔က ေထာက္ျပၾကပါတယ္။ ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထဲမွာ ကိုဗစ္ေၾကာင့္ ေသဆုံးမႈႏႈန္း အျမင့္ဆုံးႏိုင္ငံတခု ျဖစ္ေနပါတယ္။

............................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ ကိုဗစ်ကူးစက်သူ ၅,၁၂၇ ယောက်၊ သေဆုံးသူ ၃၉၀ ယောက် ထပ်တိုး

(Unicode)

မြန်မာနိုင်ငံမှာ ဒီနေ့ ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၁၄,၁၃၅ ခုကို စစ်ဆေးခဲ့တာမှာ ကူးစက်သူ ၅,၁၂၇ ယောက်နဲ့ သေဆုံးသူ ၃၉၀ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အခုဆိုရင် စုစုပေါင်း ကူးစက်သူ ၂၉၄,၄၆၀ ယောက်၊ သေဆုံးသူ ၈,၉၄၂ ယောက် ရှိသွားပြီဖြစ်ပေမယ့် ကျန်းမာရေးပညာရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းက ဒီ့ထက် အများကြီး ပိုနိုင်တယ်လို့ ပြောဆိုထားပါတယ်။

COVID-19 ရောဂါကြောင့် သေဆုံးသူတွေ တိုးလာနေချိန်မှာပဲ အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကပ်ဘေးကို အသုံးချပြီး အတိုက်အခံတွေကို နှိမ်နင်းနေသလို အာဏာ ပိုမို ခိုင်မြဲအောင်လုပ်နေတယ်လို့ စွပ်စွဲပြောဆိုတာတွေ ထွက်ထားပါတယ်။
စစ်ကောင်စီကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ အပါအဝင် ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်နေတဲ့အကြောင်း ပြောဆိုထားပါတယ်။ လူတွေ ကာကွယ်ဆေး လာထိုးကြဖို့၊ ကာကွယ်ရေးနဲ့ ကုသရေးမှာ ပူးပေါင်းပါဝင်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။

ကူးစက်မှုတွေ တိုးလာနေချိန်မှာ ကိုဗစ်လူနာတွေ လိုအပ်တဲ့အောက်စီဂျင်မရလို့ နေ့စဉ် သေဆုံးမှုတွေ များလာနေသလို ဒီလိုမရအောင်လည်း စစ်ကောင်စီက ကန့်သတ်မှုတွေ လုပ်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

တချိန်တည်းမှာလည်း စစ်အုပ်ချုပ်ရေးကို အကြမ်းမဖက်နည်းနဲ့ ဖီဆန်နေကြတဲ့ CDM ဆေးဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်နေတာကို သူတို့က ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတခု ဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG