သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြ MoU ပါ အခြင့္အေရးရဖို႔ ဘန္ေကာက္သံ႐ုံးကို ေတာင္းဆို 


ထုိင္းျမန္မာ ႏွစ္ႏိုင္ငံ MoU စာခ်ဳပ္နဲ႔တရားဝင္အလုပ္လုပ္ဖို႔လာေပမယ့္ စာခ်ဳပ္ပါအခ်က္ေတြအတုိင္းမလိုက္နာတဲ့ အလုပ္သမားကုမၸဏီေတြေၾကာင့္ သံ႐ံုးထဲဝင္ၿပီး ေတာင္းဆိုဆႏၵျပေနၾကတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဇန္နဝါရီ ၉ ၊ ၂၀၂၃/ Photo- Hla Khine (AAC))

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံထဲကိုတရားဝင္ MoU ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္နဲ႔လာၿပီး ၄ လေက်ာ္ၾကာတဲ့အတြက္ စာခ်ဳပ္ထဲမွာခ်ဳပ္ဆိုတဲ့အတိုင္း အလုပ္လုပ္ခြင့္မရတဲ့အလုပ္သမား ၈၀ ေက်ာ္ဟာ ဇန္နဝါရီလ ၉ ရက္ေန႔ကေန ဘန္ေကာက္ျမန္သံ႐ုံးထဲဝင္ေရာက္ၿပီး သူတို႔အခက္အခဲေတြေျဖရွင္းေပးဖို႔ ဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။သူတို႔ေတြဟာ ျမန္မာသံ႐ုံးထဲမွာညအိပ္ၿပီး သူတို႔ျပႆနာကိုေျဖရွင္းေပးဖို႔ေတာင္းဆိုခဲ့ၾကတာပါ။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံထဲကိုတရားဝင္ MoU ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္နဲ႔လာၿပီး စာခ်ဳပ္ခ်ဳပ္တဲ့အလုပ္႐ုံမွာအလုပ္လုပ္ခြင့္မရဘဲ ပန္းရံဆိုက္ ၂ ခုကို ပို႔ေဆာင္ခံရတဲ့အလုပ္သမားေတြက ေအဂ်င္စီေတြကို ေျဖရွင္းေပးဖို႔ေတာင္းဆိုခဲ့တာပါ။ အလုပ္သမားေတြဟာ ျမန္မာအလုပ္သမားသံအရာရွိနဲ႔ ေအဂ်င္စီေတြကို သူတို႔ျပႆနာေတြကိုေျဖရွင္းေပးဖို႔ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ၿပီးေနာက္ပိုင္းမွာ သည္းမခံႏိုင္ေတာ့တဲ့အတြက္ ဘန္ေကာက္က ျမန္မာသံ႐ုံးႀကီးထဲကို ဝင္ေရာက္ခဲ့တာျဖစ္ေၾကာင္း အလုပ္သမားဦးကေျပာျပပါတယ္။

“သမီးတို႔ ေနရာေတြက MOU စာခ်ဳပ္ပါ စည္းမ်ဥ္းနဲ႔လည္းလြဲတယ္။ ႏြံထဘူရီမွာ ကုမၸဏီဆိုက္မွာလုပ္ရမယ္ဆိုၿပီး ပန္းရံလုပ္ရတယ္။ ဖိုးလေမာင္းဆိုတာ ပန္းရံဝင္လုပ္ရတယ္။ သံခ်ည္ သံေကြးလုပ္ရတယ္။ ေနပူႀကီးထဲမွာေပါ့။ MOU စာခ်ဳပ္နဲ႔လည္းမညီဘူး။ အဲဒါလုပ္ၿပီး ဒီဘက္ က တ႐ုတ္ဆိုက္ထဲကို ျပန္ပို႔တယ္။ ပထုံဌာနီကတ႐ုတ္ဆိုက္ထဲ ပို႔တယ္။ သမီးတို႔ကမလုပ္ႏိုင္ေတာ့ ေအဂ်င္စီကိုအေၾကာင္းၾကားတယ္။ ေအဂ်င္စီေတြက လာမရွင္းေပးဘူး။ ပတ္စပို႔စာအုပ္ကိုလည္းေပးမကိုင္ဘူး။ သမီးတို႔လက္ထဲကို စာအုပ္တေအာင့္ (ခဏ) ေပးကိုင္လိုက္တယ္။ တုံးက မထုေပးဘူး။ အခု AAC ေရာက္မွ တုံးေတြထုရတယ္။ ရက္ေတြေက်ာ္ကုန္ၿပီး ထုရတယ္။ တုံးထုရမယ္ဆိုၿပီး လိမ္ၿပီးျပန္သိမ္းသြားတယ္။ work permit ကေတာ့ ေရာက္ကတည္းကကို ေပးမကိုင္တာပါ။”

အလုပ္ကေန ေမာင္းထုတ္ခံရတဲ့ အလုပ္သမားေတြက AAC မဟာမိတ္အဖြဲ႔ကို အကူညီေတာင္းခဲ့တာေၾကာင့္ ကူညီေပးခဲ့ရေၾကာင္းနဲ႔ သံ႐ုံးထဲဝင္ေရာက္ရတဲ့အေျခအေနကိုလည္း AAC အဖြဲ႔ဒါ႐ိုက္တာ ဦးခိုင္ႀကီးက အခုလိုေျပာပါတယ္။

“သံ႐ုံးႀကီးကေနၿပီးေတာ့ ေလဘာသံအရာရွိကိုေခၚၿပီး စည္းတံဆိပ္တုံးေတြထုၿပီး ဘယ္ေန႔ ဘယ္ရက္မွာ လုပ္အားခေတြေပးရမယ္၊ ဘယ္ေန႔ဘယ္ရက္မွာ အလုပ္သမားေတြကို ကူညီေပးရမယ္၊ စာခ်ဳပ္မွာစည္းကမ္းေတြနဲ႔မကိုက္တာေတြ ျဖည့္ဆည္းေပးရမယ္ဆိုၿပီး ကတိေပးတဲ့ေန႔ေတြမွာ သံအရာရွိနဲ႔ ကုမၸဏီက မလုပ္ေပးႏိုင္ေတာ့ အလုပ္သမားေတြက သံ႐ုံးထဲဝင္တာ။ ဝင္မရေတာ့ အတင္းဝင္ၿပီး အလုပ္သမားေတြက သံ႐ုံးထဲကိုဝင္တာ မထြက္ေတာ့ဘူး။ ဒီျပႆနာကို မေျဖရွင္းရင္မထြက္ဘူးဆိုၿပီး ညအိပ္ၿပီးဆႏၵျပတာ။ အခုေလးတင္ကပဲ ေျပလည္မႈ ရွိတာ။ ဒါေတာင္ ႏွစ္ရက္ သုံးရက္ေလာက္မွ ေျပလည္မယ္ေျပာတာ။ လက္ရွိအေနအထားအရ NEW THREE DIAMONDS COMPANY LIMITED က လူ ၄၃ ေယာက္တဖြဲ႔၊ ျမင့္ျမတ္တံခြန္က ၄၀။ အားလုံး ၈၀ ေက်ာ္တာေပါ့။”

အလုပ္သမားေတြဟာ ျပႆနာေျဖရွင္းေပးဖို႔ သံ႐ုံးကိုလာတာ ၇ ႀကိမ္ရွိၿပီလို႔လည္း ေနာက္ထပ္အလုပ္သမားတဦးကေျပာျပပါတယ္။

“သားတို႔ ဒီတခါနဲ႔ဆိုရင္ သံ႐ုံးလာတာ ၇ ေခါက္ရွိၿပီ။ ၄ ရက္ေန႔ထိေစာင့္ပါအုံး။ ၂၈ ရက္ေန႔ထိ ေစာင့္ပါအုံး။ ၃၀ ရက္ေန႔ထိေစာင့္ပါအုံး။ ၂ ရက္ေန႔ထိေစာင့္ပါအုံးနဲ႔ အဲဒီလိုေျပာၿပီး သားတို႔ ဒီမွာလာလိုက္၊ အဲဒီလိုရွင္းေပးမယ္ေျပာလိုက္၊ ျပန္သြားလိုက္နဲ႔၊ မေန႔ကေတာ့ သည္းမခံႏိုင္ေတာ့ဘူး။ မလုပ္ေပးရင္ မျပန္ေတာ့ဘူးေျပာလိုက္တယ္။ သူတို႔က သံ႐ုံးမွာအိပ္မရဘူးေျပာတယ္။”

အလုပ္သမားသံအရာရွိေတြကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာေတာ့ အလုပ္သမားေတြက ျပႆနာေျဖရွင္းေပးဖို႔ လာၿပီးေတာင္းဆိုတာမွန္ကန္ေၾကာင္း၊ ဒီေန႔မွာေတာ့ အလုပ္သမားေတြကို အလုပ္မလုပ္ရတဲ့ကာလအတြက္ စားေသာက္ဖို႔ ေအဂ်င္စီဘက္က ဘတ္ေငြ ၁ ေသာင္းစီေပးခဲ့တယ္လို႔ဆိုပါတယ္။ ျပႆနာေတြေျဖရွင္ဖို႔ႀကိဳးစားလုပ္ေဆာင္ေနတယ္လို႔ေျပာပါတယ္။

အလုပ္သမားေတြေတာင္းဆိုတာကေတာ့ စာခ်ဳပ္ထားတဲ့ ကုမၸဏီအေနနဲ႔ အလုပ္သမားေတြကိုလက္မခံႏိုင္ေတာ့ဘူးဆိုရင္ ေနာက္ထပ္ သူေဌးဆီမွာ အလုပ္လုပ္ႏိုင္ဖို႔ လႊြဲေျပာင္းစာ႐ြက္ကို တရားဝင္ထုတ္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။ ဒါကို စာခ်ဳပ္ထားတဲ့ထိုင္းေအဂ်င္စီဘက္ကလည္း မထုတ္ေပးႏိုင္ေသးတဲ့အတြက္ အလုပ္သမားေတြက ဆႏၵျပခဲ့တာျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ အလုပ္႐ုံဘက္က တျခားစက္႐ုံကို လႊဲေျပာင္းေပးတာမ်ိဳးမလုပ္ေပးတာကေတာ့ အလုပ္မေပးႏိုင္ဘဲ အလုပ္သမားေတြကိုေခၚသြင္းတာမ်ိဳးလုပ္ရင္ ေနာက္တႀကိမ္ အလုပ္သမားေခၚယူတာေတြ လုပ္ခြင့္မရမွာစိုးတာေၾကာင့္လို႔ အလုပ္သမားေရးေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

အခုဆိုရင္ ထိုင္းႏိုင္ငံထဲကို အလုပ္သမားေတြအလုပ္လာလုပ္တာ ၄ လေက်ာ္ၾကာၿပီျဖစ္ေပမဲ့ စာခ်ဳပ္ပါ အခ်က္ေတြအတိုင္း အလုပ္လုပ္ခြင့္မရတဲ့အတြက္ အခက္အခဲေတြရင္ဆိုင္ေနရတယ္လို႔လည္း အလုပ္သမားေတြဘက္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မြန်မာအလုပ်သမားတွေ MoU ပါ အခွင့်အရေးရဖို့ ဘန်ကောက်သံရုံးကို တောင်းဆို

ထိုင်းနိုင်ငံထဲကိုတရားဝင် MoU နှစ်နိုင်ငံသဘောတူစာချုပ်နဲ့လာပြီး ၄ လကျော်ကြာတဲ့အတွက် စာချုပ်ထဲမှာချုပ်ဆိုတဲ့အတိုင်း အလုပ်လုပ်ခွင့်မရတဲ့အလုပ်သမား ၈၀ ကျော်ဟာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ဘန်ကောက်မြန်သံရုံးထဲဝင်ရောက်ပြီး သူတို့အခက်အခဲတွေဖြေရှင်းပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။သူတို့တွေဟာ မြန်မာသံရုံးထဲမှာညအိပ်ပြီး သူတို့ပြဿနာကိုဖြေရှင်းပေးဖို့တောင်းဆိုခဲ့ကြတာပါ။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကိုတရားဝင် MoU နှစ်နိုင်ငံသဘောတူစာချုပ်နဲ့လာပြီး စာချုပ်ချုပ်တဲ့အလုပ်ရုံမှာအလုပ်လုပ်ခွင့်မရဘဲ ပန်းရံဆိုက် ၂ ခုကို ပို့ဆောင်ခံရတဲ့အလုပ်သမားတွေက အေဂျင်စီတွေကို ဖြေရှင်းပေးဖို့တောင်းဆိုခဲ့တာပါ။ အလုပ်သမားတွေဟာ မြန်မာအလုပ်သမားသံအရာရှိနဲ့ အေဂျင်စီတွေကို သူတို့ပြဿနာတွေကိုဖြေရှင်းပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးနောက်ပိုင်းမှာ သည်းမခံနိုင်တော့တဲ့အတွက် ဘန်ကောက်က မြန်မာသံရုံးကြီးထဲကို ဝင်ရောက်ခဲ့တာဖြစ်ကြောင်း အလုပ်သမားဦးကပြောပြပါတယ်။

“သမီးတို့ နေရာတွေက MOU စာချုပ်ပါ စည်းမျဉ်းနဲ့လည်းလွဲတယ်။ နွံထဘူရီမှာ ကုမ္ပဏီဆိုက်မှာလုပ်ရမယ်ဆိုပြီး ပန်းရံလုပ်ရတယ်။ ဖိုးလမောင်းဆိုတာ ပန်းရံဝင်လုပ်ရတယ်။ သံချည် သံကွေးလုပ်ရတယ်။ နေပူကြီးထဲမှာပေါ့။ MOU စာချုပ်နဲ့လည်းမညီဘူး။ အဲဒါလုပ်ပြီး ဒီဘက် က တရုတ်ဆိုက်ထဲကို ပြန်ပို့တယ်။ ပထုံဌာနီကတရုတ်ဆိုက်ထဲ ပို့တယ်။ သမီးတို့ကမလုပ်နိုင်တော့ အေဂျင်စီကိုအကြောင်းကြားတယ်။ အေဂျင်စီတွေက လာမရှင်းပေးဘူး။ ပတ်စပို့စာအုပ်ကိုလည်းပေးမကိုင်ဘူး။ သမီးတို့လက်ထဲကို စာအုပ်တအောင့် (ခဏ) ပေးကိုင်လိုက်တယ်။ တုံးက မထုပေးဘူး။ အခု AAC ရောက်မှ တုံးတွေထုရတယ်။ ရက်တွေကျော်ကုန်ပြီး ထုရတယ်။ တုံးထုရမယ်ဆိုပြီး လိမ်ပြီးပြန်သိမ်းသွားတယ်။ work permit ကတော့ ရောက်ကတည်းကကို ပေးမကိုင်တာပါ။”

အလုပ်ကနေ မောင်းထုတ်ခံရတဲ့ အလုပ်သမားတွေက AAC မဟာမိတ်အဖွဲ့ကို အကူညီတောင်းခဲ့တာကြောင့် ကူညီပေးခဲ့ရကြောင်းနဲ့ သံရုံးထဲဝင်ရောက်ရတဲ့အခြေအနေကိုလည်း AAC အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက အခုလိုပြောပါတယ်။

“သံရုံးကြီးကနေပြီးတော့ လေဘာသံအရာရှိကိုခေါ်ပြီး စည်းတံဆိပ်တုံးတွေထုပြီး ဘယ်နေ့ ဘယ်ရက်မှာ လုပ်အားခတွေပေးရမယ်၊ ဘယ်နေ့ဘယ်ရက်မှာ အလုပ်သမားတွေကို ကူညီပေးရမယ်၊ စာချုပ်မှာစည်းကမ်းတွေနဲ့မကိုက်တာတွေ ဖြည့်ဆည်းပေးရမယ်ဆိုပြီး ကတိပေးတဲ့နေ့တွေမှာ သံအရာရှိနဲ့ ကုမ္ပဏီက မလုပ်ပေးနိုင်တော့ အလုပ်သမားတွေက သံရုံးထဲဝင်တာ။ ဝင်မရတော့ အတင်းဝင်ပြီး အလုပ်သမားတွေက သံရုံးထဲကိုဝင်တာ မထွက်တော့ဘူး။ ဒီပြဿနာကို မဖြေရှင်းရင်မထွက်ဘူးဆိုပြီး ညအိပ်ပြီးဆန္ဒပြတာ။ အခုလေးတင်ကပဲ ပြေလည်မှု ရှိတာ။ ဒါတောင် နှစ်ရက် သုံးရက်လောက်မှ ပြေလည်မယ်ပြောတာ။ လက်ရှိအနေအထားအရ NEW THREE DIAMONDS COMPANY LIMITED က လူ ၄၃ ယောက်တဖွဲ့၊ မြင့်မြတ်တံခွန်က ၄၀။ အားလုံး ၈၀ ကျော်တာပေါ့။”

အလုပ်သမားတွေဟာ ပြဿနာဖြေရှင်းပေးဖို့ သံရုံးကိုလာတာ ၇ ကြိမ်ရှိပြီလို့လည်း နောက်ထပ်အလုပ်သမားတဦးကပြောပြပါတယ်။

“သားတို့ ဒီတခါနဲ့ဆိုရင် သံရုံးလာတာ ၇ ခေါက်ရှိပြီ။ ၄ ရက်နေ့ထိစောင့်ပါအုံး။ ၂၈ ရက်နေ့ထိ စောင့်ပါအုံး။ ၃၀ ရက်နေ့ထိစောင့်ပါအုံး။ ၂ ရက်နေ့ထိစောင့်ပါအုံးနဲ့ အဲဒီလိုပြောပြီး သားတို့ ဒီမှာလာလိုက်၊ အဲဒီလိုရှင်းပေးမယ်ပြောလိုက်၊ ပြန်သွားလိုက်နဲ့၊ မနေ့ကတော့ သည်းမခံနိုင်တော့ဘူး။ မလုပ်ပေးရင် မပြန်တော့ဘူးပြောလိုက်တယ်။ သူတို့က သံရုံးမှာအိပ်မရဘူးပြောတယ်။”

အလုပ်သမားသံအရာရှိတွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အလုပ်သမားတွေက ပြဿနာဖြေရှင်းပေးဖို့ လာပြီးတောင်းဆိုတာမှန်ကန်ကြောင်း၊ ဒီနေ့မှာတော့ အလုပ်သမားတွေကို အလုပ်မလုပ်ရတဲ့ကာလအတွက် စားသောက်ဖို့ အေဂျင်စီဘက်က ဘတ်ငွေ ၁ သောင်းစီပေးခဲ့တယ်လို့ဆိုပါတယ်။ ပြဿနာတွေဖြေရှင်ဖို့ကြိုးစားလုပ်ဆောင်နေတယ်လို့ပြောပါတယ်။

အလုပ်သမားတွေတောင်းဆိုတာကတော့ စာချုပ်ထားတဲ့ ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေကိုလက်မခံနိုင်တော့ဘူးဆိုရင် နောက်ထပ် သူဌေးဆီမှာ အလုပ်လုပ်နိုင်ဖို့ လွှွဲပြောင်းစာရွက်ကို တရားဝင်ထုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါကို စာချုပ်ထားတဲ့ထိုင်းအေဂျင်စီဘက်ကလည်း မထုတ်ပေးနိုင်သေးတဲ့အတွက် အလုပ်သမားတွေက ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် အလုပ်ရုံဘက်က တခြားစက်ရုံကို လွှဲပြောင်းပေးတာမျိုးမလုပ်ပေးတာကတော့ အလုပ်မပေးနိုင်ဘဲ အလုပ်သမားတွေကိုခေါ်သွင်းတာမျိုးလုပ်ရင် နောက်တကြိမ် အလုပ်သမားခေါ်ယူတာတွေ လုပ်ခွင့်မရမှာစိုးတာကြောင့်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံထဲကို အလုပ်သမားတွေအလုပ်လာလုပ်တာ ၄ လကျော်ကြာပြီဖြစ်ပေမဲ့ စာချုပ်ပါ အချက်တွေအတိုင်း အလုပ်လုပ်ခွင့်မရတဲ့အတွက် အခက်အခဲတွေရင်ဆိုင်နေရတယ်လို့လည်း အလုပ်သမားတွေဘက်ကပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG