သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျခံ အီဂျစ်သမ္မတဟောင်း မူဘာရက် လွတ်ပြီ


ထောင်ဆေးရုံကနေ ပြန်ဆင်းသွားတဲ့ သမ္မတဟောင်း Hosni Mubarak ။
ထောင်ဆေးရုံကနေ ပြန်ဆင်းသွားတဲ့ သမ္မတဟောင်း Hosni Mubarak ။

အီဂျစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က အာရပ်နွေဦးလှုပ်ရှားမှုနောက်ပိုင်း၊ ၆ နှစ်ကြာ ထောင်နဲ့ဆေးရုံမှာ နေခဲ့ရတဲ့ သမ္မတဟောင်း Hosni Mubarak ကို ပြန်လွှတ်ပေးလိုက်ပါပြီ။ သမ္မတဟောင်းဟာ ဒီကနေ့မှာပဲ စစ်ဆေးရုံတခုကနေ ဆင်းသွားခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသတလွှား ရိုက်ခတ်ခဲ့တဲ့ အာရပ်နွေဦး လှုပ်ရှားမှုမှာ မူဘာရက်ခ် ဟာ ပထမဆုံး တရားရုံးတင် အရေးယူခံရတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ ၁၈ ရက်ကြာ အုံကြွမှုတွေအတွင်း သေဆုံးမှုတွေအတွက် တာဝန်ရှိကြောင်း စွပ်စွဲခံခဲ့ရတာပါ။ တခြားအမှုပေါင်း မြောက်များစွာနဲ့လည်း စွပ်စွဲခံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ အမှုတွေက ပလပ်ပေးလိုက်ပါတယ်။

ဒီလဆန်းပိုင်းမှာတော့ လူသတ်မှု စွဲချက်တွေကိုလည်း ပယ်ဖျက်ခဲ့တာပါ။ ရှေ့နေဖြစ်သူ ကတော့ သမ္မတဟောင်း မူဘာရက်ရဲ့ အခုအခါ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်က Heliopolis လူဂုဏ်တန်ရပ်ကွက်မှာ နေထိုင်နေတယ်လို့ ပြောပါတယ်။

အကျဉ်းကျခံ အီဂျစ်သမ္မတဟောင်း မူဘာရက် လွတ်ပြီ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG