သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်နဲ့ မူဆယ် ၁၀၅ မိုင်အနီး တိုက်ပွဲများပြင်းထန်


မူဆယ်- ကျင်စန်းကျော့ ကားကြီးဝင်း ဗုံးကျပြီးမီးလောင်နေစဉ် (ဓာတ်ပုံ-CJ/ယခင်မှတ်တမ်းဓာတ်ပုံ)
မူဆယ်- ကျင်စန်းကျော့ ကားကြီးဝင်း ဗုံးကျပြီးမီးလောင်နေစဉ် (ဓာတ်ပုံ-CJ/ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ဝန်းကျင်နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံအနီးမှာ ကိုးကန့် MNDAA ဦးဆောင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တနင်္ဂနွေနေ့က တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

တနေ့ကတော့ မူဆယ်ခရိုင်တွင်း ကျင်စန်းကျော့နယ်စပ်ဂိတ်ကို MNDAA တပ်တွေက သိမ်းယူခဲ့ပြီး အခုဆိုရင် တရုတ်မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်းဆိုင်းနဲ့ ကျင်စန်းကျော့ဂိတ်တွေကို ထိန်းချုပ်ထားပြီလို့ MNDAA က ထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို စစ်ဆင်ရေးတလပြည့်တဲ့ အခု နိုဝင်ဘာ ၂၇ ရက်နေ့မှာ တနိုင်ငံလုံးအနှံ့သက်ရောက်တဲ့ စစ်ဆင်ရေးအဖြစ် နောက်ထပ် အဆင့်တဆင့်ကို တိုးမြှင့်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ထားပါတယ်။

လက်ရှိအားဖြင့်ဆိုရင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယား ဒေသအခေါ်ကရင်နီပြည်မှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုရှိနေပြီး စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူတာတွေ နေ့စဉ်လိုလို ရှိနေတာပါ။ တချိန်တည်းမှာပဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေနဲ့ နေပြည်တော်၊ ပြင်ဦးလွင်မြို့တွေမှာတော့ စစ်ကောင်စီလုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG