သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္ဘက္မွာ ရြာသားသံုးဦး ေသဆံုးခဲ့မႈ အျဖစ္မွန္ေပၚေပါက္ေရး ဆက္ႀကိဳးပမ္းေန


ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္က ေသဆံုးသြားတဲ့ရုပ္အေလာင္းကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္အတြင္းမွာ တအန္း(ပေလာင္)ရြာသား ၃ ဦး ေသဆံုးမႈအတြက္ တာ၀န္မရွိေၾကာင္း ေဒသခံစစ္တပ္က ျငင္းဆုိလုိက္တာေၾကာင့္ အျဖစ္မွန္ေပၚေပါက္ေရး ဆက္လက္ႀကိဳးပမ္းသြားဖုိ႔ တအန္းစာေပနဲ႔ ယဥ္ေက်းမႈအဖဲြ႔က ျပင္ဆင္ေနတဲ့သတင္းကို ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

ၿပီးခဲ့တဲ့ ေမလကုန္ပိုင္းက မူဆယ္ၿမိဳ႕နယ္ မူလြန္ပန္ခါးအုပ္စု၊ မိုင္းဆက္ရြာအနီး အရပ္သား ၃ ဦးကို တပ္မေတာ္က ဖမ္းဆီးသြားခဲ့ၿပီးေနာက္ ေပ်ာက္ဆံုးေနခဲ့ၿပီး ၃ လေလာက္အၾကာ ၾသဂုတ္လ ၂၀ မွာ အေလာင္းေတြကုိ ေတြ႔ရွိခဲ့တာပါ။

ရြာသား ၃ ဦး ေသဆုံးမႈမွာ တာ၀န္ရွိေၾကာင္း မူဆယ္ၿမိဳ႕ တအန္းစာေပနဲ႔ ယဥ္ေက်းမႈအဖဲြ႔က စြပ္စဲြထားတဲ့ တပ္မ ၉၉ တပ္မမွဴးကေတာ့ စြပ္စြဲထားသူေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ရပ္ရြာလူၾကီးေတြကို ေခၚယူေတြ႔ဆံုၿပီး စံုစမ္းေမးျမန္းခဲ့သလို တပ္ဘက္က က်ဴးလြန္တာရိွရင္ အေရးယူမယ့္အေၾကာင္း ေျပာခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ တပ္မ ၉၉ က အခင္းျဖစ္ပြားတဲ့ ေနရာေဒသဘက္ကို သူတို႔ ၀င္ေရာက္လႈပ္ရွားတာ မရိွေၾကာင္းနဲ႔ အရပ္သားေသဆံုးမႈဟာ သူတို႔နဲ႔ ပတ္သက္မႈ မရိွေၾကာင္း ျငင္းဆိုခဲ့တယ္လုိ႔ မူဆယ္ၿမိဳ႕ တအန္းစာေပနဲ႔ ယဥ္ေက်းမႈအဖဲြ႔ အေထြေထြအတြင္းေရးမွဴး အုိက္သိန္း၀င္းက VOA ကို အခုလို ေျပာပါတယ္။

“သူတုိ႔က စံုစမ္းမယ္ပဲ ေျပာတာ။ စံုစမ္းလား၊ မစံုစမ္းလား မသိဘူးေပါ့ေနာ္။ သူတို႔က ၉၉နဲ႔ ပတ္သက္မႈမရိွေၾကာင္း၊ တပ္မ ၉၉ လႈပ္ရွားမႈ မရိွဘူးဆိုတာပဲ ေျပာတယ္။ ဒါေပမဲ့ ရိွ ရိွ ၊ မရိွ ရိွ တပ္မေတာ္က ေခၚသြားတာေလ။ က်ေနာ္တုိ႔ ဆီမွာ မ်က္ျမင္သက္ေသေတြ ရိွတယ္ေပါ့ေနာ။ အဲဒီ တပ္မမွဴးရဲ႕ PSO ေပါ့၊ က်ေနာ္တုိ႔ ၈ လပိုင္း ၃၁ ရက္ေန႔ကလား၊ ၃၀ လား။ ၉ လပိုင္း ၁ ရက္ေန႔ မတိုင္ခင္ သူက အေၾကာင္း ျပန္လာတယ္။”

ဒီတစ္ပတ္အတြင္းမွာေတာ့ အမႈမွန္ေပၚေပါက္ေရးအတြက္ အထက္ အဆင့္ဆင့္ကို တင္ျပသြားဖုိ႔ ျပင္ဆင္ေနေၾကာင္း အုိက္သိန္း၀င္းက အခုလုိ ဆက္ေျပာပါတယ္။

“သတ္ခံရတဲ့ မိသားစုကေန က်ေနာ္တုိ႔ စာေပယဥ္ေက်းမႈကို အကူအညီေတာင္းလာတာေပါ့ေနာ္။ စာေရးၿပီးမွ၊ အဲဒါကို အေၾကာင္းျပဳၿပီးေတာ့ က်ေနာ္တုိ႔ မူဆယ္ၿမိဳ႕နယ္ရယ္၊ နမ့္ခမ္းၿမိဳ႕နယ္ရယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္ရယ္ ဒီ မူဆယ္ခရုိင္မွာရိွတဲ့ စာေပယဥ္ေက်းမႈ ၃ ၿမိဳ႕နယ္ကို ေပါင္းၿပီးေတာ့ အမႈမွန္ေဖာ္ထုတ္ဖုိ႔ ေကာ္မတီတစ္ရပ္ဖဲြ႔လုိက္တယ္ေပါ့ေနာ္။ အဲဒီေကာ္မတီကေန ပထမဆံုး ဆံုးျဖတ္လုိက္တာက ဒီ တိုင္းမွဴးဆီေပါ့ေနာ္၊ ဒီအမႈမွန္ေပၚေပါက္ေရးကို ၀ိုင္း၀န္းကူညီၿပီးေတာ့ ေဆာင္ရြက္ၿပီးေတာ့မွ ေျဖရွင္းေပးဖုိ႔ေပါ့ေနာ္။ အဲဒါမွာမွ ဘာမွ တံု႔ျပန္မႈမရိွဘူးဆုိရင္ က်ေနာ္တုိ႔က အဆင့္ဆင့္ေပါ့ေနာ္ ဒီ ကက ၾကည္းတုိ႔၊ လူ႔အခြင့္အေရးေကာ္မရွင္တို႔၊ အတုိင္ပင္ခံရံုးတုိ႔ေပါ့ေနာ္။ အဲဒါ ဆက္ၿပီးေတာ့ စာတင္ဖုိ႔ေတာ့ ရိွတယ္။ ဒီတစ္ပတ္အတြင္းေတာ့ တင္ျဖစ္ဖို႔ မ်ားပါတယ္။”

ဒီသတင္းနဲ႔ပတ္သက္လုိ႔ ေမးျမန္းႏိုင္ဖို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံ ေျဖဆိုတာ မရိွပါဘူး။

မူဆယ္ၿမိဳ႕နယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီစိန္ကေတာ့ တပ္မေတာ္အေနနဲ႔ စံုစမ္းေရးအဖဲြ႔ဖဲြ႔ၿပီး စစ္ေဆးေစလုိေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔ တပ္မမွဴးနဲ႔ သြားေတြ႔တဲ့ေန႔တုန္းကေတာ့ တပ္မမွဴးကေတာ့ သူ႔ရဲ႕ တပည့္တပန္းေတြကို ေမးၾကည့္မယ္လုိ႔ ေျပာတာေပါ့။ ေျပာရမယ္ဆုိရင္ တပည့္တပန္းကိုပဲ ေမးၾကည့္မယ္ဆုိတဲ့အခါက်ရင္ အမႈမွန္ မေပၚဘူးလို႔ က်ေနာ္တုိ႔က သံုးသပ္တာေပါ့။ ဘာလို႔လဲဆုိရင္ ဘယ္တပည့္တပန္းကမွ က်ေနာ္မွားပါတယ္ဆုိၿပီး ၀န္ခံဖုိ႔ဆုိတာ မလြယ္ဘူးေလေနာ။ က်ေနာ္တုိ႔ ျဖစ္ေစခ်င္တာကေတာ့ တပ္မမွဴးကေနၿပီးေတာ့မွ စံုစမ္းစစ္ေဆးေရးအဖဲြ႔ေတြ ဘာေတြ ဖဲြ႔ၿပီးေတာ့မွ အမႈမွန္ ေပၚေအာင္ လုပ္ေစခ်င္တာေပါ့။ အဓိက ပြင့္လင္းျမင္သာမႈေပါ့။ အမႈမွန္ မေပၚမခ်င္းေတာ့ က်ေနာ္တုိ႔မွာ တာ၀န္ရိွတဲ့အခါက်ေတာ့ အေျဖမွန္ေပၚေအာင္ေတာ့ က်ေနာ္တို႔ ရွာၾကံရအံုးမွာပါပဲ။”

စက္တင္ဘာလဆန္းပိုင္းကလည္း လားရိႈးၿမိဳ႕နယ္ ဖာလိုင္ရြာသား ၂ ေယာက္ကို ခမရ ၃၆၁ က သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံေတြက စြပ္စဲြေျပာဆိုခဲ့ၿပီး တပ္မေတာ္ဘက္ကေတာ့ တိုက္ပဲြျဖစ္ပြားၿပီး အေသရမိတဲ့ MNDAA ကုိးကန္႔တပ္ဖဲြ႔၀င္ ၂ ဦးျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

MNDAA ကိုးကန္႔အဖဲြ႔က သူတို႔တပ္ဟာ လားရိႈးၿမိဳ႕နယ္အတြင္း မလႈပ္ရွားေၾကာင္းနဲ႔ တပ္မေတာ္နဲ႔ တုိက္ပဲြျဖစ္တာ မရိွေၾကာင္း တံု႔ျပန္တာေတြ ရိွေနပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လကုန္ပိုင္းက ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းက ပစ္ခတ္၊ ရိုက္ႏွက္လို႔ အရပ္သားတစ္ဦးေသဆံုးတာနဲ႔ တစ္ဦးထိခိုက္ဒဏ္ရာရမႈမွာ ေဒသခံေတြ ဆႏၵျပခဲ့တဲ့ေနာက္ တပ္မေတာ္ဘက္က စံုစမ္းစစ္ေဆးၿပီး က်ဴးလြန္တာမွန္ကန္ေၾကာင္း ထုတ္ေဖာ္ခဲ့သလုိ ဇြန္လကုန္ပိုင္းမွာပဲ ရခုိင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ျဖစ္ပြားတဲ့ အဓမၼက်င့္မႈမွာလည္း က်ဴးလြန္သူ တပ္သား ၃ ဦးကို စစ္ေဆးအေရးယူမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္တာေတြ ရိွခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မူဆယ်ဘက်မှာ ရွာသားသုံးဦး သေဆုံးခဲ့မှု အဖြစ်မှန်ပေါ်ပေါက်ရေး ဆက်ကြိုးပမ်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ တအန်း(ပလောင်)ရွာသား ၃ ဦး သေဆုံးမှုအတွက် တာဝန်မရှိကြောင်း ဒေသခံစစ်တပ်က ငြင်းဆိုလိုက်တာကြောင့် အဖြစ်မှန်ပေါ်ပေါက်ရေး ဆက်လက်ကြိုးပမ်းသွားဖို့ တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ပြင်ဆင်နေတဲ့သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက မူဆယ်မြို့နယ် မူလွန်ပန်ခါးအုပ်စု၊ မိုင်းဆက်ရွာအနီး အရပ်သား ၃ ဦးကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့ပြီး ၃ လလောက်အကြာ သြဂုတ်လ ၂၀ မှာ အလောင်းတွေကို တွေ့ရှိခဲ့တာပါ။

ရွာသား ၃ ဦး သေဆုံးမှုမှာ တာဝန်ရှိကြောင်း မူဆယ်မြို့ တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က စွပ်စွဲထားတဲ့ တပ်မ ၉၉ တပ်မမှူးကတော့ စွပ်စွဲထားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်ရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံပြီး စုံစမ်းမေးမြန်းခဲ့သလို တပ်ဘက်က ကျူးလွန်တာရှိရင် အရေးယူမယ့်အကြောင်း ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တပ်မ ၉၉ က အခင်းဖြစ်ပွားတဲ့ နေရာဒေသဘက်ကို သူတို့ ဝင်ရောက်လှုပ်ရှားတာ မရှိကြောင်းနဲ့ အရပ်သားသေဆုံးမှုဟာ သူတို့နဲ့ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ မူဆယ်မြို့ တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အထွေထွေအတွင်းရေးမှူး အိုက်သိန်းဝင်းက VOA ကို အခုလို ပြောပါတယ်။

“သူတို့က စုံစမ်းမယ်ပဲ ပြောတာ။ စုံစမ်းလား၊ မစုံစမ်းလား မသိဘူးပေါ့နော်။ သူတို့က ၉၉နဲ့ ပတ်သက်မှုမရှိကြောင်း၊ တပ်မ ၉၉ လှုပ်ရှားမှု မရှိဘူးဆိုတာပဲ ပြောတယ်။ ဒါပေမဲ့ ရှိ ရှိ ၊ မရှိ ရှိ တပ်မတော်က ခေါ်သွားတာလေ။ ကျနော်တို့ ဆီမှာ မျက်မြင်သက်သေတွေ ရှိတယ်ပေါ့နော။ အဲဒီ တပ်မမှူးရဲ့ PSO ပေါ့၊ ကျနော်တို့ ၈ လပိုင်း ၃၁ ရက်နေ့ကလား၊ ၃၀ လား။ ၉ လပိုင်း ၁ ရက်နေ့ မတိုင်ခင် သူက အကြောင်း ပြန်လာတယ်။”

ဒီတစ်ပတ်အတွင်းမှာတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အထက် အဆင့်ဆင့်ကို တင်ပြသွားဖို့ ပြင်ဆင်နေကြောင်း အိုက်သိန်းဝင်းက အခုလို ဆက်ပြောပါတယ်။

“သတ်ခံရတဲ့ မိသားစုကနေ ကျနော်တို့ စာပေယဉ်ကျေးမှုကို အကူအညီတောင်းလာတာပေါ့နော်။ စာရေးပြီးမှ၊ အဲဒါကို အကြောင်းပြုပြီးတော့ ကျနော်တို့ မူဆယ်မြို့နယ်ရယ်၊ နမ့်ခမ်းမြို့နယ်ရယ်၊ ကွတ်ခိုင်မြို့နယ်ရယ် ဒီ မူဆယ်ခရိုင်မှာရှိတဲ့ စာပေယဉ်ကျေးမှု ၃ မြို့နယ်ကို ပေါင်းပြီးတော့ အမှုမှန်ဖော်ထုတ်ဖို့ ကော်မတီတစ်ရပ်ဖွဲ့လိုက်တယ်ပေါ့နော်။ အဲဒီကော်မတီကနေ ပထမဆုံး ဆုံးဖြတ်လိုက်တာက ဒီ တိုင်းမှူးဆီပေါ့နော်၊ ဒီအမှုမှန်ပေါ်ပေါက်ရေးကို ဝိုင်းဝန်းကူညီပြီးတော့ ဆောင်ရွက်ပြီးတော့မှ ဖြေရှင်းပေးဖို့ပေါ့နော်။ အဲဒါမှာမှ ဘာမှ တုံ့ပြန်မှုမရှိဘူးဆိုရင် ကျနော်တို့က အဆင့်ဆင့်ပေါ့နော် ဒီ ကက ကြည်းတို့၊ လူ့အခွင့်အရေးကော်မရှင်တို့၊ အတိုင်ပင်ခံရုံးတို့ပေါ့နော်။ အဲဒါ ဆက်ပြီးတော့ စာတင်ဖို့တော့ ရှိတယ်။ ဒီတစ်ပတ်အတွင်းတော့ တင်ဖြစ်ဖို့ များပါတယ်။”

ဒီသတင်းနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

မူဆယ်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်ကတော့ တပ်မတော်အနေနဲ့ စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးစေလိုကြောင်း ပြောပါတယ်။

“ကျနော်တို့ တပ်မမှူးနဲ့ သွားတွေ့တဲ့နေ့တုန်းကတော့ တပ်မမှူးကတော့ သူ့ရဲ့ တပည့်တပန်းတွေကို မေးကြည့်မယ်လို့ ပြောတာပေါ့။ ပြောရမယ်ဆိုရင် တပည့်တပန်းကိုပဲ မေးကြည့်မယ်ဆိုတဲ့အခါကျရင် အမှုမှန် မပေါ်ဘူးလို့ ကျနော်တို့က သုံးသပ်တာပေါ့။ ဘာလို့လဲဆိုရင် ဘယ်တပည့်တပန်းကမှ ကျနော်မှားပါတယ်ဆိုပြီး ဝန်ခံဖို့ဆိုတာ မလွယ်ဘူးလေနော။ ကျနော်တို့ ဖြစ်စေချင်တာကတော့ တပ်မမှူးကနေပြီးတော့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဘာတွေ ဖွဲ့ပြီးတော့မှ အမှုမှန် ပေါ်အောင် လုပ်စေချင်တာပေါ့။ အဓိက ပွင့်လင်းမြင်သာမှုပေါ့။ အမှုမှန် မပေါ်မချင်းတော့ ကျနော်တို့မှာ တာဝန်ရှိတဲ့အခါကျတော့ အဖြေမှန်ပေါ်အောင်တော့ ကျနော်တို့ ရှာကြံရအုံးမှာပါပဲ။”

စက်တင်ဘာလဆန်းပိုင်းကလည်း လားရှိုးမြို့နယ် ဖာလိုင်ရွာသား ၂ ယောက်ကို ခမရ ၃၆၁ က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက စွပ်စွဲပြောဆိုခဲ့ပြီး တပ်မတော်ဘက်ကတော့ တိုက်ပွဲဖြစ်ပွားပြီး အသေရမိတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ဝင် ၂ ဦးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

MNDAA ကိုးကန့်အဖွဲ့က သူတို့တပ်ဟာ လားရှိုးမြို့နယ်အတွင်း မလှုပ်ရှားကြောင်းနဲ့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာ မရှိကြောင်း တုံ့ပြန်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက ပစ်ခတ်၊ ရိုက်နှက်လို့ အရပ်သားတစ်ဦးသေဆုံးတာနဲ့ တစ်ဦးထိခိုက်ဒဏ်ရာရမှုမှာ ဒေသခံတွေ ဆန္ဒပြခဲ့တဲ့နောက် တပ်မတော်ဘက်က စုံစမ်းစစ်ဆေးပြီး ကျူးလွန်တာမှန်ကန်ကြောင်း ထုတ်ဖော်ခဲ့သလို ဇွန်လကုန်ပိုင်းမှာပဲ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဖြစ်ပွားတဲ့ အဓမ္မကျင့်မှုမှာလည်း ကျူးလွန်သူ တပ်သား ၃ ဦးကို စစ်ဆေးအရေးယူမှာဖြစ်ကြောင်း သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG