သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားတဲ့ ရွေးကောက်ပွဲမှု နှစ်လအတွင်းစစ်နိုင်ဖို့ သတ်မှတ်


 ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ထောက်ခံမဲပေးခဲ့သူတွေ ရွေးကောက်ပွဲရလဒ်ကို စောင့်ဆိုင်းနေကြစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၂၀)
 ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ထောက်ခံမဲပေးခဲ့သူတွေ ရွေးကောက်ပွဲရလဒ်ကို စောင့်ဆိုင်းနေကြစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၂၀)


[[Zawgyi/Unicode}}

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာအမှုနဲ့ ပတ်သက်လို့ နှစ်လအတွင်းစစ်ဆေးနိုင်ဖို့ စတင်စစ်ဆေးမယ့် ရက် နဲ့ ကြားနာမယ့်ရက်တွေကို ဒီကနေ့ သတ်မှတ်လိုက်ပါတယ်။ ဒီ အမှုကို အပတ်စဉ် တနင်္လာနေ့တိုင်း ကြားနာစစ်ဆေးသွားမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံး မဲမသမာမှုလုပ်တယ်ဆိုပြီး စစ်ကောင်စီဘက်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပြင် NLD အစိုးရ လက်ထက်က ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူကိုပါ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုခဲ့တာပါ။

အဲဒီအမှုအတွက် တရားလိုဘက်ကတင်တဲ့ လိုပြသက်သေ အယောက် ၂၀ ပါတယ်။ ဖေဖော် ဝါရီလ ၂၁ ရက် ရုံးချိန်းမှာတော့ အရင် NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး အမြဲတမ်းအတွင်းဝန်ကို စစ်မှာပါ။ အဲဒီနောက်မှာတော့ တရားလိုဘက်က တင်ပြထားတဲ့ လိုပြသက်သေ အယောက် ၂၀ ကို လာမယ့် ဧပြီလ ၁၈ ရက်နေ့ အထိ အပတ်စဉ် တနင်္လာနေ့ ရုံးချိန်းတိုင်းမှာ စစ်ဆေးမယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode}}







===============

XS
SM
MD
LG