သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္ရွိလႊတ္ေတာ္သက္တမ္းမွာ ဖဲြ႔စည္းပုံျပင္ေရး အကဲခတ္ေတြ သံသယရွိ  


ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္

(Zawgyi/ Unicode)

ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္တဲ့ လုပ္ငန္းစဥ္ေတြကို လက္ရွိလႊတ္ေတာ္သက္တမ္းမွာ အၿပီးေဆာင္ရြက္မယ့္အေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္နာယကက ဒီကေန႔ပဲ ေျပာဆိုလိုက္ပါတယ္။ ဒါေပမဲ့လည္း လႊတ္ေတာ္သက္တမ္း လပုိင္းေလာက္အတြင္း အေရးႀကီးတဲ့ အပုိင္းေတြကုိ ျပင္ဆင္ႏုိင္ပါ့မလား ဆုိတာကုိေတာ့ အကဲခတ္ေတြက သံသယ ရွိေနၾကပါတယ္။ အျပည့္အစုံကုိေတာ့ ဗီြအိုေအ ျမန္မာပုိင္းသတင္းေထာက္ ေမခက စုစည္း တင္ျပထားပါတယ္။

၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒကုိ ျပင္ဆင္ေရး အစီအစဥ္ေတြနဲ႔ ပတ္သက္လုိ႔ လြတ္ေတာ္မွာ အသိေပး ေျပာဆုိရာမွာ လက္ရွိ လႊတ္ေတာ္ သက္တမ္းအတြင္း အၿပီးသတ္မယ့္အေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ေျပာဆိုလိုက္တာပါ။

“ဒီကိစၥကို အရင္ဆံုး စတင္ကတည္းက ဒီသက္တမ္းအတြင္း ေဆာင္ရြက္ႏိုင္မယ့္ လုပ္ငန္းတာ၀န္တခုအေနနဲ႔ စဥ္းစားလက္ခံၿပီး လႊတ္ေတာ္သို႔ တင္ျပေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။ ပထမ သက္တမ္းမွာ ေဆာင္ရြက္ခဲ့မႈအရ မည္သည့္ ဥပေဒၾကမ္း တခုကိုမွ် ေနာက္သက္တမ္းကို ဆက္ၿပီးလြဲယူသြားတဲ့ အစဥ္အလာ မရွိတဲ့အတြက္ အခုလို ဖဲြ႔စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ငန္းကိုလည္း လက္ရွိ သက္တမ္းမွာပဲ ၿပီးစီးေအာင္ ဦးစားေပး ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။”

ဖဲြ႔စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ အဆုိျပဳထားတဲ့ အထဲက တပ္မေတာ္သား ကုိယ္စားလွယ္ေတြရဲ႕ တင္ျပခ်က္တခ်ဳိ႕ကုိေတာ့ မွတ္တမ္းကေန ပယ္ဖ်က္ခဲ့ေၾကာင္းလည္း ျပည္ေထာင္စုလႊတ္ေတာ္ နာယကက ေျပာပါတယ္။

“စကားရပ္မ်ားဟာ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၁၉ နည္းဥပေဒခြဲ (စ) ပါ လႊတ္ေတာ္ပူးေပါင္းေကာ္မတီနဲ႔ ေကာ္မတီ အဖြဲ႔အစည္းမ်ားမွာ ေဆြးေႏြးေဆာင္ရြက္တဲ့ ကိစၥရပ္မ်ားကို ထိပါးပုတ္ခတ္ျခင္း မဖြယ္မရာေသာ အသံုးအႏႈန္းျဖင့္ ေျပာၾကားျခင္းမျပဳရဆိုတဲ့ သတ္မွတ္ခ်က္မ်ား မညီညႊတ္ျခင္း၊ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၁၉ နည္းဥပေဒခြဲ (စ) အျပင္ နည္းဥပေဒခြဲ ( ဋ )ေဆြးေႏြးဆဲ ကိစၥႏွင့္ တိုက္ရိုက္မသက္ဆိုင္တဲ့ စကားမေျပာရဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ မညီညႊတ္ျခင္းနဲ႔ နည္းဥပေဒခြဲ (ခ) (င) (စ) တို႔ပါ သတ္မွတ္ခ်က္မ်ားနဲ႔ မညီညႊတ္ျခင္းတို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ အထက္ပါ လႊတ္ေတာ္ကိုယ္စားလွယ္ ၇ ဦးတို႔ရဲ႕ တင္ျပပါ ေဆြးေႏြးခ်က္ စကားရပ္မ်ားကို လႊတ္ေတာမွတ္တမ္းမွ ႏုတ္ပယ္သြားမည္ျဖစ္ေၾကာင္း ေၾကညာပါတယ္။”

ဖဲြ႔စည္းပုံ ျပင္ဆင္ေရးမွာ အဓိကအဟန္႔အတား ျဖစ္ေနတယ္လုိ႔ ေ၀ဖန္ခံေနရတဲ့ တပ္မေတာ္ ဘက္ကေတာ့ လုိအပ္ရင္ ျပင္ဆင္တာေတြကုိ ေထာက္ခံမွာျဖစ္ေၾကာင္း ေျပာဆုိထားတာပါ။ ဒါေပမဲ့လည္း တပ္မေတာ္သား ကုိယ္စားလွယ္ေတြ အေနနဲ႔ လက္ရွိ အာဏာရ အမ်ဳိးသား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ (NLD) ပါတီက ျပင္ဆင္လုိတဲ့ အခ်က္ေတြကုိ ေထာက္ခံပါ့မလား ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ ဒီလုိ အေျခအေနမ်ဳိးမွာ လက္ရွိလႊတ္ေတာ္ သက္တမ္းအတြင္း အၿပီးသတ္ ျပင္ဆင္မယ့္အေပၚ ႏုိင္ငံေရး၊ စီးပြားေရး ေလ့လာသုံးသပ္သူ ဦးမင္းခင္ တုိ႔လုိ အကဲခတ္ေတြကေတာ့ သံသယရွိေနၾကပါတယ္။

“ဖဲြ႔စည္းပုံ ျပင္ဆင္ဖို႔အတြက္ ဥပေဒၾကမ္း တင္တာကေတာ့ တင္တယ္၊ ဒါေပမယ့္ အဲဒီ ဥပေဒၾကမ္းထဲမွာ ဘယ္အခ်က္ေတြကို ျပင္ႏိုင္မလဲ ဆိုတာကေတာ့ အခု က်န္တဲ့ သက္တမ္းအတြင္းမွာ အမ်ားႀကီး သံသယရွိစရာပါပဲ။ အဲဒီေတာ့ ျပင္ဆင္ေရးလုပ္ႏိုင္မယ္ ဆိုတာပဲ ျဖစ္ႏိုင္မယ္လို႔ ထင္တယ္။ တကယ္တမ္း ျပင္ဆင္ႏိုင္မယ့္အခ်က္ ေတြ႔ဖို႔ဆိုတာကေတာ့ ေတာ္ေတာ္ခက္ခဲတယ္၊ ေတြ႔လာရင္လည္း ျပင္ဆင္ခ်က္ရႏိုင္မယ္လို႔ က်ေနာ္ကေတာ့ မထင္ဘူး။ ႏိုင္ငံေရးအရ ဟိုဘက္ ဒီဘက္ အျပိဳင္အျမတ္ထုတ္ဖို႔မ်ား အဓိက ျဖစ္သြားမလားလို႔ေတာ့ က်ေနာ္မေျပာတတ္ဘူး။”

ႏုိင္ငံေရးမွာ စစ္တပ္ရဲ႕ အခန္းက႑ကုိ တျဖည္းျဖည္း ေလွ်ာ့ခ်သြားဖုိ႔ အပါအ၀င္ ၂၀၀၈ ဖဲြ႔စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး အဆုိျပဳခ်က္ေတြ အေပၚမွာေတာ့ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြၾကား သေဘာထားေတြလည္း ကဲြလဲြေနၾကတာပါ။ ဒီအတြက္လည္း ဖဲြ႔စည္းပုံ ျပင္ဆင္ေရးမွာ ေသခ်ာေဆြးေႏြးညွိႏႈိင္းမႈေတြနဲ႔သာ ေအာင္ျမင္မႈ ရလိမ့္မယ္လုိ႔ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္း ကသုံးသပ္ပါတယ္။

“အဓိက လက္ရွိ ဖြဲ႔စည္းပံုအေျခခံဥပေဒရဲ႕ သေဘာက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မေထာက္ခံရင္လည္း ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္လို႔မရဘူး။ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက မေထာက္ခံရင္လည္း ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္လို႔မရဘူး။ အဲဒီလို ျဖစ္ေနတဲ့ အက်ပ္အတည္းႀကီးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြၾကားမွာ ပြင့္ပြင့္လင္းလင္း အၾကိတ္အနယ္ ညိွႏိႈင္းေဆြးေႏြးၿပီးေတာ့ သေဘာတူညီခ်က္ေတြရေအာင္ လုပ္ႏိုင္မယ္။ အဲဒီ သေဘာတူညီခ်က္ေတြအေပၚမွာ အေျခခံၿပီးေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး လုပ္ငန္းစဥ္ကို ေရွ႕ဆက္ႏိုင္မယ္ဆိုရင္ မျဖစ္မေန ျပင္ဆင္ဖို႔ လိုအပ္တဲ့ ပုဒ္မ အေတာ္မ်ားမ်ားကို ျပင္ဆင္ႏိုင္ဖု႔ိ အလားအလာရွိမယ္လို႔ ျမင္ပါတယ္။”

အတုိက္အခံ ျပည္ေထာင္စု ႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီကေတာ့ အဖဲြ႔၀င္ ၄၅ ဦးပါ ပူးေပါင္းေကာ္မတီ စတင္ဖြဲ႔႔စည္းခ်ိန္မွာပဲ ဖြဲ႔စည္းပုံနဲ႔ မကုိက္ညီေၾကာင္း ကန္႔ကြက္ခဲ့တာပါ။ တပ္မေတာ္သား ကုိယ္စားလွယ္ေတြကလည္း ပူးေပါင္းေကာ္မတီရဲ႕ ေဆြးေႏြးမႈေတြမွာ ပါ၀င္ဖုိ႔ ျငင္းဆန္ထားသလုိ ရခုိင္တုိင္းရင္းသား ကုိယ္စားလွယ္ တခ်ဳိ႕ကလည္း ႏုတ္ထြက္ ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

လက်ရှိလွှတ်တော်သက်တမ်းမှာ ဖွဲ့စည်းပုံပြင်ရေး အကဲခတ်တွေ သံသယရှိ

(Zawgyi/ Unicode)

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိလွှတ်တော်သက်တမ်းမှာ အပြီးဆောင်ရွက်မယ့်အကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်သက်တမ်း လပိုင်းလောက်အတွင်း အရေးကြီးတဲ့ အပိုင်းတွေကို ပြင်ဆင်နိုင်ပါ့မလား ဆိုတာကိုတော့ အကဲခတ်တွေက သံသယ ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက စုစည်း တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ လွတ်တော်မှာ အသိပေး ပြောဆိုရာမှာ လက်ရှိ လွှတ်တော် သက်တမ်းအတွင်း အပြီးသတ်မယ့်အကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောဆိုလိုက်တာပါ။

“ဒီကိစ္စကို အရင်ဆုံး စတင်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်းတာဝန်တခုအနေနဲ့ စဉ်းစားလက်ခံပြီး လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမ သက်တမ်းမှာ ဆောင်ရွက်ခဲ့မှုအရ မည်သည့် ဥပဒေကြမ်း တခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီးလွဲယူသွားတဲ့ အစဉ်အလာ မရှိတဲ့အတွက် အခုလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းကိုလည်း လက်ရှိ သက်တမ်းမှာပဲ ပြီးစီးအောင် ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အဆိုပြုထားတဲ့ အထဲက တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တချို့ကိုတော့ မှတ်တမ်းကနေ ပယ်ဖျက်ခဲ့ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် နာယကက ပြောပါတယ်။

“စကားရပ်များဟာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ နည်းဥပဒေခွဲ (စ) ပါ လွှတ်တော်ပူးပေါင်းကော်မတီနဲ့ ကော်မတီ အဖွဲ့အစည်းများမှာ ဆွေးနွေးဆောင်ရွက်တဲ့ ကိစ္စရပ်များကို ထိပါးပုတ်ခတ်ခြင်း မဖွယ်မရာသော အသုံးအနှုန်းဖြင့် ပြောကြားခြင်းမပြုရဆိုတဲ့ သတ်မှတ်ချက်များ မညီညွှတ်ခြင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ နည်းဥပဒေခွဲ (စ) အပြင် နည်းဥပဒေခွဲ ( ဋ )ဆွေးနွေးဆဲ ကိစ္စနှင့် တိုက်ရိုက်မသက်ဆိုင်တဲ့ စကားမပြောရဆိုတဲ့ သတ်မှတ်ချက်နဲ့ မညီညွှတ်ခြင်းနဲ့ နည်းဥပဒေခွဲ (ခ) (င) (စ) တို့ပါ သတ်မှတ်ချက်များနဲ့ မညီညွှတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့ရဲ့ တင်ပြပါ ဆွေးနွေးချက် စကားရပ်များကို လွှတ်တောမှတ်တမ်းမှ နုတ်ပယ်သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်။”

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိကအဟန့်အတား ဖြစ်နေတယ်လို့ ဝေဖန်ခံနေရတဲ့ တပ်မတော် ဘက်ကတော့ လိုအပ်ရင် ပြင်ဆင်တာတွေကို ထောက်ခံမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်လိုတဲ့ အချက်တွေကို ထောက်ခံပါ့မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒီလို အခြေအနေမျိုးမှာ လက်ရှိလွှတ်တော် သက်တမ်းအတွင်း အပြီးသတ် ပြင်ဆင်မယ့်အပေါ် နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူ ဦးမင်းခင် တို့လို အကဲခတ်တွေကတော့ သံသယရှိနေကြပါတယ်။

“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်း တင်တာကတော့ တင်တယ်၊ ဒါပေမယ့် အဲဒီ ဥပဒေကြမ်းထဲမှာ ဘယ်အချက်တွေကို ပြင်နိုင်မလဲ ဆိုတာကတော့ အခု ကျန်တဲ့ သက်တမ်းအတွင်းမှာ အများကြီး သံသယရှိစရာပါပဲ။ အဲဒီတော့ ပြင်ဆင်ရေးလုပ်နိုင်မယ် ဆိုတာပဲ ဖြစ်နိုင်မယ်လို့ ထင်တယ်။ တကယ်တမ်း ပြင်ဆင်နိုင်မယ့်အချက် တွေ့ဖို့ဆိုတာကတော့ တော်တော်ခက်ခဲတယ်၊ တွေ့လာရင်လည်း ပြင်ဆင်ချက်ရနိုင်မယ်လို့ ကျနော်ကတော့ မထင်ဘူး။ နိုင်ငံရေးအရ ဟိုဘက် ဒီဘက် အပြိုင်အမြတ်ထုတ်ဖို့များ အဓိက ဖြစ်သွားမလားလို့တော့ ကျနော်မပြောတတ်ဘူး။”

နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချသွားဖို့ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေ အပေါ်မှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေကြား သဘောထားတွေလည်း ကွဲလွဲနေကြတာပါ။ ဒီအတွက်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ သေချာဆွေးနွေးညှိနှိုင်းမှုတွေနဲ့သာ အောင်မြင်မှု ရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း ကသုံးသပ်ပါတယ်။

“အဓိက လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သဘောက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ မထောက်ခံရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရဘူး။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက မထောက်ခံရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရဘူး။ အဲဒီလို ဖြစ်နေတဲ့ အကျပ်အတည်းကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ ပွင့်ပွင့်လင်းလင်း အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက်တွေရအောင် လုပ်နိုင်မယ်။ အဲဒီ သဘောတူညီချက်တွေအပေါ်မှာ အခြေခံပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်မယ်ဆိုရင် မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်တဲ့ ပုဒ်မ အတော်များများကို ပြင်ဆင်နိုင်ဖု့ိ အလားအလာရှိမယ်လို့ မြင်ပါတယ်။”

အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ အဖွဲ့ဝင် ၄၅ ဦးပါ ပူးပေါင်းကော်မတီ စတင်ဖွဲ့စည်းချိန်မှာပဲ ဖွဲ့စည်းပုံနဲ့ မကိုက်ညီကြောင်း ကန့်ကွက်ခဲ့တာပါ။ တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ပူးပေါင်းကော်မတီရဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ ငြင်းဆန်ထားသလို ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကလည်း နုတ်ထွက် ထားကြပါတယ်။

XS
SM
MD
LG