သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပထမဆုံးအကြိမ် မဲပေးမယ့်သူများ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေး တခု မြင်ကွင်း။ (ဇူလိုင် ၁၅၊ ၂၀၂၀)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေး တခု မြင်ကွင်း။ (ဇူလိုင် ၁၅၊ ၂၀၂၀)

(Zawgyi/Unicode)

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၂၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရကြမယ့် မဲဆန္ဒရှင်အရေအတွက် ၅ သန်း ပတ်ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလိုမဲဆန္ဒရှင်တွေအပြင် အရင်ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဲမပေးခဲ့ရဘဲ အခုလာမယ့်ရွေးကောက်ပွဲမှာမှ မဲပေးကြမယ့်သူတွေလည်း ရှိနေပါသေးတယ်။

ဒီရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရကြမယ့် မဲဆန္ဒရှင်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးပါပါသလဲ၊ သူတို့ မဲပေးတဲ့အခါမှာ ဘယ်အချက်ကို အဓိကကြည့်ပြီး မဲပေးဖို့ ဆုံးဖြတ်ဖွယ်ရှိပါသလဲ အမျိုးသမီးမဲဆန္ဒရှင်တွေကရော ဘယ်လိုအချက်ကို အဓိကကြည့်ဖွယ်ရှိပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ရပါမယ်။

The Fifth Pillar အဖွဲ့က လုပ်ငန်းအစီအစဉ်ဒါရိုက်တာလည်းဖြစ် ရှေ့နေလည်းဖြစ်သူ ဦးနေဝင်းနိုင်၊ ဖန်တီးအိမ် (Creative Home) အဖွဲ့က ဒါရိုက်တာ ဒေါ်ခင်လေးငယ်တို့ ပါဝင်ဆွေးနွေးထားကြပါတယ်။

------------------------

(Unicode)






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG