သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရန္ကုန္၊ မႏၲေလးနဲ႔ ၿမိဳ႕တခ်ိဳ႕မွာ လုံၿခဳံေရးတင္းက်ပ္မႈၾကား ဆႏၵျပ


စစ္အာဏာရွင္ဆန္႔က်င္ေရး မႏၱေလးၿမိဳ႕က ဆႏၵျပပြဲတခု။ (ေဖေဖာ္ဝါရီ ၁၊ ၂၀၂၂)

(Zawgyi / Unicode)

ျမန္မာႏုိ္င္ငံမွာ ေရြးေကာက္ခံအစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္က အာဏာသိမ္းယူခဲ့တာ ၁၃ လနီးပါး ၾကာလာၿပီျဖစ္ေပမယ့္ စစ္အာဏာသိမ္းမႈကို လက္မခံ ဆန္႔က်င္ကန္႔ကြက္တာေတြ ျပည္တြင္း ေဒသအမ်ားအျပားမွာ ဆက္ရွိေနဆဲပါ။

ရန္ကုန္၊ ေျမာက္ဥကၠလာအရပ္မွာ ဒီကေန႔ ႏိုင္ငံအလံကုိ မီး႐ိႈ႕ၿပီး စစ္အာဏာသိမ္းတာကို ဆန္႔က်င္ဆဲျဖစ္ေၾကာင္း ျပသခဲ့ၾကပါတယ္။ ဒါ့အျပင္ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ ႐ုရွားရဲ႕လုပ္ရပ္ကို ကန္႔ကြက္တဲ့အေနနဲ႔ ႐ုရွားအလံကုိလည္း မီး႐ိႈ႕ ဆႏၵျပခဲ့ၾကပါတယ္။

မႏၲေလးမွာလည္း စစ္ေကာင္စီတပ္နဲ႔ ရဲက စစ္ေဆး ဖမ္းဆီးတာေတြ လုပ္ေနတဲ့ၾကားမွာပဲ ၿမိဳ႕လယ္ေခါင္မွာ စုေဝး ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကိုင္းတုိင္းက ယင္းမာပင္-ဆားလင္းႀကီး ရြာေပါင္းစံု လူငယ္ေတြ သပိတ္စစ္ေၾကာင္းထြက္ ဆႏၵျပခဲ့ၾကသလို ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕မွာလည္း အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ သံပံုးတီးသပိတ္နဲ႔ ခ်ီတက္ဆႏၵျပပြဲ ရွိခဲ့ပါတယ္။

ရန္ကုန္နဲ႔ မႏၲေလးလို ၿမိဳ႕ႀကီးေတြမွာ အာဏာသိမ္းစစ္တပ္ကို ဗံုးခြဲတိုက္ခိုက္တာေတြ မၾကာခန ျဖစ္ေနသလို ကခ်င္၊ ကရင္၊ ကယား၊ စစ္ကိုင္း၊ မေကြး စတဲ့ေဒသေတြမွာလည္း လက္နက္ကိုင္ တုိက္ခုိက္တာေတြ ဆက္ျဖစ္ေနပါတယ္။

စစ္ေကာင္စီကလည္း ဆန္႔က်င္သူေတြကို အျပင္းအထန္ အင္အားသံုး ႏွိမ္နင္းေနၿပီး ခြဲျခားမႈမရွိ ဖမ္းဆီး စစ္ေဆးတာ၊ ႏွိပ္စက္ညႇဥ္းပန္းတာေတြ ဆက္လုပ္ေနပါတယ္။

စစ္တပ္အာဏာသိမ္းယူခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ဒီႏွစ္ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔အထိဆိုရင္ စစ္ေကာင္စီလက္ခ်က္ေၾကာင့္ ေသဆံုးသူေပါင္း ၁,၅၈၂ ေယာက္ရွိၿပီလို႔ ေစာင့္ၾကည့္ မွတ္တမ္းတင္ေနတဲ့ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။

ဖမ္းဆီးခံရ၊ စြဲခ်က္တင္ခံရ ဒါမွမဟုတ္ အက်ဥ္းခ်ခံရသူ အေရအတြက္ဟာလည္း ၉,၄၀၀ နီးပါးရွိၿပီလို႔ AAPP က ေျပာပါတယ္။ စစ္ေကာင္စီကေတာ့ AAPP ရဲ႕ ကိန္းဂဏန္းေတြဟာ လုပ္ႀကံခ်ဲ႕ကားထားတာလို႔ တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရန်ကုန်၊ မန္တလေးနဲ့ မြို့တချို့မှာ လုံခြုံရေးတင်းကျပ်မှုကြား ဆန္ဒပြ

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တာ ၁၃ လနီးပါး ကြာလာပြီဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုကို လက်မခံ ဆန့်ကျင်ကန့်ကွက်တာတွေ ပြည်တွင်း ဒေသအများအပြားမှာ ဆက်ရှိနေဆဲပါ။

ရန်ကုန်၊ မြောက်ဥက္ကလာအရပ်မှာ ဒီကနေ့ နိုင်ငံအလံကို မီးရှို့ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆဲဖြစ်ကြောင်း ပြသခဲ့ကြပါတယ်။ ဒါ့အပြင် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားရဲ့လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားအလံကိုလည်း မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲက စစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေတဲ့ကြားမှာပဲ မြို့လယ်ခေါင်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ လူငယ်တွေ သပိတ်စစ်ကြောင်းထွက် ဆန္ဒပြခဲ့ကြသလို ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာလည်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သံပုံးတီးသပိတ်နဲ့ ချီတက်ဆန္ဒပြပွဲ ရှိခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ အာဏာသိမ်းစစ်တပ်ကို ဗုံးခွဲတိုက်ခိုက်တာတွေ မကြာခန ဖြစ်နေသလို ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေမှာလည်း လက်နက်ကိုင် တိုက်ခိုက်တာတွေ ဆက်ဖြစ်နေပါတယ်။

စစ်ကောင်စီကလည်း ဆန့်ကျင်သူတွေကို အပြင်းအထန် အင်အားသုံး နှိမ်နင်းနေပြီး ခွဲခြားမှုမရှိ ဖမ်းဆီး စစ်ဆေးတာ၊ နှိပ်စက်ညှဉ်းပန်းတာတွေ ဆက်လုပ်နေပါတယ်။

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိဆိုရင် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူပေါင်း ၁,၅၈၂ ယောက်ရှိပြီလို့ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရ၊ စွဲချက်တင်ခံရ ဒါမှမဟုတ် အကျဉ်းချခံရသူ အရေအတွက်ဟာလည်း ၉,၄၀၀ နီးပါးရှိပြီလို့ AAPP က ပြောပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ ကိန်းဂဏန်းတွေဟာ လုပ်ကြံချဲ့ကားထားတာလို့ တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG