သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်လုပ်တာ အမျိုးသားရေးမဟုတ်၊ အမျိုးသားနိုင်ငံရေးဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြော


တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့
ဝဲမှယာ - ဗိုလ်ချုပ်ထွန်းထွန်းညီ၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၉)
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဝဲမှယာ - ဗိုလ်ချုပ်ထွန်းထွန်းညီ၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၉)

တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အစဉ်တစိုက်ပါဝင်ရန် ဦးတည်တယ်လို့ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း တပ်မတော်က ဆောင်ရွက်နေတာဟာ အမျိုးသားရေးဆိုတာထက် အမျိုးသားနိုင်ငံရေးဖြစ်တယ် လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အခု ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူက အမျိုးသားရေးဆိုပြီး လုပ်ဆောင်တာတွေအပေါ် တပ်မတော်ရဲ့သဘောထားကို ဒီကနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တဦးက မေးတာကို အခုလို ပြန်ဖြေသွားတာပါ။

“ ဦးဝီရသူနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲပြဿနာတွေ ဒီမေးခွန်းကလည်း အတိုင်ပင်ခံရုံးရဲ့သတင်းစာရှင်းလင်းပွဲမှာ မေးပြီးဖြစ်ပါတယ်။ မေးပြီးဖြစ်တဲ့အတွက် ဒီဟာတွေက နိုင်ငံတော်အဆင့်က ဆောင်ရွက်ရမယ့်အတွက် ဦးဇော်ဌေးကလည်း ရှင်းလင်းပြီးဖြစ်တယ်။ သူတို့ စီစဉ်ဆောင်ရွက်ပြီးပါပြီလို့လည်း ပြောပါတယ်။ ခုနက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆရာတော်ဦးဝီရသူနဲ့ ဆက်ဆံရေးဆိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွမ်းကပ်တယ်ဆိုတာက သံဃဿ၊ သံဃာကိုရည်မှန်းပြီးကပ်တာပါ၊ မည်သည့်သံဃာကိုမဆို ကပ်မှာပါ၊ မည်သည့်သံဃာကို မဆို ကပ်မှာပဲဖြစ်ပါတယ်။ သံဃာကို ရည်မှန်းပြိး ဆွမ်းဆက်ကပ် လျူဒါန်းခြင်းပဲ ဖြစ်ပါတယ်။"

တပ်မတော်ဘက်က အပစ်ရပ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်တာတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရဲ့ စည်းကမ်းဖောက်ဖျက်မှုဆိုတာတွေ၊ တပ်မတော်က တာဝန်ထမ်းဆောင်နေတဲ့ အခြေအနေတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ၂ နာရီကြာ သတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့က ရှင်းလင်းပြောဆိုသွားကြပါတယ်။

XS
SM
MD
LG