သုံးရလွယ်ကူစေသည့် Link များ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက နောက်ထပ်ကျေးရွာတခု မီးရှို့ခံရ


ပုလဲမြို့နယ်အတွင်း မီးရှို့ခံရတဲ့ ကျေးရွာများပြမြေပုံ။ (ပုံ - themimu.info)
ပုလဲမြို့နယ်အတွင်း မီးရှို့ခံရတဲ့ ကျေးရွာများပြမြေပုံ။ (ပုံ - themimu.info)

(Zawgyi / Unicode)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ကတည်းကစပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံနေရတာမှာ ဖေဖော်ဝါရီလ ၅ ရက် ဒီကနေ့မနက်ပိုင်းက လှော်ကားကျေးရွာ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနက် ၁ နာရီခွဲဝန်းကျင်မှာ စပြီးရှို့တာပေါ့။ ၁ နာရီခွဲဝန်းကျင်မှာ စပြီးရှို့တယ်၊ မနက် သူတို့ထွက်ခါနီး တခါရှို့တယ်ဆိုတော့ မီး ၂ ခါရှို့တာ ရွာရဲ့ ၉၅ ရာခိုင်နှုန်းလောက် မီးလောင်ပြင်ဖြစ်သွားတယ်။ ကိုင်းတန်းရှို့ပြီးတော့ နာရီဝက်လောက်နေတော့ တခါတည်း ဆက်တိုက်ရှို့သွားတာ။”

စစ်ကောင်စီတပ်တွေက မီးရှို့တာလို့ ဒေသခံတွေက ပြောပေမယ့် ဒီအပေါ် ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီလ ၃၀ ရက်နေ့တုန်းကတော့ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှာရှိတဲ့ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေရဲ့ စခန်းနဲ့ ကျေးရွာအနီးတဝိုက်ကို PDF တွေ ဝင်တိုက်ပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း မွေ့တုံ (မွေ့ဘုံ) ရွာနဲ့ ပန်းရွာ၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကိုင်းတွင်းရွာတွေ မီးရှို့ခံခဲ့ရပြီး အခု ဒီကနေ့မနက် လင်းအားကြီးမှာတော့ လှော်ကားရွာပါ မီးရှို့ခံရတာပါ။ ဒီမီးကြောင့် အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ လှော်ကားရွာမှာ အိမ်ခြေ ၆၀၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့လည်း ရွာခံက ပြောပါတယ်။

အင်မထီးရွာ မီးရှို့ခံရတဲ့သတင်းကို စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပေမယ့် ကျန်တဲ့ရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။ အခု မီးရှို့ခံရတဲ့ ရွာလေးရွာပေါင်း အိမ်ခြေ ၁,၀၀၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး အိုးအိမ်စွန့်ထွက်ပြေးရသူ ၅,၀၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG