(Zawgyi / Unicode)
ျမန္မာစစ္ဘက္အေနနဲ႔ အရပ္သားျပည္သူေတြကို အကာအကြယ္ေပးရမယ့္ တာဝန္ကို လုိက္နာဖို႔နဲ႔ ႏုိင္ငံတကာ တရားခံု႐ံုး (ICJ) က ဒီႏွစ္အေစာပိုင္းမွာ ခ်မွတ္ထားတဲ့ အမိန္႔ကို ေလးစားဖို႔ ၿဗိတိန္ႏုိင္ငံျခားေရးဌာန၊ အာရွေရးရာဝန္ႀကီးနဲ႔ ျမန္မာႏုိင္ငံအေျခစိုက္ သံတမန္ေတြက တိုက္တြန္းလိုက္ပါတယ္။
ရခုိင္ျပည္နယ္တြင္း ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့အေပၚ အထူးစိုးရိမ္တဲ့အေၾကာင္း ဇြန္လ ၂၇ ရက္၊ စေနေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္ထဲမွာ ဝန္ႀကီး Nigel Adams က အဲဒီလို တို္က္တြန္းထားတာပါ။
ျမန္မာႏုိင္ငံအေျခစိုက္ ၾသစေၾတးလ်၊ ကေနဒါ၊ ယူေကနဲ႔ အေမရိကန္ သံတမန္ေတြကလည္း အလားတူ တုိက္တြန္းခ်က္တခုကုိ တရက္တည္းမွာပဲ ထုတ္ျပန္တာ ျဖစ္ပါတယ္။
ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးေတြက အရပ္သား ျပည္သူေတြအေပၚမွာ ဆိုးရြားတဲ့ အက်ိဳးဆက္ေတြကို ျဖစ္ေပၚေစၿပီး လူေတြရဲ႕ အသက္အႏၲရာယ္ေတြ က်ေရာက္ေစသလို သူတုိ႔ရဲ႕ ပိုင္ဆုိင္တဲ့ အိုးအိမ္ပစၥည္းေတြနဲ႔ အသက္ေမြး၀မ္းေက်ာင္း လုပ္ငန္းေတြအေပၚမွာ ထိခုိက္မႈေတြ ျဖစ္ေစတယ္လို႔လည္း ဝန္ႀကီး Adams က ေျပာထားပါတယ္။
ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာအုပ္စုတေလွ်ာက္ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ခ်က္ေတြနဲ႔ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းမွာ ပိုဆိုးလာတဲ့ လူသားခ်င္း စာနာေထာက္ထားမႈနဲ႔ လံုၿခံဳေရးဆိုင္ရာ အေျခအေနေတြအေပၚ အထူးစိုးရိမ္တဲ့အေၾကာင္း သံတမန္ေတြကလည္း ေျပာထားပါတယ္။
ကိုယ့္ေနရပ္ကိုစြန္႔ၿပီး တျခားေနရာမွာ ခိုလံႈဖို႔ မျဖစ္ႏုိင္တဲ့ ျပည္သူေတြကို သူတို႔ေနထိုင္တဲ့ ေဒသေတြမွာပဲ ေနထိုင္ခြင့္ျပဳဖို႔ လက္နက္ကိုင္ အဖြဲ႔အစည္း အားလံုးကုိ သံတမန္ေတြက တိုက္တြန္းထားပါတယ္။
-----------------------------------
(Unicode)
ICJ ဆုံးဖြတ်ချက် တပ်မတော် လေးစားလိုက်နာဖို့ ဗြိတိန်ဝန်ကြီးနဲ့ သံတမန်တွေ တိုက်တွန်း
မြန်မာစစ်ဘက်အနေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရမယ့် တာဝန်ကို လိုက်နာဖို့နဲ့ နိုင်ငံတကာ တရားခုံရုံး (ICJ) က ဒီနှစ်အစောပိုင်းမှာ ချမှတ်ထားတဲ့ အမိန့်ကို လေးစားဖို့ ဗြိတိန်နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီးနဲ့ မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း ဇွန်လ ၂၇ ရက်၊ စနေနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဝန်ကြီး Nigel Adams က အဲဒီလို တိုက်တွန်းထားတာပါ။
မြန်မာနိုင်ငံအခြေစိုက် သြစတြေးလျ၊ ကနေဒါ၊ ယူကေနဲ့ အမေရိကန် သံတမန်တွေကလည်း အလားတူ တိုက်တွန်းချက်တခုကို တရက်တည်းမှာပဲ ထုတ်ပြန်တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေက အရပ်သား ပြည်သူတွေအပေါ်မှာ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပြီး လူတွေရဲ့ အသက်အန္တရာယ်တွေ ကျရောက်စေသလို သူတို့ရဲ့ ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်းတွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအပေါ်မှာ ထိခိုက်မှုတွေ ဖြစ်စေတယ်လို့လည်း ဝန်ကြီး Adams က ပြောထားပါတယ်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတလျှောက် တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်တွေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ပိုဆိုးလာတဲ့ လူသားချင်း စာနာထောက်ထားမှုနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေအပေါ် အထူးစိုးရိမ်တဲ့အကြောင်း သံတမန်တွေကလည်း ပြောထားပါတယ်။
ကိုယ့်နေရပ်ကိုစွန့်ပြီး တခြားနေရာမှာ ခိုလှုံဖို့ မဖြစ်နိုင်တဲ့ ပြည်သူတွေကို သူတို့နေထိုင်တဲ့ ဒေသတွေမှာပဲ နေထိုင်ခွင့်ပြုဖို့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို သံတမန်တွေက တိုက်တွန်းထားပါတယ်။