သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုလဲ NLD ႐ုံးကို စစ္ေကာင္စီတပ္ေတြ ဝင္ဖ်က္ဆီး


ရန္ကုန္ၿမိဳ႕မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြကို ဖမ္းဆီးေနတဲ့ ျမင္ကြင္း။ (မတ္ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ကိုင္းတုိင္း ပုလဲၿမိဳ႕နယ္က အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ႐ုံးကို စစ္ေကာင္စီတပ္ဖဲြ႔ဝင္ေတြ ဒီေန႔မွာ ေသနတ္ေတြနဲ႔ ပစ္ခတ္ၿပီး ဝင္ေရာက္ ဖ်က္ဆီးသြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုလို တုိက္ခုိက္မႈေၾကာင့္ ႐ုံးအတြင္း ထိခုိက္ပ်က္စီးမႈေတြ ရွိခဲ့ေပမယ့္ လူေတြ ဖမ္းဆီးခံရတာ၊ ထိခုိက္ဒဏ္ရာ ရတာေတြေတာ့ မရွိဘူးလို႔ ေျပာပါတယ္။ ပုလဲၿမိဳ႕က NLD ႐ုံး တုိက္ခုိက္ခံရတာ အပါအဝင္ ႏုိင္ငံတဝန္းက ဆႏၵျပပဲြ ေနာက္ဆုံးအေျခအေနေတြကို ကုိရန္ႏုိင္ တင္ျပေပးထားပါတယ္။

ႏုိင္ငံတဝန္းမွာ စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ၊ လူထုလႈပ္ရွားမႈေတြကို စစ္ေကာင္စီတပ္ေတြဘက္က အျပင္းအထန္ ဖိႏွိပ္တာေတြ ဖမ္းဆီးတာေတြ လုပ္ေနခ်ိန္မွာပဲ လူထုလႈပ္ရွားမႈေတြ အားေကာင္းတဲ့ စစ္ကိုင္းတုိင္းက ပုလဲၿမိဳ႕နယ္ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီ႐ုံးကို စစ္ေကာင္စီတပ္ဖဲြ႔ေတြက ဒီေန႔မွာ ဝင္ေရာက္ဖ်က္ဆီးခဲ့ပါတယ္။ ခ်င္းျပည္နယ္ ဂန္႔ေဂါၿမိဳ႕နယ္ဘက္ကေန ျပန္လာတဲ့ စစ္ေကာင္စီတပ္ေတြက ပုလဲၿမိဳ႕ NLD ပါတီ႐ုံးကို ဝင္ေရာက္ဖ်က္ဆီးၿပီး ပစ္ခတ္တာေတြ လုပ္သြားခဲ့တာျဖစ္တယ္လို႔ ပုလဲၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“သူတုိ႔ ပုလဲ႐ုံးထဲကို ဝင္ၿပီး ႐ုံးကို ေသနတ္နဲ႔ ပစ္တယ္ေပါ့ဗ်ာ။ ၿပီးေတာ့ ႐ုံးတံခါးမွာ တပ္ဆင္ထားတဲ့ မွန္ေတြကို ႐ုိက္ခဲြတယ္။ ႐ုံးအတြင္းထဲက ပစၥည္းေတြ အကုန္ဖ်က္ဆီးတယ္၊ အဲဒါေတြလုပ္သြားတယ္။ ဒီေန႔ ညေနပိုင္း ၂ နာရီခဲြေလာက္က စၿပီး ဖ်က္ဆီးတာေပါ့။ ခ်င္းျပည္နယ္ဘက္က ျပန္လာတဲ့ စစ္ကားေတြ သူတုိ႔ ႐ုံးအေရွ႕မွာ ရပ္ၿပီးေတာ့ ဝင္ဖ်က္ဆီးသြားတာ။ ပစ္တာကေတာ့ ႐ုံးထဲမွာ က်ည္အခြံ ၃ ေတာင့္ေတာ့ရွိတယ္။”

စစ္ေကာင္စီဘက္က တပ္ဖဲြ႔ဝင္အင္အား ဘယ္ေလာက္ပါဝင္တယ္ဆုိတာ မသိရေပမယ့္ စစ္ကားအစီးေရ ၂၂ စီးေလာက္ရွိတယ္လို႔ ခန္႔မွန္းေၾကာင္း ၿမိဳ႕ခံေတြက ေျပာပါတယ္။ အဲဒီလို တုိက္ခုိက္ဖ်က္ဆီးခဲ့တဲ့အခ်ိန္မွာ ႐ုံးအတြင္းမွာ ဘယ္သူမွမရွိတာေၾကာင့္ ထိခုိက္ဒဏ္ရာရတာ၊ ဖမ္းဆီးခံရတာေတြ မရွိေပမယ့္ ႐ုံးတြင္းက ပစၥည္းေတြ အေတာ္မ်ားမ်ား ဖ်က္ဆီးခံလိုက္ရတယ္လို႔ အဆုိပါၿမိဳ႕ခံက ေျပာပါတယ္။

“ဖမ္းမသြားဘူးဗ်။ ဒီေန႔က စေနေန႔ဆုိေတာ့ ႐ုံးမွာေနတဲ့ အဖဲြ႔ေတြကလည္း မရွိဘူးေလ။ ေန႔တုိင္းကေတာ့ ႐ုံးမွာ ၂ ေယာက္ ၃ ေယာက္ ပုံမွန္ရွိတယ္။ စေန၊ တနဂၤေႏြကေတာ့ ႐ုံးကို ပိတ္ထားတာဆုိေတာ့ လူက မရွိၾကတာေပါ့။ ဘယ္ေလာက္ေလာက္ ထိခုိက္ပ်က္စီးသြားသလဲဆုိေတာ့ ႐ုံးမွာထားတဲ့ ဘီဒိုေတြအကုန္လုံး တြန္းလွဲသြားတယ္။ အိပ္စင္ေတြအကုန္လုံး ႐ုံးအျပင္ဘက္ထုတ္ ႐ုိက္ခ်ိဳးသြားတယ္။ စာအုပ္စင္ေတြ လွဲသြားတယ္၊ ထုိင္ခုံေတြ ႐ုိက္ခ်ိဳးသြားတယ္။ လွ်ပ္စစ္ပစၥည္းေတြ မီးဖုိေတြကိုလည္း လႊင့္ပစ္သြားတယ္၊ ႐ုိက္ခဲြသြားတယ္။”

တခ်ိန္တည္းမွာပဲ အာဏာသိမ္းစစ္ေကာင္စီကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြလည္း ႏုိင္ငံတဝန္းက ၿမိဳ႕ေတြမွာ ဆက္လက္ျဖစ္ပြားေနပါတယ္။

ရန္ကုန္မွာဆုိရင္လည္း ပန္းဘဲတန္းၿမိဳ႕နယ္ အေနာ္ရထာလမ္းမေပၚနဲ႔ ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္ေတြမွာ လူငယ္ေတြ ရာနဲ႔ခ်ီၿပီး ေျပာက္က်ားသပိတ္ေတြ ဆင္ႏႊဲခဲ့ၾကၿပီး ဖမ္းဆီးခံရတာတခ်ိဳ႕ ရွိတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ မႏၱေလးၿမိဳ႕မွာဆုိရင္လည္း သက္ဆုိင္ရာ သပိတ္စစ္ေၾကာင္းအလိုက္ ခ်ီတက္ဆႏၵျပခဲ့ၾကတယ္လို႔ ျမေတာင္သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတဦးက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တုိ႔က အဓိကထြက္တာက ျမေတာင္စစ္ေၾကာင္းေပါ့၊ ျမေတာင္စစ္ေၾကာင္းရယ္ သံဃသမဂၢ စစ္ေၾကာင္းေပါ့။ ဗလတရယ္၊ ေက်ာင္းသားလူငယ္ရယ္ ၂ ခုေတာ့ ပါတာေပါ့။ က်န္တာကေတာ့ သံဃာမ်ားတာေပါ့။ မႏၱေလးမွာေတာ့ သပိတ္စစ္ေၾကာင္းကေတာ့ က်ေနာ္တုိ႔က တကသတုိ႔၊ ခ်မ္းျမသာစည္ သပိတ္စစ္ေၾကာင္းတုိ႔၊ တပ္ေပါင္းစုသပိတ္၊ တမၸဝတီသပိတ္၊ ဘုရားႀကီးစစ္ေၾကာင္းတုိ႔၊ စိန္ပန္းစစ္ေၾကာင္းနဲ႔ က်ေနာ္တုိ႔ သံဃသမဂၢ စစ္ေၾကာင္းတုိ႔ေပါ့။”

ဒါ့အျပင္ မုံရြာ၊ ဆားလင္းႀကီး၊ လက္ပံေတာင္း၊ ကေလး၊ ျမင္းၿခံ၊ ေပါင္၊ ဘုရားသုံးဆူ၊ ထားဝယ္၊ သရက္ေခ်ာင္း စတဲ့ၿမိဳ႕နယ္ေတြမွာလည္း စစ္အာဏာရွင္ျပဳတ္က်ေရး ဆႏၵျပလႈပ္ရွားမႈေတြ ရွိခဲ့ပါတယ္။

ဒီေန႔မွာဆုိရင္ တခ်ိန္က တပါတီအာဏာရွင္စနစ္ကုိ ေတာ္လွန္ခဲ့တာေၾကာင့္ ႀကိဳးေပးကြပ္မ်က္ခံခဲ့ရတဲ့ တကၠသိုလ္ေက်ာင္းသားေခါင္းေဆာင္ ဆလိုင္းတင္ေမာင္ဦး ကြယ္လြန္တဲ့ ၄၅ ႏွစ္ျပည့္ အထိမ္းအမွတ္ ျဖစ္တာေၾကာင့္ ႏုိင္ငံတဝန္း ဆႏၵျပတဲ့သူေတြက သူ႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ သူ႔ကို ႀကိဳးမေပးခင္ ေနာက္ဆုံး သူေျပာခဲ့တဲ့ “မင္းတုိ႔စစ္ဖိနပ္ေအာက္မွာ ငါ ဘယ္ေတာ့မွ ဒူးမေထာက္ဆုိတဲ့” စကားကို စာတန္းေတြ၊ ပိုစတာေတြလုပ္ၿပီး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ပုလဲ NLD ႐ုံးကို စစ္ေကာင္စီတပ္ေတြ ဝင္ဖ်က္ဆီး
please wait

No media source currently available

0:00 0:04:04 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ပုလဲ NLD ရုံးကို စစ်ကောင်စီတပ်တွေ ဝင်ဖျက်ဆီး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မှာ သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက် ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ခိုက်မှုကြောင့် ရုံးအတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် လူတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေတော့ မရှိဘူးလို့ ပြောပါတယ်။ ပုလဲမြို့က NLD ရုံး တိုက်ခိုက်ခံရတာ အပါအဝင် နိုင်ငံတဝန်းက ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေတွေကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်တွေဘက်က အပြင်းအထန် ဖိနှိပ်တာတွေ ဖမ်းဆီးတာတွေ လုပ်နေချိန်မှာပဲ လူထုလှုပ်ရှားမှုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းက ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မှာ ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ချင်းပြည်နယ် ဂန့်ဂေါမြို့နယ်ဘက်ကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်တွေက ပုလဲမြို့ NLD ပါတီရုံးကို ဝင်ရောက်ဖျက်ဆီးပြီး ပစ်ခတ်တာတွေ လုပ်သွားခဲ့တာဖြစ်တယ်လို့ ပုလဲမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ ပုလဲရုံးထဲကို ဝင်ပြီး ရုံးကို သေနတ်နဲ့ ပစ်တယ်ပေါ့ဗျာ။ ပြီးတော့ ရုံးတံခါးမှာ တပ်ဆင်ထားတဲ့ မှန်တွေကို ရိုက်ခွဲတယ်။ ရုံးအတွင်းထဲက ပစ္စည်းတွေ အကုန်ဖျက်ဆီးတယ်၊ အဲဒါတွေလုပ်သွားတယ်။ ဒီနေ့ ညနေပိုင်း ၂ နာရီခွဲလောက်က စပြီး ဖျက်ဆီးတာပေါ့။ ချင်းပြည်နယ်ဘက်က ပြန်လာတဲ့ စစ်ကားတွေ သူတို့ ရုံးအရှေ့မှာ ရပ်ပြီးတော့ ဝင်ဖျက်ဆီးသွားတာ။ ပစ်တာကတော့ ရုံးထဲမှာ ကျည်အခွံ ၃ တောင့်တော့ရှိတယ်။”

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်အင်အား ဘယ်လောက်ပါဝင်တယ်ဆိုတာ မသိရပေမယ့် စစ်ကားအစီးရေ ၂၂ စီးလောက်ရှိတယ်လို့ ခန့်မှန်းကြောင်း မြို့ခံတွေက ပြောပါတယ်။ အဲဒီလို တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့အချိန်မှာ ရုံးအတွင်းမှာ ဘယ်သူမှမရှိတာကြောင့် ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေ မရှိပေမယ့် ရုံးတွင်းက ပစ္စည်းတွေ အတော်များများ ဖျက်ဆီးခံလိုက်ရတယ်လို့ အဆိုပါမြို့ခံက ပြောပါတယ်။

“ဖမ်းမသွားဘူးဗျ။ ဒီနေ့က စနေနေ့ဆိုတော့ ရုံးမှာနေတဲ့ အဖွဲ့တွေကလည်း မရှိဘူးလေ။ နေ့တိုင်းကတော့ ရုံးမှာ ၂ ယောက် ၃ ယောက် ပုံမှန်ရှိတယ်။ စနေ၊ တနင်္ဂနွေကတော့ ရုံးကို ပိတ်ထားတာဆိုတော့ လူက မရှိကြတာပေါ့။ ဘယ်လောက်လောက် ထိခိုက်ပျက်စီးသွားသလဲဆိုတော့ ရုံးမှာထားတဲ့ ဘီဒိုတွေအကုန်လုံး တွန်းလှဲသွားတယ်။ အိပ်စင်တွေအကုန်လုံး ရုံးအပြင်ဘက်ထုတ် ရိုက်ချိုးသွားတယ်။ စာအုပ်စင်တွေ လှဲသွားတယ်၊ ထိုင်ခုံတွေ ရိုက်ချိုးသွားတယ်။ လျှပ်စစ်ပစ္စည်းတွေ မီးဖိုတွေကိုလည်း လွှင့်ပစ်သွားတယ်၊ ရိုက်ခွဲသွားတယ်။”

တချိန်တည်းမှာပဲ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း နိုင်ငံတဝန်းက မြို့တွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။

ရန်ကုန်မှာဆိုရင်လည်း ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းမပေါ်နဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွေမှာ လူငယ်တွေ ရာနဲ့ချီပြီး ပြောက်ကျားသပိတ်တွေ ဆင်နွှဲခဲ့ကြပြီး ဖမ်းဆီးခံရတာတချို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာဆိုရင်လည်း သက်ဆိုင်ရာ သပိတ်စစ်ကြောင်းအလိုက် ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ မြတောင်သပိတ်စစ်ကြောင်းမှာ ပါဝင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က အဓိကထွက်တာက မြတောင်စစ်ကြောင်းပေါ့၊ မြတောင်စစ်ကြောင်းရယ် သံဃသမဂ္ဂ စစ်ကြောင်းပေါ့။ ဗလတရယ်၊ ကျောင်းသားလူငယ်ရယ် ၂ ခုတော့ ပါတာပေါ့။ ကျန်တာကတော့ သံဃာများတာပေါ့။ မန္တလေးမှာတော့ သပိတ်စစ်ကြောင်းကတော့ ကျနော်တို့က တကသတို့၊ ချမ်းမြသာစည် သပိတ်စစ်ကြောင်းတို့၊ တပ်ပေါင်းစုသပိတ်၊ တမ္ပဝတီသပိတ်၊ ဘုရားကြီးစစ်ကြောင်းတို့၊ စိန်ပန်းစစ်ကြောင်းနဲ့ ကျနော်တို့ သံဃသမဂ္ဂ စစ်ကြောင်းတို့ပေါ့။”

ဒါ့အပြင် မုံရွာ၊ ဆားလင်းကြီး၊ လက်ပံတောင်း၊ ကလေး၊ မြင်းခြံ၊ ပေါင်၊ ဘုရားသုံးဆူ၊ ထားဝယ်၊ သရက်ချောင်း စတဲ့မြို့နယ်တွေမှာလည်း စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

ဒီနေ့မှာဆိုရင် တချိန်က တပါတီအာဏာရှင်စနစ်ကို တော်လှန်ခဲ့တာကြောင့် ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကွယ်လွန်တဲ့ ၄၅ နှစ်ပြည့် အထိမ်းအမှတ် ဖြစ်တာကြောင့် နိုင်ငံတဝန်း ဆန္ဒပြတဲ့သူတွေက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ကို ကြိုးမပေးခင် နောက်ဆုံး သူပြောခဲ့တဲ့ “မင်းတို့စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးမထောက်ဆိုတဲ့” စကားကို စာတန်းတွေ၊ ပိုစတာတွေလုပ်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG