သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၂၆ ယောက် တရားမဝင် လာရောက်မှုနဲ့ အိန္ဒိယနယ်စပ်မှာ အဖမ်းခံရ


အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချစ်ကြည်ရေးတံတားတခု။ (ဇန်နဝါရီ ၂၅၊ ၂၀၁၂)
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချစ်ကြည်ရေးတံတားတခု။ (ဇန်နဝါရီ ၂၅၊ ၂၀၁၂)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့မှာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံသား ၂၆ ယောက်ကို တရားမဝင် လာရောက်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယရဲက ပြောပါတယ်။

အမျိုးသမီး ၁၀ ယောက် အပါအဝင် မြန်မာနိုင်ငံသား ၂၆ ယောက်ဟာ ချင်းပြည်နယ်က ဖြစ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ရှောင်ပြေးလာသူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ သူတို့ကို အိန္ဒိယမှတ်ပုံတင် Aadhaar ကတ်ပြား၊ မဲဆန္ဒရှင်ကတ်ပြားတွေလို မီဇိုရမ်မှာလုပ်တဲ့ စာရွက်စာတမ်း အတုတွေနဲ့ ဖမ်းဆီးရမိတာလို့ အာသံရဲက ပြောပါတယ်။ ဒါ့အပြင် သူတို့က ဒေလီမြို့ကို သမ္မာကျမ်းစာသင်ကျောင်းတက်ဖို့ သွားနေတာဖြစ်ကြောင်း ရဲကို ပြောကြားခဲ့တယ်လို့ အာသံရဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူတို့ကို အိန္ဒိယရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုထားတာပါ။

Guwahati က Rehabari ဟိုတယ်မှာ ဖမ်းဆီးရမိသူတွေဟာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား အရွယ်တွေဖြစ်ပြီး မြန်မာနိုင်ငံ စစ်ကိုင်း၊ ဖလမ်း၊ ဟားခါးက လာရောက်သူတွေ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ် ၁၄ ဦး အပါအဝင် မြန်မာနိုင်ငံက လာရောက်ခိုလှုံနေသူ မြန်မာနိုင်ငံသား ၉,၀၀၀ ကျော် ရှိနေတာပါ။ သူတို့ကို မီဇိုရမ်ပြည်နယ် အစိုးရက နေစရာစီစဉ်ပေးထားသလို တချို့ကတော့ မီဇိုရမ်မှာရှိတဲ့ သူတို့ဆွေမျိုးတွေနဲ့ နေနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် ဖမ်းဆီးနှိမ်နင်းမှုတွေနဲ့ အတူ အိန္ဒိယအရှေ့မြောက်ပိုင်းကို ဒုက္ခသည်တွေ ဝင်ရောက်လာနိုင်တာကြောင့် ဝင်လာသူတွေကို ပြန်ပို့ပေးဖို့ ဗဟိုအစိုးရက မတ်လထဲမှာ ညွှန်ကြားခဲ့ပေမယ့် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ဝင်ရောက်လာတဲ့ ချင်းဒုက္ခသည်တွေဟာ မီဇိုရမ်မျိုးနွယ်တွေ ဖြစ်တဲ့အတွက် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG