သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲ ျမန္မာစစ္ေျပးဒုကၡသည္ ၁၀၀ ေက်ာ္ ထပ္မံဝင္ေရာက္


အိႏၵိယႏုိင္ငံ မီဇုိရမ္ျပည္နယ္မွာ ခုိလႈံေနၾကရတဲ့ ျမန္မာဒုကၡသည္အခ်ဳိ႕။ (မတ္ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံဘက္အျခမ္းမွာ လြန္ခဲ့တဲ့ ရက္အနည္းငယ္အတြင္း တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ အိႏၵိယဘက္အျခမ္း မီဇိုရမ္ျပည္နယ္အတြင္းက ခ႐ိုင္ ၂ ခုအတြင္းကို လူ ၁၀၀ ေက်ာ္ေလာက္ ဝင္ေရာက္လာခဲ့တယ္လို႔ မီဇိုရမ္ျပည္နယ္ အစိုးရက ေျပာပါတယ္။ မီဇိုရမ္ျပည္နယ္နဲ႔ ျမန္မာႏိုင္ငံအၾကား ကီလိုမီတာ ၅၀၀ ေက်ာ္ နယ္နိမိတ္ျခင္း ထိစပ္ေနတာပါ။

လြန္ခဲ့တဲ့ ရက္အနည္းငယ္အတြင္း လူ ၁၀၀ ေက်ာ္ ေရာက္လာတယ္ဆိုတာ သူၾကားသိထားေပမယ့္ အတိအက် ဘယ္ေလာက္ျဖစ္တယ္ဆိုတဲ့ စာရင္းဇယား သူ႔မွာ ရွိမေနေသးေၾကာင္း မီဇီုရမ္ျပည္နယ္၊ ျပည္ထဲေရးဝန္ႀကီး Lalchamliana က ေျပာပါတယ္။

ဗုဒၶဟူးေန႔မွာတင္ ျမန္မာႏိုင္ငံဘက္က ကေလးငယ္ေတြနဲ႔ အမ်ဳိးသမီးေတြ အပါအဝင္ လူ ၃၅ ေယာက္ ေရာက္လာခဲ့ေၾကာင္း Champhai ခ႐ိုင္၊ လက္ေထာက္ေကာ္မရွင္နာမင္းႀကီး Maria CT Zuali က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ အၾကမ္းဖက္မႈေတြ ျဖစ္ေပၚေနတာေၾကာင့္ မတ္လကစလို႔ အိႏၵိယ နယ္စပ္ေဒသတေလွ်ာက္မွာ ရွိေနတဲ့ ျမန္မာႏိုင္ငံဘက္အျခမ္းက ျပည္သူေတြ ေထာင္နဲ႔ခ်ီၿပီး အိႏၵိယဘက္ကို ထြက္ေျပး တိမ္းေရွာင္လာေနၾကတာပါ။ လက္ရွိအခ်ိန္မွာ မီဇိုရမ္ျပည္နယ္အတြင္း ျမန္မာႏိုင္ငံသား ေသာင္းနဲ႔ခ်ီ ရွိေနၾကတယ္လို႔ ျပည္နယ္အစိုးရရဲ႕ မွတ္တမ္းေတြအရ သိရပါတယ္။

ျမန္မာႏိုင္ငံဘက္က ဝင္လာသူ အမ်ားစုဟာ Champhai နဲ႔ Hnahthial ခ႐ိုင္ေတြထဲ ဝင္ေရာက္လာၾကေလ့ရွိေၾကာင္း၊ ျမန္မာႏိုင္ငံဘက္က အေျခအေနေတြ ျပန္လည္ ေကာင္းမြန္လာရင္ ဒီလူေတြ ေနရပ္ျပန္သြားၾကလိမ့္မယ္လို႔ သူ႔အေနနဲ႔ ယုံၾကည္ေၾကာင္း ျပည္နယ္အစိုးရ အတြင္းဝန္ Lalnunmawia Chuaungo က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ မြန်မာစစ်ပြေးဒုက္ခသည် ၁၀၀ ကျော် ထပ်မံဝင်ရောက်

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အိန္ဒိယဘက်အခြမ်း မီဇိုရမ်ပြည်နယ်အတွင်းက ခရိုင် ၂ ခုအတွင်းကို လူ ၁၀၀ ကျော်လောက် ဝင်ရောက်လာခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် အစိုးရက ပြောပါတယ်။ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံအကြား ကီလိုမီတာ ၅၀၀ ကျော် နယ်နိမိတ်ခြင်း ထိစပ်နေတာပါ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လူ ၁၀၀ ကျော် ရောက်လာတယ်ဆိုတာ သူကြားသိထားပေမယ့် အတိအကျ ဘယ်လောက်ဖြစ်တယ်ဆိုတဲ့ စာရင်းဇယား သူ့မှာ ရှိမနေသေးကြောင်း မီဇီုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီး Lalchamliana က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာတင် မြန်မာနိုင်ငံဘက်က ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၃၅ ယောက် ရောက်လာခဲ့ကြောင်း Champhai ခရိုင်၊ လက်ထောက်ကော်မရှင်နာမင်းကြီး Maria CT Zuali က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် မတ်လကစလို့ အိန္ဒိယ နယ်စပ်ဒေသတလျှောက်မှာ ရှိနေတဲ့ မြန်မာနိုင်ငံဘက်အခြမ်းက ပြည်သူတွေ ထောင်နဲ့ချီပြီး အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်လာနေကြတာပါ။ လက်ရှိအချိန်မှာ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံသား သောင်းနဲ့ချီ ရှိနေကြတယ်လို့ ပြည်နယ်အစိုးရရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံဘက်က ဝင်လာသူ အများစုဟာ Champhai နဲ့ Hnahthial ခရိုင်တွေထဲ ဝင်ရောက်လာကြလေ့ရှိကြောင်း၊ မြန်မာနိုင်ငံဘက်က အခြေအနေတွေ ပြန်လည် ကောင်းမွန်လာရင် ဒီလူတွေ နေရပ်ပြန်သွားကြလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ပြည်နယ်အစိုးရ အတွင်းဝန် Lalnunmawia Chuaungo က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG