သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တားျမစ္ ဓာတုလက္နက္ေတြ ျမန္မာႏိုင္ငံမွာ ႐ွိေနသလား


ဓါတုလက္နက္မ်ားဆိုင္ရာ အဖြဲ႔အစည္း (Organization for Prohibition of Chemical Weapons - OPCW) ရဲ႕ ႏွစ္ပတ္လည္ အစည္းအေ၀း

(Zawgyi / Unicode)

ျမန္မာႏုိ္င္ငံဟာ ဓါတု လက္နက္ ပိတ္ပင္တားဆီးထားတဲ့ စာခ်ဳပ္ကို ခ်ိဳးေဖာက္ျပီး ၁၉၈၀ ျပည့္ႏွစ္က အၾကြင္းအက်န္ ဓါတု လက္နက္ေတြ သုံေလွာင္ထားႏုိင္ေျခရွိတယ္လို႔ အေမရိကန္ ႏိုင္ငံက တနလၤာေန႔က ေျပာေၾကာင္း ႏုိ၀င္ဘာလ ၂၅ ရက္ေန႔စြဲနဲ႔ AFP သတင္းတစ္ရပ္မွာ ပါရွိခဲ့ပါတယ္။

ျမန္မာႏုိ္င္ငံရဲ႕ သမိုင္းအရ ရွိခဲ့တဲ့ စက္ရုံတစ္ခုမွာ mustard အဆိပ္ဓါတ္ေငြ႕ ဓါတုလက္နက္ေတြ သုိေလွာင္ထားရွိႏုိ္င္တဲ့ကိစၥအေပၚ အေမရိကန္ ႏုိ္င္ငံအေနနဲ႔ အေတာ္ေလး စိုးရိမ္ ပူပန္မိေၾကာင္း အေမရိကန္ ဒုတိယ လက္ေထာက္ႏုိင္ငံျခားေရး ၀န္ၾကီး Thomas DiNanno က ပိတ္ပင္ထားတဲ့ ဓါတုလက္နက္မ်ားဆိုင္ရာ အဖြဲ႔အစည္း (Organization for Prohibition of Chemical Weapons - OPCW) ရဲ႕ ႏွစ္ပတ္လည္ အစည္းအေ၀းမွာ အခုလို ေျပာလိုက္တာပါ။

၀ါရွင္တန္အေနနဲ႔ ျမန္မာႏိုင္ငံမွာ ဓါတု လက္နက္ ထုတ္လုပ္ေရး အစီအစဥ္ ၁၉၈၀ ျပည့္ႏွစ္ေတြမွာ ရွိခဲ့တယ္ဆိုတဲ့ အခ်က္အလက္ေတြ ရရွိထားေၾကာင္း The Hague ျမိဳ႕မွာ လုပ္ခဲ့ အဲဒီ အစည္းအေ၀းမွာ သူက ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏို္င္ငံဟာ ဓါတု လက္နက္ ထုတ္လုပ္၊ သုိေလွာင္၊ အသုံးျပဳမႈကို ပိတ္ပင္ တားဆီးထားတဲ့ ဓါတု လက္နက္ဆိုင္ရာ စာခ်ဳပ္ (CWC) ကို ၂၀၁၅ ခုႏွစ္မွာ တရား၀င္ လက္မွတ္ေရးထိုးခဲ့ပါတယ္။ အဲဒီ လက္နက္ အသုံးျပဳတယ္ဆိုျပီးေတာ့လည္း အရင္က ျမန္မာႏုိ္င္ငံ စြပ္စြဲခံရ ဖူးပါတယ္။

၂၀၁၃ ခုႏွစ္အတြင္းက ေၾကးနီ သတၱဳတြင္း ဆႏၵျပသူေတြကို Phosphorus အဆိပ္ဓါတ္ေငြ႕ အသုံးျပဳခဲ့ေၾကာင္း ျမန္မာ့ လႊတ္ေတာ္ အစီရင္ခံစာ တစ္ရပ္မွာ ပါရွိခဲ့ေၾကာင္း AFP သတင္းမွာ ေဖာ္ျပပါရွိပါတယ္။ ျမန္မာ စစ္တပ္က ဓါတု လက္နက္ေတြ ထုတ္လုပ္ေနေၾကာင္း သတင္းေရးသားမႈေၾကာင့္ ဇူလိုင္ ၂၀၁၄ ခုႏွစ္တုန္းကလည္း သတင္းေထာက္ ၅ ဦးဟာ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္ က်ခံခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

တားမြစ် ဓာတုလက်နက်တွေ မြန်မာနိုင်ငံမှာ ရှိနေသလား

( Unicode)

မြန်မာနိုင်ငံဟာ ဓါတု လက်နက် ပိတ်ပင်တားဆီးထားတဲ့ စာချုပ်ကို ချိုးဖောက်ပြီး ၁၉၈၀ ပြည့်နှစ်က အကြွင်းအကျန် ဓါတု လက်နက်တွေ သုံလှောင်ထားနိုင်ခြေရှိတယ်လို့ အမေရိကန် နိုင်ငံက တနင်္လာနေ့က ပြောကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့စွဲနဲ့ AFP သတင်းတစ်ရပ်မှာ ပါရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းအရ ရှိခဲ့တဲ့ စက်ရုံတစ်ခုမှာ mustard အဆိပ်ဓါတ်ငွေ့ ဓါတုလက်နက်တွေ သိုလှောင်ထားရှိနိုင်တဲ့ကိစ္စအပေါ် အမေရိကန် နိုင်ငံအနေနဲ့ အတော်လေး စိုးရိမ် ပူပန်မိကြောင်း အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Thomas DiNanno က ပိတ်ပင်ထားတဲ့ ဓါတုလက်နက်များဆိုင်ရာ အဖွဲ့အစည်း (Organization for Prohibition of Chemical Weapons - OPCW) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ အခုလို ပြောလိုက်တာပါ။

ဝါရှင်တန်အနေနဲ့ မြန်မာနိုင်ငံမှာ ဓါတု လက်နက် ထုတ်လုပ်ရေး အစီအစဉ် ၁၉၈၀ ပြည့်နှစ်တွေမှာ ရှိခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ရရှိထားကြောင်း The Hague မြို့မှာ လုပ်ခဲ့ အဲဒီ အစည်းအဝေးမှာ သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဓါတု လက်နက် ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုမှုကို ပိတ်ပင် တားဆီးထားတဲ့ ဓါတု လက်နက်ဆိုင်ရာ စာချုပ် (CWC) ကို ၂၀၁၅ ခုနှစ်မှာ တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီ လက်နက် အသုံးပြုတယ်ဆိုပြီးတော့လည်း အရင်က မြန်မာနိုင်ငံ စွပ်စွဲခံရ ဖူးပါတယ်။

၂၀၁၃ ခုနှစ်အတွင်းက ကြေးနီ သတ္တုတွင်း ဆန္ဒပြသူတွေကို Phosphorus အဆိပ်ဓါတ်ငွေ့ အသုံးပြုခဲ့ကြောင်း မြန်မာ့ လွှတ်တော် အစီရင်ခံစာ တစ်ရပ်မှာ ပါရှိခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါရှိပါတယ်။ မြန်မာ စစ်တပ်က ဓါတု လက်နက်တွေ ထုတ်လုပ်နေကြောင်း သတင်းရေးသားမှုကြောင့် ဇူလိုင် ၂၀၁၄ ခုနှစ်တုန်းကလည်း သတင်းထောက် ၅ ဦးဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG