သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဓါတုလက္နက္ ထုတ္လုပ္၊ သိုေလွာင္ျခင္းမရွိဟု တပ္မေတာ္တံု႔ျပန္


သတင္းဓါတ္ပံု- ၂၀၁၅ တုန္းက နယ္သာလန္ ႏုိင္ငံ သည္ဟိဂ္ၿမိဳ႕က ဓာတုလက္နက္ အသံုးျပဳမႈ တားျမစ္ေရး အဖြဲ႔၀င္ ႏုိင္ငံေတြရဲ႕ ၇၉ ႀကိမ္ေျမာက္ အစည္းအေ၀းပြဲ ျမန္မာႏုိင္ငံျခားေရး ၀န္ႀကီး ဦး၀ဏၰေမာင္လြင္ တက္ေရာက္။

(Zawgyi/Unicode)

ျမန္မာႏိုင္ငံအေနနဲ႔ ဓါတုလက္နက္သုံးစြဲမႈတားျမစ္ေရးဆိုင္ရာႏိုင္ငံတကာသေဘာတူညီခ်က္ကို လိုက္နာမႈမရွိတဲ့အေပၚ စိုးရိမ္မကင္းျဖစ္တယ္လို႔ အေမရိကန္ျပည္ေထာင္စုက ေျပာဆိုလိုက္ေပမယ့္၊ ျမန္မာအေနနဲ႔ ဓါတုလက္နက္ သိုေလွာင္တာ ထုတ္လုပ္တာ ထုတ္ဖို႔ ရည္႐ြယ္တာမ်ိဳး တခုမွ မရွိဘူးလို႔ ျမန္မာတပ္မေတာ္ဘက္က တံု႕ျပန္ထားပါတယ္။ ဒီအေၾကာင္း ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ဓါတုလက္နက္နဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံဟာ စိုးရိမ္စရာႏိုင္ငံျဖစ္လာတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ဒုလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Thomas DiNanno က နယ္သာလန္ႏိုင္ငံ the Hague မွာရွိတဲ့ ဓါတုလက္နက္တားျမစ္ေရးဆိုင္ရာအဖြဲ႕ႀကီးရဲ႕ ၂၄ႀကိမ္းေျမာက္အဖြဲ႕ဝင္ႏိုင္ငံမ်ားညီလာခံမွာ ေျပာဆိုသြားတာပါ။ အဓိကအခ်က္ကေတာ့ ၁၉၈၀ ခုႏွစ္ကာလတုန္းက ျမန္မာႏိုင္ငံအေနနဲ႔ ဓါတုလက္နက္အစီအစဥ္တရပ္လုပ္ခဲ့တဲ့မွတ္တမ္းရွိတာကို ေထာက္ျပၿပီး၊ အဲဒီကာလတုန္းက ဓါတုပစၥည္းအႂကြင္းအက်န္ေတြကို ဘယ္လို လုပ္သလဲဆိုတာ ထုတ္ျပန္ေျပာဆိုဖို႔ ျမန္မာဘက္က ပ်က္ကြက္ေနတယ္ဆိုၿပီး ကန္ ဒုလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့တာပါ။

“ ျမန္မာအေနနဲ႔ အဲဒီတုန္းက လုပ္တဲ့ ဓါတုလက္နက္စက္႐ုံကို ဖ်က္သိမ္းလိုက္ၿပီလားဆိုတာနဲ႔ အဲဒီ ဓါတုလက္နက္အစီအစဥ္ေဟာင္းနဲ႔ပတ္သက္လို႔ ေၾကညာေျပာဆိုဖို႔ ပ်က္ကြက္တာေၾကာင့္ CWC သေဘာတူညီခ်က္အတိုင္း လိုက္နာမႈမရွိဘူးလို႔ အေမရိကန္ျပည္ေထာင္စုက သုံးသပ္ထားပါတယ္။ ျမန္မာႏိုင္ငံဟာ ၁၉၈၀ ကာလတုန္းက ကန႔္ပါတဲ့ ဓါတုပစၥည္းထုတ္လုပ္မႈနဲ႔ ဓါတုလက္နက္စက္႐ုံအပါအ၀င္ ဓါတုလက္နက္အစီအစဥ္တခုလုပ္ခဲ့တယ္ဆိုတာကို အေမရိကန္ျပည္ေထာင္စုက သိထားပါတယ္။ မွတ္တမ္းအရရွိတဲ့ ဒီစက္႐ုံမွာ ဓါတုပစၥည္းေတြ အစုအၿပဳံလိုက္ရွိေနႏိုင္တာေၾကာင့္ အေမရိကန္ျပည္ေထာင္စုက ဒါကို အေလးအနက္ထား စိုးရိမ္မကင္းျဖစ္ရပါတယ္။”

ျမန္မာစစ္တပ္ရဲ႕ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီက ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ျမန္မာ့တပ္မေတာ္အေနနဲ႔ ဓါတုလက္နက္အျပင္ NBC လို႔ေခၚတဲ့ ႏ်ဴကလီးယား ဇီ၀ လက္နက္ေတြ ထုတ္ဖို႔ ရည္မွန္းခ်က္ လုံးဝမရွိဘူးလို႔ ဗြီအိုေအကို တံု႔ျပန္ခဲ့ပါတယ္။

“ဓါတုလက္နက္နဲ႔ ပတ္သက္ၿပီး သိုေလွာင္တာေတြ၊ အသံုးျပဳတာေတြ၊ထုတ္လုပ္ဖို႔ ရည္ရြယ္ခ်က္ရွိတာေတြ မရွိပါဘူး။ ဓါတုလက္နက္အျပင္ NBC ေပါ့ေလ ဇီ၀ လက္နက္နဲ႔ ပတ္သက္တာေတြ ေရာ ခုနေျပာတဲ့ သိုေလွာင္တာ ထုတ္လုပ္တာ ရည္ရြယ္ခ်က္ရွိတာ၊ အသံုးျပဳတာမ်ိဳး မရွိပါဘူး။ က်ေနာ္တို႔အေနနဲ႔က ၂၀၁၅ CWC ကို လက္မွတ္ထိုးၿပီးသားျဖစ္ပါတယ္။ အဲဒီ လက္မွတ္မထိုးခင္ အခ်ိန္ကာလမွာ ၊ လက္မွတ္ထိုးၿပီး အခ်ိန္ကာလမွာ က်ေနာ္တုိ႔ ေဆာင္ရြက္ျခင္းမရွိပါဘူး။”

၁၉၈၀ ကာလတုန္းက ဓါတုလက္နက္စက္႐ုံနဲ႔ ပတ္သက္လို႔ အခ်က္အလက္ကေတာ့ သူ႔အေနနဲ႔ သိထားတာမရွိဘူးလို႔ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ အေမရိကန္ ဒုလက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီးကေတာ့ သူတို႔ရဲ႕ စိုးရိမ္မကင္းျဖစ္မႈနဲ႔ပတ္သက္လို႔ ျမန္မာအစိုးရကိုေရာ ျမန္မာစစ္တပ္ တာဝန္ရွိသူေတြကိုပါ အသိေပးထားၿပီးျဖစ္တယ္လို႔ဆိုပါတယ္။

“ဒီ စိုးရိမ္ခ်က္နဲ႔ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ၂၀၁၉ ေဖေဖာ္ဝါရီလကတည္းကစလို႔ ျမန္မာအစိုးရနဲ႔ေရာ ျမန္မာစစ္ဘက္နဲ႔ပါ တိုက္႐ိုက္ေတြ႕ဆုံေျပာဆိုတာေတြ လုပ္ခဲ့ပါတယ္။ အရင္ကရွိခဲ့တဲ့ ဒီအစီအစဥ္နဲ႔ပတ္သက္လို႔ OPCW ကို ေၾကညာေျပာဆိုဖို႔၊ လက္နက္ျဖစ္လာႏိုင္တဲ့ ဒီပစၥည္းေတြကို ဖ်က္သိမ္းဖို႔ ၊ CWC သေဘာတူညီခ်က္အတိုင္း လိုက္နာဖို႔ အေမရိကန္ျပည္ေထာင္စုက ျမန္မာႏိုင္ငံကို တိုက္တြန္းခဲ့ပါတယ္။ ဒီလိုေဆာင္႐ြက္ျခင္းအားျဖင့္ ျမန္မာအေနနဲ႔ ႏိုင္ငံတကာနဲ႔ ပိုၿပီး ထဲထဲ ဝင္ဝင္ဆက္ဆံလာႏိုင္ဖို႔၊ သေဘာတူညီခ်က္ကို လိုက္နာဖို႔နဲ႔ ႏိုင္ငံတကာလက္နက္ဖ်က္သိမ္းေရးႀကိဳးမမ္းမႈေတြမွာ ပါဝင္ဖို႔ အခြင့္အလမ္း ျဖစ္လာမွာပါ။ ဒီအတြက္ ျမန္မာဘက္က လုပ္ေဆာင္မႈေတြမွာ လိုအပ္တဲ့ နည္းပညာဆိုင္ရာ အကူအညီေတြေပးတာမ်ိဳး အေမရိကန္ဖက္က အကူအညီေပးသြားဖို႔ အဆင္သင့္ရွိပါတယ္။”

ျမန္မာဘက္က CWC ဓါတုလက္နက္တားျမစ္ေရးဆိုင္ရာသေဘာတူညီခ်က္ကို မလိုက္နာဘူးဆိုတဲ့ အေမရိကန္အစိုးရဘက္က စြပ္စြဲခ်က္နဲ႔ပတ္သက္လို႔ ျမန္မာအစိုးရကေတာ့ တစုံတရာ တံု႔ျပန္တာမရွိေသးပါဘူး။ အခုက်င္းပေနတဲ့ OPCW ညီလာခံမွာပဲ ျမန္မာကိုယ္စားလွယ္အေနနဲ႔ ဒါကိုတုန႔္ျပန္ေျဖရွင္းမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ ျမန္မာစစ္တပ္ဟာ ဓါတု လက္နက္ေတြ ထုတ္လုပ္ေနေၾကာင္း သတင္းေရးသား ခဲ့တာေၾကာင့္ ဇူလိုင္ ၂၀၁၄ ခုႏွစ္တုန္း သတင္းေထာက္ ၅ ဦးဟာ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္ က်ခံခဲ့ရပါတယ္။ ဒါေပမယ့္ တပ္မေတာ္ေျပာခြင့္ရသူကေတာ့ ျမန္မာစစ္တပ္က ဓါတုလက္နက္စက္႐ုံ တည္တယ္ဆိုတဲ့ သတင္းမမွန္သလို၊ အဲဒီ ျပစ္ဒဏ္ေပးမႈဟာလည္း ကန႔္သတ္နယ္ေျမထဲ က်ဴးေက်ာ္ဝင္ေရာက္ တာေၾကာင့္ ဥပေဒအရ အေရးယူတာလို႔ ဗြီအိုေအကို တံု႔ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................

ဓါတုလက်နက် ထုတ်လုပ်၊ သိုလှောင်ခြင်းမရှိဟု တပ်မတော်တုံ့ပြန်
(Unicode)

မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက်သုံးစွဲမှုတားမြစ်ရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက်ကို လိုက်နာမှုမရှိတဲ့အပေါ် စိုးရိမ်မကင်းဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပေမယ့်၊ မြန်မာအနေနဲ့ ဓါတုလက်နက် သိုလှောင်တာ ထုတ်လုပ်တာ ထုတ်ဖို့ ရည်ရွယ်တာမျိုး တခုမှ မရှိဘူးလို့ မြန်မာတပ်မတော်ဘက်က တုံ့ပြန်ထားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ပြောပြမှာပါ။

ဓါတုလက်နက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ စိုးရိမ်စရာနိုင်ငံဖြစ်လာတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Thomas DiNanno က နယ်သာလန်နိုင်ငံ the Hague မှာရှိတဲ့ ဓါတုလက်နက်တားမြစ်ရေးဆိုင်ရာအဖွဲ့ကြီးရဲ့ ၂၄ကြိမ်းမြောက်အဖွဲ့ဝင်နိုင်ငံများညီလာခံမှာ ပြောဆိုသွားတာပါ။ အဓိကအချက်ကတော့ ၁၉၈၀ ခုနှစ်ကာလတုန်းက မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက်အစီအစဉ်တရပ်လုပ်ခဲ့တဲ့မှတ်တမ်းရှိတာကို ထောက်ပြပြီး၊ အဲဒီကာလတုန်းက ဓါတုပစ္စည်းအကြွင်းအကျန်တွေကို ဘယ်လို လုပ်သလဲဆိုတာ ထုတ်ပြန်ပြောဆိုဖို့ မြန်မာဘက်က ပျက်ကွက်နေတယ်ဆိုပြီး ကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။

“ မြန်မာအနေနဲ့ အဲဒီတုန်းက လုပ်တဲ့ ဓါတုလက်နက်စက်ရုံကို ဖျက်သိမ်းလိုက်ပြီလားဆိုတာနဲ့ အဲဒီ ဓါတုလက်နက်အစီအစဉ်ဟောင်းနဲ့ပတ်သက်လို့ ကြေညာပြောဆိုဖို့ ပျက်ကွက်တာကြောင့် CWC သဘောတူညီချက်အတိုင်း လိုက်နာမှုမရှိဘူးလို့ အမေရိကန်ပြည်ထောင်စုက သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၈၀ ကာလတုန်းက ကန့်ပါတဲ့ ဓါတုပစ္စည်းထုတ်လုပ်မှုနဲ့ ဓါတုလက်နက်စက်ရုံအပါအဝင် ဓါတုလက်နက်အစီအစဉ်တခုလုပ်ခဲ့တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက သိထားပါတယ်။ မှတ်တမ်းအရရှိတဲ့ ဒီစက်ရုံမှာ ဓါတုပစ္စည်းတွေ အစုအပြုံလိုက်ရှိနေနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုက ဒါကို အလေးအနက်ထား စိုးရိမ်မကင်းဖြစ်ရပါတယ်။”

မြန်မာစစ်တပ်ရဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မြန်မာ့တပ်မတော်အနေနဲ့ ဓါတုလက်နက်အပြင် NBC လို့ခေါ်တဲ့ နျူကလီးယား ဇီ၀ လက်နက်တွေ ထုတ်ဖို့ ရည်မှန်းချက် လုံးဝမရှိဘူးလို့ ဗွီအိုအေကို တုံ့ပြန်ခဲ့ပါတယ်။

“ဓါတုလက်နက်နဲ့ ပတ်သက်ပြီး သိုလှောင်တာတွေ၊ အသုံးပြုတာတွေ၊ထုတ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတာတွေ မရှိပါဘူး။ ဓါတုလက်နက်အပြင် NBC ပေါ့လေ ဇီ၀ လက်နက်နဲ့ ပတ်သက်တာတွေ ရော ခုနပြောတဲ့ သိုလှောင်တာ ထုတ်လုပ်တာ ရည်ရွယ်ချက်ရှိတာ၊ အသုံးပြုတာမျိုး မရှိပါဘူး။ ကျနော်တို့အနေနဲ့က ၂၀၁၅ CWC ကို လက်မှတ်ထိုးပြီးသားဖြစ်ပါတယ်။ အဲဒီ လက်မှတ်မထိုးခင် အချိန်ကာလမှာ ၊ လက်မှတ်ထိုးပြီး အချိန်ကာလမှာ ကျနော်တို့ ဆောင်ရွက်ခြင်းမရှိပါဘူး။”

၁၉၈၀ ကာလတုန်းက ဓါတုလက်နက်စက်ရုံနဲ့ပတ်သက်လို့ အချက်အလက်ကတော့ သူ့အနေနဲ့ သိထားတာမရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေး ဝန်ကြီးကတော့ သူတို့ရဲ့ စိုးရိမ်မကင်းဖြစ်မှုနဲ့ပတ်သက်လို့ မြန်မာအစိုးရကိုရော မြန်မာစစ်တပ် တာဝန်ရှိသူတွေကိုပါ အသိပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

“ဒီ စိုးရိမ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၁၉ ဖေဖော်ဝါရီလကတည်းကစလို့ မြန်မာအစိုးရနဲ့ရော မြန်မာစစ်ဘက်နဲ့ပါ တိုက်ရိုက်တွေ့ဆုံပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။ အရင်ကရှိခဲ့တဲ့ ဒီအစီအစဉ်နဲ့ပတ်သက်လို့ OPCW ကို ကြေညာပြောဆိုဖို့၊ လက်နက်ဖြစ်လာနိုင်တဲ့ ဒီပစ္စည်းတွေကို ဖျက်သိမ်းဖို့ ၊ CWC သဘောတူညီချက်အတိုင်း လိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် မြန်မာအနေနဲ့ နိုင်ငံတကာနဲ့ ပိုပြီး ထဲထဲ ဝင်ဝင်ဆက်ဆံလာနိုင်ဖို့၊ သဘောတူညီချက်ကို လိုက်နာဖို့နဲ့ နိုင်ငံတကာလက်နက်ဖျက်သိမ်းရေးကြိုးမမ်းမှုတွေမှာ ပါဝင်ဖို့ အခွင့်အလမ်း ဖြစ်လာမှာပါ။ ဒီအတွက် မြန်မာဖက်က လုပ်ဆောင်မှုတွေမှာ လိုအပ်တဲ့ နည်းပညာဆိုင်ရာ အကူအညီတွေပေးတာမျိုး အမေရိကန်ဖက်က အကူအညီပေးသွားဖို့ အဆင်သင့်ရှိပါတယ်။”

မြန်မာဘက်က CWC ဓါတုလက်နက်တားမြစ်ရေးဆိုင်ရာသဘောတူညီချက်ကို မလိုက်နာဘူးဆိုတဲ့ အမေရိကန်အစိုးရဘက်က စွပ်စွဲချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရကတော့ တစုံတရာ တုံ့ပြန်တာမရှိသေးပါဘူး။ အခုကျင်းပနေတဲ့ OPCW ညီလာခံမှာပဲ မြန်မာကိုယ်စားလှယ်အနေနဲ့ ဒါကိုတုန့်ပြန်ဖြေရှင်းမယ်လို့တော့ မျှော်လင့်ရပါတယ်။ မြန်မာစစ်တပ်ဟာ ဓါတု လက်နက်တွေ ထုတ်လုပ်နေကြောင်း သတင်းရေးသား ခဲ့တာကြောင့် ဇူလိုင် ၂၀၁၄ ခုနှစ်တုန်း သတင်းထောက် ၅ ဦးဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရပါတယ်။ ဒါပေမယ့် တပ်မတော်ပြောခွင့်ရသူကတော့ မြန်မာစစ်တပ်က ဓါတုလက်နက်စက်ရုံ တည်တယ်ဆိုတဲ့ သတင်းမမှန်သလို၊ အဲဒီ ပြစ်ဒဏ်ပေးမှုဟာလည်း ကန့်သတ်နယ်မြေထဲ ကျူးကျော်ဝင်ရောက် တာကြောင့် ဥပဒေအရ အရေးယူတာလို့ ဗွီအိုအေကို တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG