သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္အမတ္ ျပန္လႊတ္ဖို႔ ျမန္မာစစ္တပ္ နယ္ေျမရွင္းလင္းေန


ခ်င္းျပည္နယ္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဝွ႔တင္း။ (ဓာတ္ပုံ - အမ်ဳိးသားလႊတ္ေတာ္ဝက္ဘ္ဆုိက္)

(Zawgyi / Unicode)

NLD ပါတီကိုယ္စားျပဳ ၊ ပလက္ဝမဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို လူမ်ိဳးေရး၊ ဘာသာေရးနဲ႔ ႏိုင္ငံေရးပါတီဝင္ တခုခုေၾကာင့္မဟုတ္ဘဲ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ရဲ႕ ရပ္တည္ခ်က္ေတြကို ဆန႔္က်င္တဲ့ လုပ္ရပ္ေတြေၾကာင့္ ဖမ္းဆီး ထိန္းသိမ္းထားတာလို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

ဦးေဝွ႔တင္းထံကေန ခိုင္လုံတဲ့ သက္ေသအေထာက္အထားေတြ ရထားတယ္လို႔ ဆိုပါတယ္။ ဦးေဝွ႔တင္းနဲ႔ ဖမ္းဆီးခံထားရသူေတြ ျပန္လႊတ္ေရးအတြက္ တပ္မေတာ္က နယ္ေျမရွင္းလင္းေတြ လုပ္ေဆာင္ေနတဲ့ တခ်ိန္ထဲမွာဘဲ သူ႔ကို ျပန္လြတ္ေပးဖို႔အတြက္ ခ်င္းအဖြဲ႕အစည္းေပါင္း ၄၃ ဖြဲ႕က ေတာင္းဆိုလိုက္ပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးပါမယ္။

AA ရခိုင္လက္နက္ကိုင္အဖြဲ႕က အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို ဖမ္းဆီး ေခၚေဆာင္သြားတာ အခုဆိုရင္ သီတင္းတပတ္ ေက်ာ္သြားခဲ့ပါၿပီ။ သူ႔ကို ျပန္လႊတ္ေပးေရးအတြက္ သူ႔ရဲ႕မိခင္ပါတီ NLD က ႏိုဝင္ဘာလ ၉ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သလို၊ ခ်င္းႏိုင္ငံေရးပါတီေတြ၊ အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြ၊ သူ႔ရဲ႕ မိသားစုဝင္ေတြ၊ လႊတ္ေတာ္အမတ္ေတြကလည္း ေတာင္းဆိုေနၾကတာပါ။

သူ႔ကို ဖမ္းဆီးထားတာဟာ လူမ်ိဳးေရး၊ ဘာသာေရးေၾကာင့္ မဟုတ္ဘဲ သူကိုယ္စားျပဳတဲ့ ပလက္ဝ မဲဆႏၵနယ္မွာရွိတဲ့ တိုင္းရင္းသားေတြအခ်င္းခ်င္းၾကား ေသြးကြဲေကာင္ လုပ္ေဆာင္တာ အပါအဝင္ သူလုပ္ခဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ ဖမ္းဆီးရျခင္းျဖစ္တယ္လို႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ရဲ႕ ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကို ေျပာပါတယ္။

" ဦးေဝွ႕တင္းကို က်ေနာ္ဖမ္းတာ ခ်င္းလူမ်ိဳးမို႔လို႔ NLD အမတ္မို႔လို႔ အဲလို ထိန္းသိမ္းတာမဟုတ္ဘူး။ သူဘာလုပ္ခဲ့သလဲဆိုတာနဲ႔ဆိုင္တယ္။ သူလုပ္ခဲ့တဲ့လုပ္ရပ္နဲ႔ သူတကယ္က်ဴးလြန္ မက်ဴးလြန္ဘူးဆိုတာ ရရွိထားတဲ့ သတင္းအခ်က္အလက္ေတြနဲ႔ တိုက္ဆိုင္ၿပီးေတာ့ က်ေတာ္တို႔ဒါ စစ္ေဆးေနတာျဖစ္တယ္။ ဒီေျပာတာ သူ႔ကို စြပ္စြဲတာမဟုတ္ဘူး။ က်ေနာ္တို႔လက္ထဲမွာ သူနဲ႔ ပတ္သတ္တဲ့ အေထာက္အထားေတြ အခိုင္အမာ ကိုင္စြဲထားတာျဖစ္လို႔ က်ေနာ္တို႔ ဒီလိုေျပာတာ။ "

သူ႔က်န္းမာေရးအတြက္ စိုးရိမ္စရာ မရွိဘူးလို႔လဲ ခိုင္သုခက ေျပာပါတယ္။

“ဦးေဝွ႔တင္းနဲ႔ပတ္သတ္ၿပီးေတာ့ ဘာမွေျပာခ်င္စရာမရွိဘူး အခုအခ်ိန္ထိ ေျပာႏိုင္တာက သူဟာ က်န္းက်န္းမာမာရွိတယ္ သူနဲ႔ပတ္သတ္ၿပီးေတာ့ အသက္အႏၱရာယ္တို႔ဘာတို႔ စိုးရိမ္စရာမရွိဘူး။ က်ေနာ္တို႕က သူကို စစ္ေဆးေနတဲ့ ကာလပဲရွိတယ္။ အဲဒီအခ်ိန္မွာ သူ႕ကို လူ႕ဂုဏ္သိကၡာနဲ႔ အညီ ေကာင္းေကာင္းမြန္မြန္ ထိန္းသိမ္းထားတာပဲရွိတယ္။”

ဦးေဝွ႔တင္းကို လႊတ္ေပးေရးအတြက္ NLD ပါတီက ေတာင္းဆိုတဲ့ ေၾကညာခ်က္နဲ႔ပတ္သက္လို႔လည္း ခိုင္သုခက အခုလို တံု႕ျပန္ခဲ့ပါတယ္။

“ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးကို ေၾကာေထာက္ေနာက္ခံေပးထားတဲ့ စစ္တပ္၊ ရဲေနာ္ အဲဒီလူေတြက ဒီတိုင္းရင္းသား ေတြအေပၚမွာ ေန႔စဥ္ရက္စက္ၾကဴးလြန္ေနတဲ့ ဒီမတရား ဖမ္းဆီးသတ္ျဖတ္ အႏိုင္က်င့္တာေတြကေကာ တရားမွ်တမႈ ရွိသလားဆိုတဲ့ ဥစၥာကို အဲဒီထုတ္ျပန္ခ်က္ထုတ္တဲ့ အစိုးရက ျပန္စဥ္းစားဖို႔လိုတယ္။ NLD ပါတီကိုယ္၌ ကလည္း စဥ္းစားဖို႔လိုတယ္။”

ဦးေဝွ႔တင္းကို လႊတ္ေပးဖို႔ သူဖမ္းဆီးခံရၿပီးကတည္းက ခ်င္းႏိုင္ငံေရးပါတီ အသီးသီးက ေတာင္းဆိုခ်က္ေတြ ထုတ္ျပန္ခဲ့ၾကၿပီး ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ခ်င္းအရပ္ဘက္လူမႈအဖြဲ႕အစည္း ၄၃ ဖြဲ႕က သူ႔ကို ျပန္လြတ္ေပးဖို႔ ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၾကပါတယ္။ ဦးေဝွ႔တင္း ျပန္လႊတ္ေရးအတြက္ AA နဲ႔ ၾကားဝင္ ေဆာင္႐ြက္ႏိုင္ဖို႔ပါ ႀကိဳးပမ္းေနေၾကာင္း လူမႈအဖြဲ႕အစည္း ၄၃ ဖြဲ႕ကိုယ္စား KACC ညႇိႏိုင္းေရးမႉး အိုင္ေစာျမတ္က ေျပာပါတယ္။

" ညႇိႏိုင္းဖို႔ လုပ္ေနတယ္အခု။ ႏိုင္ငံတကာ သံ႐ုံးေတြနဲ႔ ေနာက္ၿပီးေတာ့ သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ပဲ ျဖစ္ျဖစ္။ ေနာက္ အစိုးရအဖြဲ႕ကိုလည္း က်ေနာ္တို႔ အေၾကာင္းၾကားထားတယ္။ ၿငိမ္ခ်မ္းေရး ေဆြးေႏြးတဲ့ UPJC ဖက္ကိုလည္း အေၾကာင္းၾကားထားတယ္။ "

ဒီအေတာအတြင္း တပ္မေတာ္အေနနဲ႔ ဦးေဝွ႔တင္းအပါအဝင္ AA က ဖမ္းဆီးထားသူေတြ ျပန္လႊတ္ေရးအတြက္ နယ္ေျမရွင္းလင္းေရးေတြ လုပ္ေဆာင္ေနေၾကာင္း အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

" သူ႔ကို ေခၚသြားတယ္ဆိုတာ ဘယ္ကို ေခၚသြားလို႔ ေခၚသြားမွန္းလည္း မသိဘူးေလ။ ဒါေပမယ့္ က်ေနာ္တို႔ကေတာ့ ျဖစ္ႏိုင္ေျခရွိတဲ့ေနရာေတြကိုေတာ့ နယ္ေျမရွင္းလင္းေရး လုပ္ေနတာေပါ့။ အတတ္ႏိုင္ဆုံး၊ ဟုတ္လား က်ေနာ္တို႔က ႀကိဳးစားၿပီးေတာ့ ရွာေဖြေနတာပဲ။ သူ႔ကိုမွမဟုတ္ဘူး က်န္တဲ့အဖြဲ႕ေတြေရာ၊ က်န္တဲ့ဟာေတြ ဟိုဟာေတြရွိတယ္။ ေ႐ြနဒီက ဖမ္းသြားတဲ့ အဖြဲ႕ေတြရွိတယ္။ သူတို႔ရဲ႕ သက္ဆိုင္ရာနယ္ေျမကို ရေအာင္လိုက္ၾကည့္ေနတယ္။ "

ဦးေဝွ႔တင္းနဲ႔အတူ အိႏၵိယႏိုင္ငံသား ၅ ဦးနဲ႔ သေဘၤာေမာင္းသူ ၂ ဦး၊ ဘာသာျပန္ ၂ ဦး၊ စုစုေပါင္း ၁၀ ဦးကို AA အဖြဲ႕က ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ ဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။ အဲဒီအထဲက အိႏၵိယႏိုင္ငံသား တဦးကေတာ့ သူ႔မွာ နဂိုရွိေနတဲ့ ႏွလုံးေရာဂါအခံေၾကာင့္ AA လက္ထဲမွာဘဲ ေသဆုံးသြားခဲ့ပါတယ္။ အဲဒီေသဆုံးသြားတဲ့ အိႏၵိယလူမ်ိဳးအပါအဝင္ က်န္လူေတြအားလုံးကို AA က ျပန္လႊတ္ေပးလိုက္ေပမယ့္ ဦးေဝွ႔တင္းကိုေတာ့ အခ်ိန္ထိ ထိန္းသိမ္းထားဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ချင်းပြည်နယ်အမတ် ပြန်လွှတ်ဖို့ မြန်မာစစ်တပ် နယ်မြေရှင်းလင်းနေ

(Unicode)

NLD ပါတီကိုယ်စားပြု ပလက်ဝမဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးပါတီဝင် တခုခုကြောင့်မဟုတ်ဘဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ရပ်တည်ချက်တွေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် ဖမ်းဆီး ထိန်းသိမ်းထားတာလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

ဦးဝှေ့တင်းထံကနေ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရထားတယ်လို့ ဆိုပါတယ်။ ဦးဝှေ့တင်းနဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ရေးအတွက် တပ်မတော်က နယ်မြေရှင်းလင်းတွေ လုပ်ဆောင်နေတဲ့ တချိန်ထဲမှာဘဲ သူ့ကို ပြန်လွတ်ပေးဖို့အတွက် ချင်းအဖွဲ့အစည်းပေါင်း ၄၃ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့က အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ဖမ်းဆီး ခေါ်ဆောင်သွားတာ အခုဆိုရင် သီတင်းတပတ် ကျော်သွားခဲ့ပါပြီ။ သူ့ကို ပြန်လွှတ်ပေးရေးအတွက် သူ့ရဲ့မိခင်ပါတီ NLD က နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ ချင်းနိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ သူ့ရဲ့ မိသားစုဝင်တွေ၊ လွှတ်တော်အမတ်တွေကလည်း တောင်းဆိုနေကြတာပါ။

သူ့ကို ဖမ်းဆီးထားတာဟာ လူမျိုးရေး၊ ဘာသာရေးကြောင့် မဟုတ်ဘဲ သူကိုယ်စားပြုတဲ့ ပလက်ဝ မဲဆန္ဒနယ်မှာရှိတဲ့ တိုင်းရင်းသားတွေအချင်းချင်းကြား သွေးကွဲကောင် လုပ်ဆောင်တာ အပါအဝင် သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ဖမ်းဆီးရခြင်းဖြစ်တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

" ဦးဝှေ့တင်းကို ကျနော်ဖမ်းတာ ချင်းလူမျိုးမို့လို့ NLD အမတ်မို့လို့ အဲလို ထိန်းသိမ်းတာမဟုတ်ဘူး။ သူဘာလုပ်ခဲ့သလဲဆိုတာနဲ့ဆိုင်တယ်။ သူလုပ်ခဲ့တဲ့လုပ်ရပ်နဲ့ သူတကယ်ကျူးလွန် မကျူးလွန်ဘူးဆိုတာ ရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ တိုက်ဆိုင်ပြီးတော့ ကျတော်တို့ဒါ စစ်ဆေးနေတာဖြစ်တယ်။ ဒီပြောတာ သူ့ကို စွပ်စွဲတာမဟုတ်ဘူး။ ကျနော်တို့လက်ထဲမှာ သူနဲ့ ပတ်သတ်တဲ့ အထောက်အထားတွေ အခိုင်အမာ ကိုင်စွဲထားတာဖြစ်လို့ ကျနော်တို့ ဒီလိုပြောတာ။ "

သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိဘူးလို့လဲ ခိုင်သုခက ပြောပါတယ်။

“ဦးဝှေ့တင်းနဲ့ပတ်သတ်ပြီးတော့ ဘာမှပြောချင်စရာမရှိဘူး အခုအချိန်ထိ ပြောနိုင်တာက သူဟာ ကျန်းကျန်းမာမာရှိတယ် သူနဲ့ပတ်သတ်ပြီးတော့ အသက်အန္တရာယ်တို့ဘာတို့ စိုးရိမ်စရာမရှိဘူး။ ကျနော်တို့က သူကို စစ်ဆေးနေတဲ့ ကာလပဲရှိတယ်။ အဲဒီအချိန်မှာ သူ့ကို လူ့ဂုဏ်သိက္ခာနဲ့ အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတာပဲရှိတယ်။”

ဦးဝှေ့တင်းကို လွှတ်ပေးရေးအတွက် NLD ပါတီက တောင်းဆိုတဲ့ ကြေညာချက်နဲ့ပတ်သက်လို့လည်း ခိုင်သုခက အခုလို တုံ့ပြန်ခဲ့ပါတယ်။

“ အစိုးရရဲ့ အုပ်ချုပ်ရေးကို ကြောထောက်နောက်ခံပေးထားတဲ့ စစ်တပ်၊ ရဲနော် အဲဒီလူတွေက ဒီတိုင်းရင်းသား တွေအပေါ်မှာ နေ့စဉ်ရက်စက်ကြူးလွန်နေတဲ့ ဒီမတရား ဖမ်းဆီးသတ်ဖြတ် အနိုင်ကျင့်တာတွေကကော တရားမျှတမှု ရှိသလားဆိုတဲ့ ဥစ္စာကို အဲဒီထုတ်ပြန်ချက်ထုတ်တဲ့ အစိုးရက ပြန်စဉ်းစားဖို့လိုတယ်။ NLD ပါတီကိုယ်၌ ကလည်း စဉ်းစားဖို့လိုတယ်။”

ဦးဝှေ့တင်းကို လွှတ်ပေးဖို့ သူဖမ်းဆီးခံရပြီးကတည်းက ချင်းနိုင်ငံရေးပါတီ အသီးသီးက တောင်းဆိုချက်တွေ ထုတ်ပြန်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်း ၄၃ ဖွဲ့က သူ့ကို ပြန်လွတ်ပေးဖို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ ဦးဝှေ့တင်း ပြန်လွှတ်ရေးအတွက် AA နဲ့ ကြားဝင် ဆောင်ရွက်နိုင်ဖို့ပါ ကြိုးပမ်းနေကြောင်း လူမှုအဖွဲ့အစည်း ၄၃ ဖွဲ့ကိုယ်စား KACC ညှိနိုင်းရေးမှူး အိုင်စောမြတ်က ပြောပါတယ်။

" ညှိနိုင်းဖို့ လုပ်နေတယ်အခု။ နိုင်ငံတကာ သံရုံးတွေနဲ့ နောက်ပြီးတော့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပဲ ဖြစ်ဖြစ်။ နောက် အစိုးရအဖွဲ့ကိုလည်း ကျနော်တို့ အကြောင်းကြားထားတယ်။ ငြိမ်ချမ်းရေး ဆွေးနွေးတဲ့ UPJC ဖက်ကိုလည်း အကြောင်းကြားထားတယ်။ "

ဒီအတောအတွင်း တပ်မတော်အနေနဲ့ ဦးဝှေ့တင်းအပါအဝင် AA က ဖမ်းဆီးထားသူတွေ ပြန်လွှတ်ရေးအတွက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

" သူ့ကို ခေါ်သွားတယ်ဆိုတာ ဘယ်ကို ခေါ်သွားလို့ ခေါ်သွားမှန်းလည်း မသိဘူးလေ။ ဒါပေမယ့် ကျနော်တို့ကတော့ ဖြစ်နိုင်ခြေရှိတဲ့နေရာတွေကိုတော့ နယ်မြေရှင်းလင်းရေး လုပ်နေတာပေါ့။ အတတ်နိုင်ဆုံး၊ ဟုတ်လား ကျနော်တို့က ကြိုးစားပြီးတော့ ရှာဖွေနေတာပဲ။ သူ့ကိုမှမဟုတ်ဘူး ကျန်တဲ့အဖွဲ့တွေရော၊ ကျန်တဲ့ဟာတွေ ဟိုဟာတွေရှိတယ်။ ရွေနဒီက ဖမ်းသွားတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ရဲ့ သက်ဆိုင်ရာနယ်မြေကို ရအောင်လိုက်ကြည့်နေတယ်။ "

ဦးဝှေ့တင်းနဲ့အတူ အိန္ဒိယနိုင်ငံသား ၅ ဦးနဲ့ သင်္ဘောမောင်းသူ ၂ ဦး၊ ဘာသာပြန် ၂ ဦး၊ စုစုပေါင်း ၁၀ ဦးကို AA အဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အဲဒီအထဲက အိန္ဒိယနိုင်ငံသား တဦးကတော့ သူ့မှာ နဂိုရှိနေတဲ့ နှလုံးရောဂါအခံကြောင့် AA လက်ထဲမှာဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီသေဆုံးသွားတဲ့ အိန္ဒိယလူမျိုးအပါအဝင် ကျန်လူတွေအားလုံးကို AA က ပြန်လွှတ်ပေးလိုက်ပေမယ့် ဦးဝှေ့တင်းကိုတော့ အချိန်ထိ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG