သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ပြဲေတြနဲ႔ နယ္ေျမရွင္းလင္းေရးေတြေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ထိခိုက္လာ


ကရင္ျပည္နယ္တြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ တိမ္းေရွာင္ေနရတဲ့ ေဒသခံမ်ား။

(Zawgyi / Unicode)

စိုက္ပ်ိဳးေရးကို အဓိကထား လုပ္ကိုင္ၾကတဲ့ ေတာင္သူေတြဟာ စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ ျဖစ္လာၿပီး စိုက္ပ်ိဳးေရးကို ေကာင္းမြန္စြာ မလုပ္ကိုင္ႏိုင္ေတာ့ပါဘူး။ စစ္ေကာင္စီတပ္ရဲ႕ နယ္ေျမရွင္းလင္း စစ္ဆင္ေရးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ၾကရသလို ေနအိမ္မီး႐ႈိ႕ခံရတာေတြ ရွိေနတာေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ ထိခိုက္ေနပါတယ္။ စစ္ပြဲေတြနဲ႔ မၿငိမ္မသက္ျဖစ္ေနတဲ့ ေဒသေတြက ေတာင္သူေတြ ႀကဳံေနရတဲ့ အခက္အခဲကို ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

မိ႐ိုးဖလာ စိုက္ပ်ိဳးေရးကို အဓိကထားလုပ္ကိုင္တဲ့ မႏၲေလး၊ မေကြး၊ စစ္ကိုင္း စတဲ့ အညာေဒသေတြမွာ ၂၀၂၁ ခုႏွစ္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပပြဲေတြ ရွိခဲ့သလို ဆႏၵျပမႈေတြ အၾကမ္းဖက္ႏွိမ္နင္းခံခဲ့ရတာေၾကာင့္ စစ္ေကာင္စီကို လက္နက္ကိုင္ခုခံတဲ့ လႈပ္ရွားမႈေတြလည္း အားေကာင္းခဲ့ပါတယ္။ ေဒသတြင္းရွိတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို ႏွိမ္နင္းဖို႔ စစ္တပ္က နယ္ေျမရွင္းစစ္ဆင္ေရးေတြ လုပ္လာတာေၾကာင့္ ေဒသခံေတြဟာ စစ္ေျပးဒုကၡသည္ေတြ ျဖစ္လာၿပီး စိုက္ပ်ိဳးေရးကို ေကာင္းေကာင္းမလုပ္ႏိုင္ေတာ့ပါဘူး။

နယ္ေျမမတည္ၿငိမ္တဲ့အတြက္ အထြက္ႏႈန္းအားေကာင္းတဲ့ ဓာတ္ေျမၾသဇာ အလြယ္တကူ ဝယ္ယူမရႏိုင္တာ၊ စိုက္ပ်ိဳးေရးကို အခ်ိန္ေပး မလုပ္ႏိုင္တာေတြေၾကာင့္ သီးႏွံအထြက္ႏႈန္း ေလ်ာ့လာတယ္လို႔ မေကြးတိုင္းက ပဲစိုက္ေတာင္သူ ကိုေက်ာ္က ေျပာပါတယ္။ သူ႔လုံၿခဳံေရးေၾကာင့္ အမည္ရင္းေတာ့ မဟုတ္ပါဘူး။

“အခုက ေျမၾသဇာက ဒီဘက္ကို ကားလမ္းေၾကာင္းေတြ မရွိေတာ့ သယ္လို႔မလြယ္ဘူး။ သဘာဝပဲ စိုက္ပ်ိဳးၾကရတယ္။ အရင္ကဆို ပိုးသတ္ေဆးဖ်န္းတာ ပိုးသတ္ေဆးဆိုရင္ေတာ့ ဝယ္လို႔မရဘူး၊ ပိုးေတြက်တာေတာင္မွ။ ေျမၾသဇာ ေကၽြးခ်ိန္တန္ မေကၽြးရတာရယ္ ေနာက္ၿပီးမွ ပိုးက်လို႔ ပိုးသတ္ေဆးက ဝယ္လို႔ ခက္တာေတြေကာ မျဖန္းရတာေတြေကာ အဲ့ဒါမ်ိဳးေတြေၾကာင့္ သီးႏွံအထြက္ႏႈန္းေတြေတာ့ တအားေလ်ာ့တယ္ဗ်။ ျပဳစုထိန္းသိမ္းမႈက သိပ္မရွိၾကဘူးေလ။ စိုက္ၿပီးရင္ ပစ္ထားရတာကို အထြက္ေတြ တအားနည္းတာေပါ့ ၁၀၀ ထြက္တဲ့သူက ၆၀ ေလာက္ အဲ့လိုေတြေပါ့။ စိုက္ပ်ိဳးေရးက က်ေနာ္တုိ႔က (စစ္တပ္) လာတဲ့အခါက်ရင္ ေရွာင္ရတာ တိမ္းရတာနဲ႔ အဲ့လိုမ်ိဳးဆိုေတာ့ အထြက္ေတြက သိပ္မထြက္ၾကဘူး။ ပဲေတြဘာေတြဆို။”

ကိုေက်ာ့္ရဲ႕ ေက်းရြာဟာ အိမ္ေျခ ၁,၀၀၀ ေက်ာ္ရွိတဲ့ ေက်းရြာႀကီးတရြာ ျဖစ္ခဲ့ေပမယ့္ စစ္ေကာင္စီတပ္ေတြ မၾကာခဏ ဝင္ေရာက္ၿပီး နယ္ေျမရွင္းလင္းတာေတြအျပင္ ေက်းရြာအနီး တိုက္ပြဲေတြျဖစ္တာေၾကာင့္ ေက်းရြာသားအမ်ားစုဟာ ေတာေတာင္ေတြထဲမွာပဲ ေနထိုင္ေနၾကရပါေတာ့တယ္။

အိမ္ေျခ ၁၅၀ ေလာက္ရွိၿပီး စိုက္ပ်ိဳးေရးနဲ႔ အဓိက အသက္ေမြးတဲ့ စန္းၿမိဳ႕ရြာဟာလည္း စစ္ကိုင္းတိုင္းထဲက ကေလးၿမိဳ႕ေတာင္ပိုင္းမွာ တည္ရွိတာပါ။

စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းစစ္ဆင္ေရးအတြင္း ၂ ႀကိမ္တိုင္တိုင္ မီး႐ႈိ႕ခံခဲ့ရလို႔ သူတို႔ရြာ ေနအိမ္အားလုံး မီးေလာင္ဆုံး႐ႈံးခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ေနအိမ္ေတြ မီးေလာင္မကၽြမ္းခင္က စိုက္ပ်ိဳးခဲ့တဲ့ သီးႏွံေလးေတြကိုသာ ရိတ္သိမ္းေနရၿပီး ေနာက္ႏွစ္အတြက္ေတာ့ အေတာ္ေလး အခက္အခဲရွိေနၿပီလို႔ စန္းၿမိဳ႕ေဒသခံတဦးက ေျပာပါတယ္။

“ေနာင္ျဖစ္လာမယ့္ဟာေတြက က်ေနာ္တုိ႔အတြက္ ဘယ္လိုမွ စိတ္ကူးယဥ္စရာလည္း မရွိေတာ့ဘူး။ စိုက္ပ်ိဳးလို႔လည္း မျဖစ္ေတာ့ဘူးဆိုေတာ့ က်ေနာ္တုိ႔စိတ္ထဲမွာေတာ့ ေတာ္ေတာ္သိေနၿပီဗ်။ ဒါေပမယ့္ အခု က်ေနာ္တုိ႔က လယ္ယာေလးေတြက သိမ္းလို႔ရမယ့္ ေမွ်ာ္လင့္ခ်က္ေလးေတြနဲ႔ လုပ္ကိုင္ေနၾကရတယ္ဗ်။ ဒါေတာင္ က်ေနာ္တုိ႔က မေသခ်ာဘူး။ သိမ္းရမယ္ မသိမ္းရဘူး ဆိုတာေတာ့ေလ။ သိမ္းလို႔ ရခဲ့ျပန္ရင္လည္း ဒီဟာႀကီးေတြကို သိမ္းလို႔ရရင္လည္း ဘယ္နားသြားထားမလဲ၊ ဘယ္လိုေရာင္းမလဲ၊ ဘယ္နားမွာ သိမ္းသိုထားမလဲဆိုတာ က်ေနာ္တုိ႔က ေမွ်ာ္လင့္ခ်က္က လုံးဝမရွိေတာ့ဘူး။ တကယ္လို႔မ်ား က်ေနာ္တုိ႔က ရလာခဲ့ရင္ ဝယ္တဲ့သူရွိရင္ တခါတည္း ေရာင္းပစ္လို႔ပဲရမယ္။ ဒါေတြကို ဘယ္နားမွာထားမယ္၊ ဘယ္လိုလုပ္ထားမယ္၊ ေနာင္ႏွစ္ခါက်ရင္ ပဲစိုက္ဖို႔အတြက္ မ်ိဳးေတြထားမယ္၊ ေမွ်ာ္လင့္ခ်က္ေတြ ရည္႐ြယ္ခ်က္ေတြကေတာ့ မရွိဘူးဗ်။”

သူတို႔ရြာရဲ႕ ေဘးပတ္လည္ရြာေတြမွာ ပ်ဴေစာထီးလို႔ အမ်ားသိတဲ့ စစ္ေကာင္စီကို ေထာက္ခံအားေပးတဲ့သူေတြ အမ်ားစု ေနထိုင္ပါတယ္။ သူတို႔ရြာကို မီး႐ႈိ႕ခ်ိန္မွာလည္း ပ်ဴေစာထီးနဲ႔ စစ္ေကာင္စီတပ္ေတြ ပူးေပါင္းဝင္ေရာက္လာၿပီး ေနအိမ္ေတြကို မီး႐ႈိ႕သြားတာလည္း ျဖစ္ပါတယ္။

ေအးေအးခ်မ္းခ်မ္းေနခ်င္တဲ့ သူတို႔ရဲ႕ဘဝေတြဟာ ေနအိမ္မီးေလာင္ၿပီး ပိုင္ဆိုင္မႈေတြ ဆုံး႐ႈံးခဲ့ရပါတယ္။ အခုလို ဒုကၡေတြကေန အျမန္ဆုံး လြတ္ေျမာက္ခ်င္ၿပီလို႔ သူ႔ရဲ႕ဆႏၵကို စန္းၿမိဳ႕ေက်းရြာ ေဒသခံက အခုလိုေျပာပါတယ္။

“အဓိက က်ေနာ္တုိ႔ ေအးေအးခ်မ္းခ်မ္းပဲ ေနခ်င္တယ္။ ဒီလိုမ်ိဳး တေယာက္နဲ႔တေယာက္ မျဖစ္ေစခ်င္ေတာ့ဘူး။ အခု က်ေနာ္တုိ႔က တရြာနဲ႔တရြာဆိုရင္ က်ေန္ာတို႔ရြာဆိုရင္ လာလာၿပီးမွ ပစ္ၾကတယ္။ စစ္ေၾကာင္းထိုးၾကတယ္။ က်ေနာ္တို႔ ထြက္ေျပးရတယ္။ အဲ့ဒုကၡေတြကေန လြတ္ေျမာက္ခ်င္ၿပီဗ်။”

စစ္ေကာင္စီဟာ ေက်းရြာေတြကို ဝင္ေရာက္ၿပီး ရွာေဖြဖမ္းဆီးတာေတြ လုပ္တဲ့အတြက္လည္း ေဒသခံေတြဟာ လုံၿခဳံမႈမရွိသလို ခံစားလာရၿပီး မိဘ လက္ငုတ္လက္ရင္း အလုပ္ျဖစ္တဲ့ စိုက္ပ်ိဳးေရးကို မလုပ္ေတာ့ဘဲ ေက်းရြာေတြကို စြန႔္ခြာ တျခားအလုပ္အကိုင္ေတြ ေျပာင္းလဲ လုပ္ကိုင္လာၾကပါတယ္။

မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္ထဲက ေက်းရြာအမ်ားစုဟာ ေဆးလိပ္ထဲ အသုံးျပဳတဲ့ ေဆးရြက္ႀကီးစိုက္ပ်ိဳးၿပီး အသက္ေမြးဝမ္းေက်ာင္းၾကတာပါ။ စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္ေတြ ေက်းရြာထဲ မၾကာခဏဝင္ေရာက္ ဖမ္းဆီးတာေတြ ရွိလာတဲ့အတြက္ လူငယ္ေတြဟာ ေက်းရြာေတြမွာ မေနထိုင္ေတာ့ဘဲ ၿမိဳ႕တက္ အျခားအလုပ္အကိုင္ေတြ ေျပာင္းလဲ လုပ္ကိုင္လာတယ္လို႔ ျမင္းၿခံၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ကေ်နာ္တုိ႔က အခုခ်ိန္က ေဆးစိုက္ခ်ိန္ေပါ့ဗ်ာ။ ေဆးေလးစိုက္လိုက္ အဲ့လိုမ်ိဳး အလုပ္ကလည္း ေဝလီေဝလင္း ထလုပ္ရတဲ့ လုပ္ငန္းေတြပဲ။ သူတို႔က လာလိုက္ ျပဳလိုက္နဲ႔ဆိုေတာ့ က်ေနာ္တို႔ လုံးလုံး အဆင္မေျပဘူးဗ်ာ။ ဘယ္လိုေျပာရမလဲ ကိုယ့္ရြာကိုယ္ေတာင္ ေခါင္းျပားေအာင္ မအိပ္ရဘူးဗ်။ အိမ္တအိမ္ မိသားစုတစုမွာ ၅ ေယာက္ ၆ ေယာက္ရွိတယ္ ေျပာပါေတာ့ဗ်ာ။ အဲ့ထဲက မျဖစ္မေန အိမ္ေနရမယ့္ မိန္းကေလးတေယာက္ေလာက္နဲ႔ အေဖေမနဲ႔ ႏြားေစာင့္နဲ႔ ဒီေလာက္ပဲေနတယ္။ က်န္တဲ့ လူလတ္ပိုင္းကေတာ့ မန္းေလးတက္ ေဆာက္လုပ္ေရးလုပ္ငန္းေတြနဲ႔ ႀကဳံရာက်ပန္းလုပ္ အဲ့လိုမ်ိဳး ေနေနၾကတာပဲ။ ရြာကေတာ့ လုပ္ႏိုင္ကိုင္ႏိုင္တဲ့သူရယ္လို႔ မရွိၾကေတာ့ဘူး။”

အခုလို နယ္ေျမမတည္ၿငိမ္တာေတြေ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ ေကာင္းမြန္စြာ မလုပ္ကိုင္ႏိုင္တာေတြေၾကာင့္ သီးႏွံအထြက္ႏႈန္း ေလ်ာ့နည္းလာတာအျပင္ ေနအိမ္ေတြမီးေလာင္ ပိုင္ဆိုင္မႈေတြ ဆုံး႐ႈံးၿပီးတဲ့ေနာက္ တရားဥပေဒစိုးမိုးမႈမဲ့ၿပီး ရာဇဝတ္မႈေတြ ထူေျပာလာမွာကိုလည္း အထူးစိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

စစ်ပွဲတွေနဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်လာ

စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြတဲ့ တောင်သူတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာပြီး စိုက်ပျိုးရေးကို ကောင်းမွန်စွာ မလုပ်ကိုင်နိုင်တော့ပါဘူး။ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသလို နေအိမ်မီးရှို့ခံရတာတွေ ရှိနေတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နေပါတယ်။ စစ်ပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ ဒေသတွေက တောင်သူတွေ ကြုံနေရတဲ့ အခက်အခဲကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မိရိုးဖလာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်တဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်း စတဲ့ အညာဒေသတွေမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေ ရှိခဲ့သလို ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံခဲ့ရတာကြောင့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံတဲ့ လှုပ်ရှားမှုတွေလည်း အားကောင်းခဲ့ပါတယ်။ ဒေသတွင်းရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းဖို့ စစ်တပ်က နယ်မြေရှင်းစစ်ဆင်ရေးတွေ လုပ်လာတာကြောင့် ဒေသခံတွေဟာ စစ်ပြေးဒုက္ခသည်တွေ ဖြစ်လာပြီး စိုက်ပျိုးရေးကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။

နယ်မြေမတည်ငြိမ်တဲ့အတွက် အထွက်နှုန်းအားကောင်းတဲ့ ဓာတ်မြေသြဇာ အလွယ်တကူ ဝယ်ယူမရနိုင်တာ၊ စိုက်ပျိုးရေးကို အချိန်ပေး မလုပ်နိုင်တာတွေကြောင့် သီးနှံအထွက်နှုန်း လျော့လာတယ်လို့ မကွေးတိုင်းက ပဲစိုက်တောင်သူ ကိုကျော်က ပြောပါတယ်။ သူ့လုံခြုံရေးကြောင့် အမည်ရင်းတော့ မဟုတ်ပါဘူး။

“အခုက မြေသြဇာက ဒီဘက်ကို ကားလမ်းကြောင်းတွေ မရှိတော့ သယ်လို့မလွယ်ဘူး။ သဘာဝပဲ စိုက်ပျိုးကြရတယ်။ အရင်ကဆို ပိုးသတ်ဆေးဖျန်းတာ ပိုးသတ်ဆေးဆိုရင်တော့ ဝယ်လို့မရဘူး၊ ပိုးတွေကျတာတောင်မှ။ မြေသြဇာ ကျွေးချိန်တန် မကျွေးရတာရယ် နောက်ပြီးမှ ပိုးကျလို့ ပိုးသတ်ဆေးက ဝယ်လို့ ခက်တာတွေကော မဖြန်းရတာတွေကော အဲ့ဒါမျိုးတွေကြောင့် သီးနှံအထွက်နှုန်းတွေတော့ တအားလျော့တယ်ဗျ။ ပြုစုထိန်းသိမ်းမှုက သိပ်မရှိကြဘူးလေ။ စိုက်ပြီးရင် ပစ်ထားရတာကို အထွက်တွေ တအားနည်းတာပေါ့ ၁၀၀ ထွက်တဲ့သူက ၆၀ လောက် အဲ့လိုတွေပေါ့။ စိုက်ပျိုးရေးက ကျနော်တို့က (စစ်တပ်) လာတဲ့အခါကျရင် ရှောင်ရတာ တိမ်းရတာနဲ့ အဲ့လိုမျိုးဆိုတော့ အထွက်တွေက သိပ်မထွက်ကြဘူး။ ပဲတွေဘာတွေဆို။”

ကိုကျော့်ရဲ့ ကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာ ဖြစ်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေ မကြာခဏ ဝင်ရောက်ပြီး နယ်မြေရှင်းလင်းတာတွေအပြင် ကျေးရွာအနီး တိုက်ပွဲတွေဖြစ်တာကြောင့် ကျေးရွာသားအများစုဟာ တောတောင်တွေထဲမှာပဲ နေထိုင်နေကြရပါတော့တယ်။

အိမ်ခြေ ၁၅၀ လောက်ရှိပြီး စိုက်ပျိုးရေးနဲ့ အဓိက အသက်မွေးတဲ့ စန်းမြို့ရွာဟာလည်း စစ်ကိုင်းတိုင်းထဲက ကလေးမြို့တောင်ပိုင်းမှာ တည်ရှိတာပါ။

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွင်း ၂ ကြိမ်တိုင်တိုင် မီးရှို့ခံခဲ့ရလို့ သူတို့ရွာ နေအိမ်အားလုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ အခုချိန်မှာတော့ နေအိမ်တွေ မီးလောင်မကျွမ်းခင်က စိုက်ပျိုးခဲ့တဲ့ သီးနှံလေးတွေကိုသာ ရိတ်သိမ်းနေရပြီး နောက်နှစ်အတွက်တော့ အတော်လေး အခက်အခဲရှိနေပြီလို့ စန်းမြို့ဒေသခံတဦးက ပြောပါတယ်။

“နောင်ဖြစ်လာမယ့်ဟာတွေက ကျနော်တို့အတွက် ဘယ်လိုမှ စိတ်ကူးယဉ်စရာလည်း မရှိတော့ဘူး။ စိုက်ပျိုးလို့လည်း မဖြစ်တော့ဘူးဆိုတော့ ကျနော်တို့စိတ်ထဲမှာတော့ တော်တော်သိနေပြီဗျ။ ဒါပေမယ့် အခု ကျနော်တို့က လယ်ယာလေးတွေက သိမ်းလို့ရမယ့် မျှော်လင့်ချက်လေးတွေနဲ့ လုပ်ကိုင်နေကြရတယ်ဗျ။ ဒါတောင် ကျနော်တို့က မသေချာဘူး။ သိမ်းရမယ် မသိမ်းရဘူး ဆိုတာတော့လေ။ သိမ်းလို့ ရခဲ့ပြန်ရင်လည်း ဒီဟာကြီးတွေကို သိမ်းလို့ရရင်လည်း ဘယ်နားသွားထားမလဲ၊ ဘယ်လိုရောင်းမလဲ၊ ဘယ်နားမှာ သိမ်းသိုထားမလဲဆိုတာ ကျနော်တို့က မျှော်လင့်ချက်က လုံးဝမရှိတော့ဘူး။ တကယ်လို့များ ကျနော်တို့က ရလာခဲ့ရင် ဝယ်တဲ့သူရှိရင် တခါတည်း ရောင်းပစ်လို့ပဲရမယ်။ ဒါတွေကို ဘယ်နားမှာထားမယ်၊ ဘယ်လိုလုပ်ထားမယ်၊ နောင်နှစ်ခါကျရင် ပဲစိုက်ဖို့အတွက် မျိုးတွေထားမယ်၊ မျှော်လင့်ချက်တွေ ရည်ရွယ်ချက်တွေကတော့ မရှိဘူးဗျ။”

သူတို့ရွာရဲ့ ဘေးပတ်လည်ရွာတွေမှာ ပျူစောထီးလို့ အများသိတဲ့ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့သူတွေ အများစု နေထိုင်ပါတယ်။ သူတို့ရွာကို မီးရှို့ချိန်မှာလည်း ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့သွားတာလည်း ဖြစ်ပါတယ်။

အေးအေးချမ်းချမ်းနေချင်တဲ့ သူတို့ရဲ့ဘဝတွေဟာ နေအိမ်မီးလောင်ပြီး ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရပါတယ်။ အခုလို ဒုက္ခတွေကနေ အမြန်ဆုံး လွတ်မြောက်ချင်ပြီလို့ သူ့ရဲ့ဆန္ဒကို စန်းမြို့ကျေးရွာ ဒေသခံက အခုလိုပြောပါတယ်။

“အဓိက ကျနော်တို့ အေးအေးချမ်းချမ်းပဲ နေချင်တယ်။ ဒီလိုမျိုး တယောက်နဲ့တယောက် မဖြစ်စေချင်တော့ဘူး။ အခု ကျနော်တို့က တရွာနဲ့တရွာဆိုရင် ကျနေ်ာတို့ရွာဆိုရင် လာလာပြီးမှ ပစ်ကြတယ်။ စစ်ကြောင်းထိုးကြတယ်။ ကျနော်တို့ ထွက်ပြေးရတယ်။ အဲ့ဒုက္ခတွေကနေ လွတ်မြောက်ချင်ပြီဗျ။”

စစ်ကောင်စီဟာ ကျေးရွာတွေကို ဝင်ရောက်ပြီး ရှာဖွေဖမ်းဆီးတာတွေ လုပ်တဲ့အတွက်လည်း ဒေသခံတွေဟာ လုံခြုံမှုမရှိသလို ခံစားလာရပြီး မိဘ လက်ငုတ်လက်ရင်း အလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးကို မလုပ်တော့ဘဲ ကျေးရွာတွေကို စွန့်ခွာ တခြားအလုပ်အကိုင်တွေ ပြောင်းလဲ လုပ်ကိုင်လာကြပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက ကျေးရွာအများစုဟာ ဆေးလိပ်ထဲ အသုံးပြုတဲ့ ဆေးရွက်ကြီးစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းကြတာပါ။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ ကျေးရွာထဲ မကြာခဏဝင်ရောက် ဖမ်းဆီးတာတွေ ရှိလာတဲ့အတွက် လူငယ်တွေဟာ ကျေးရွာတွေမှာ မနေထိုင်တော့ဘဲ မြို့တက် အခြားအလုပ်အကိုင်တွေ ပြောင်းလဲ လုပ်ကိုင်လာတယ်လို့ မြင်းခြံမြို့ခံတဦးက ပြောပါတယ်။

“ကျေနာ်တို့က အခုချိန်က ဆေးစိုက်ချိန်ပေါ့ဗျာ။ ဆေးလေးစိုက်လိုက် အဲ့လိုမျိုး အလုပ်ကလည်း ဝေလီဝေလင်း ထလုပ်ရတဲ့ လုပ်ငန်းတွေပဲ။ သူတို့က လာလိုက် ပြုလိုက်နဲ့ဆိုတော့ ကျနော်တို့ လုံးလုံး အဆင်မပြေဘူးဗျာ။ ဘယ်လိုပြောရမလဲ ကိုယ့်ရွာကိုယ်တောင် ခေါင်းပြားအောင် မအိပ်ရဘူးဗျ။ အိမ်တအိမ် မိသားစုတစုမှာ ၅ ယောက် ၆ ယောက်ရှိတယ် ပြောပါတော့ဗျာ။ အဲ့ထဲက မဖြစ်မနေ အိမ်နေရမယ့် မိန်းကလေးတယောက်လောက်နဲ့ အဖေမေနဲ့ နွားစောင့်နဲ့ ဒီလောက်ပဲနေတယ်။ ကျန်တဲ့ လူလတ်ပိုင်းကတော့ မန်းလေးတက် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ကြုံရာကျပန်းလုပ် အဲ့လိုမျိုး နေနေကြတာပဲ။ ရွာကတော့ လုပ်နိုင်ကိုင်နိုင်တဲ့သူရယ်လို့ မရှိကြတော့ဘူး။”

အခုလို နယ်မြေမတည်ငြိမ်တာတွေေ စိုက်ပျိုးရေးလုပ်ငန်းတွေ ကောင်းမွန်စွာ မလုပ်ကိုင်နိုင်တာတွေကြောင့် သီးနှံအထွက်နှုန်း လျော့နည်းလာတာအပြင် နေအိမ်တွေမီးလောင် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပြီးတဲ့နောက် တရားဥပဒေစိုးမိုးမှုမဲ့ပြီး ရာဇဝတ်မှုတွေ ထူပြောလာမှာကိုလည်း အထူးစိုးရိမ်နေကြပါတယ်။

XS
SM
MD
LG