သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် ၇ နေရာထက်မနည်းမှာ တိုက်ပွဲပြင်းထန်


တိုက်ပွဲတွေကြောင့် ကြာအင်းဆိပ်ကြီးဒေသခံတွေ စစ်ဘေးရှောင်နေကြရ (စက်တင်ဘာ၊ ၂၀၂၃)
တိုက်ပွဲတွေကြောင့် ကြာအင်းဆိပ်ကြီးဒေသခံတွေ စစ်ဘေးရှောင်နေကြရ (စက်တင်ဘာ၊ ၂၀၂၃)

KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲ တွေ အခုရက်ပိုင်း ပြင်းထန်ခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့အထိ နေရာ ၇ ခုလောက်မှာ တပြိုင်တည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်ကလည်း လေကြောင်းကနေတိုက် ခိုက် ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထား ပါတယ်။

ကရင်ပြည်နယ်ထဲက KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲက ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်၊ ကျုံဒိုးစတဲ့နေရာ ၇ ခုလောက်မှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA။ PDF ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ စစ်တပ် ဘက်ကလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။

"၂၇ ရက်နေ့ကစပြီးတော့ ဝေါလေ၊ ကနဲလေး၊ တံခွန်တိုင်၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း၊ ကျုံဒိုး၊ ကော့ကရိတ်စတဲ့နေရာအစုံတပ်မဟာ ၆ နယ်မြေထဲမှာတိုက်ပွဲဖော်ဆောင်မှုအဖြစ် ၇ နေရာမှာ တိုက်ပွဲခေါ် ဆောင်မှုတွေဖြစ်တယ်၊ သူတို့ကလည်းMIG 35 နဲ့ကော ရဟတ်ယာဉ်တွေနဲ့ပါ လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်တယ်။ လက်နက်ကြီးနဲ့ စ.က.စက ပစ်ခတ်မှုတွေကြောင့် ကော့ကရိတ်ထဲမှာ ဒေသခံ ၅ ဦးသေတယ် ၂၀လောက်က ဒဏ်ရာရတယ် သူတို့ကိုလည်းကျနော်တို့ဘက်က ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေ လုပ်တယ်။ သူတို့ဘက်ကလည်းထိခိုက်သေဆုံးမူတွေများတယ်"

အခုလို ၂ ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ရော စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုတွေ တွေကြောင့် ပါစစ်ပြေးဒုက္ခသည်တွေ ပိုများလာနေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် KPSN က ပြောရေးဆိုခွင့်ရှိသူ စောလားကပေါ်က အခုလိုပြောပြပါတယ်။

"တိုက်ပွဲတွေက နေ့တိုင်းပဲ မဖြစ်ဘူးဆိုရင်တောင် နေရာ ၃ ခုလောက်မှာဖြစ်နေတယ်၊ အခုကကော့ကရိတ် မှာလည်းဖြစ်တယ်။ ကြာအင်းဆိပ်ကြီးမှာလည်းဖြစ်တယ်။ တပ်မဟာ(၅) ဖာပွန်ဘက်မှာလည်းဖြစ်တယ်၊လက်နက်ကြီးနဲ့ပစ်တယ်။ ဒီတော့ ဒုက္ခသည်တွေက ပိုပြီးများလာတယ်။ ကော့ကရိတ်ဘက်တွေမှာကော ကြာအင်းဆိပ်ကြီးဘက်မှာကော ပိုများလာတယ်"

အခုဆိုရင် ဘုရားသုံးဆူဒေသမှာ KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိမ်းချုပ်မူတွေပိုများလာနေသလို ဘုရားသုံးဆူမြို့က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ အုပ်ချုပ်ရေးအဖွဲ့တွေမရှိသလောက်ဖြစ်လာပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့တပ်တွေကလည်း အဝေးကနေ မြို့ထဲကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မြို့ပေါ်မှာ မနေရဲကြသူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG