သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကို တိုင္ၾကားရမယ့္ ကူးစက္ေရာဂါအျဖစ္ ျမန္မာ သတ္မွတ္


ျမန္မာျပည္တြင္း ဆိုက္ေရာက္ေလယာဥ္ေပၚက ခရီးသည္မ်ားကို က်န္းမာေရး၀န္ထမ္းက စစ္ေဆးေန (Photo by Sam YEH / AFP)

(zawgyi/Unicode)

COVID-19 ေရာဂါပိုးကုိ ကူးစက္ျမန္ ဒါမွမဟုတ္ တိုင္ၾကားရမယ့္ ကူးစက္ေရာဂါအျဖစ္ သတ္မွတ္တဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ ေၾကညာပါတယ္။ ဒီအမိန္႔ကို မလုိက္နာရင္ ေထာင္ဒဏ္ ေငြဒဏ္ ခ်မွတ္ႏုိင္တဲ့အေၾကာင္း ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန တာဝန္ရွိသူတဦးက ေျပာပါတယ္။

လူထုအေနနဲ႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြကို အတိအက်လုိက္နာဖို႔လည္း တိုက္တြန္းပါတယ္။ အိႏိၵယႏုိင္ငံ၊ နယူးေဒလီၿမိဳ႕ေတာ္မွာ ၁၄ ရက္ၾကာ သီးျခားခြဲ ၿပီး ေစာင့္ၾကည့္ေနတဲ့ ဝူဟန္က ျပန္ေခၚလာသူ ျမန္မာေက်ာင္းသား ႏွစ္ေယာက္ ႏုိင္္ငံျပန္ေရာက္လာရင္ေတာ့ ထပ္ၿပီး ခြဲျခား ေစာင့္ၾကည့္ဖို႔ မလိုေတာ့ဘူးလို႔လည္း ေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မစုစုက ဆက္ေျပာျပပါမယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒပုဒ္မ ၂၁ ပုဒ္မခြဲ (ခ) ပါ လုပ္ပုိင္ခြင့္ကို က်င့္သံုးၿပီး လတ္တေလာအသက္ရွဴ လမ္းေၾကာင္းဆုိင္ရာေရာဂါ COVID- 19 ကို ကူးစက္ျမန္ေရာဂါ သို႔မဟုတ္ တုိင္ၾကားရမည့္ကူးစက္ေရာဂါအျဖစ္ သတ္မွတ္တဲ့အမိန္႔ကို ေဖေဖာ္ဝါရီ ၂၈ရက္ ေသာၾကာေန႔ ေန႔လည္ခင္းမွာ ထုတ္ျပန္လုိက္ပါတယ္။

အခုလို အမိန္႔ထုတ္ျပန္လိုက္တာဟာ ျမန္မာႏုိင္ငံတြင္းမွာ ဒီေရာဂါကူးစက္ပ်ံ႕ႏွံ႕မႈ မျဖစ္ပြားေစေရးအတြက္ ႀကိဳတင္ကာကြယ္ေရးနဲ႔ တံု႕ျပန္ေဆာင္ရြက္ေရးတို႔ကို ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ဖို႔ သတ္မွတ္လိုက္တာလို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“ျပည္သူလူထုအေနနဲ႔ မိမိကုိယ္တုိင္ ဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္၊ ဒီေရာဂါျဖစ္တဲ့ တုိင္းျပည္ေတြကေန လာတယ္။ ဒါမွမဟုတ္ရင္လည္း ဓာတ္ခြဲအတည္ျပဳလူနာနဲ႔ တအိမ္တည္းေနခဲ့တယ္။ အဲလိုေတြျဖစ္ၿပီးေတာ့ ဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္ဆုိရင္ မိမိတို႔ကုိယ္တိုင္ သတင္းေပးပို႔ဖို႔ လိုပါတယ္။ အဲဒီအျပင္ ပတ္ဝန္းက်င္ကလည္း တကယ္လို႔ ဒီလူနာေတြကုိ သိတယ္ဆိုရင္ ဖံုးမထားဘဲနဲ႔ သတင္းေပးပို႔လိုပါတယ္။ တနည္းအားျဖင့္ေျပာရင္ ေရာဂါရွိတဲ့သူေတြ ျပည္သူလူထုၾကားထဲမွာ မသိလုိက္ မသိဖာသာနဲ႔ ျဖစ္ေနတာမ်ိဳး ရွိေနတာမ်ိဳး မျဖစ္ေအာင္လို႔ ဒီဥပေဒကုိ အမိန္႔ထုတ္ျပန္ရျခင္း ျဖစ္ပါတယ္။”

COVID- 19 ေရာဂါပညာေပး ျမန္မာ ဦးစားေပး ေဆာင္ရြက္ေနတဲ့သတင္းကို နားဆင္ႏိုင္ပါၿပီ။

အခုလို တိုင္ၾကားရမည့္ ကူးစက္ေရာဂါအျဖစ္ သတ္မွတ္လိုက္ၿပီျဖစ္လို႔ ဒါေတြကိုပ်က္ကြက္ခဲ့ရင္ ဘယ္သူ႔ကုိမဆုိ ဥပေဒျပဌာန္းခ်က္အတုိင္း အေရးယူႏို္င္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက အခုလိုေျပာပါတယ္။

“က်မတို႔အေနနဲ႔ တုိင္ၾကားရမယ့္ေရာဂါဆုိၿပီးေတာ့ အမိန္႔ထုတ္ျပန္လိုက္ၿပီဆိုရင္ ဒီေရာဂါဟာ တိုင္ကိုတုိင္ၾကားရမယ္ဆုိတဲ့ ေရာဂါျဖစ္ေၾကာင္း ေျပာလုိက္ၿပီ။ မတုိင္ၾကားရင္ ဘယ္လိုအေရးယူခံရမလဲဆိုရင္ ဒီကူးစက္ေရာဂါ ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒမွာ ရွိပါတယ္။ အသြားအလာ တားျမစ္ပိတ္ပင္ျခင္း၊ ကန္႔သတ္ျခင္း ဒါမ်ိဳးေတြလည္း က်မတို႔ေဆာင္ရြက္ရမယ္။ ေနာက္ ဥပေဒပုဒ္မေတြကုိ လိုက္နာရန္ပ်က္ကြက္လို႕ရွိရင္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရး ပုဒ္မ ၁၈ မွာ ေဖာ္ျပခ်က္အရ မည္သူမဆုိ ပုဒ္မ ၁၄အရ သက္ဆုိင္ရာအဖြဲ႕အစည္း သို႔မဟုတ္ အရာရွိက ထုတ္ျပန္ေသာ တားျမစ္ပိတ္ပင္သည့္ သုိ႔မဟုတ္ ကန္႔သတ္အမိန္႔ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္း ခံရလွ်င္ ထုိသူအား ေထာင္ဒဏ္ ေျခာက္လအထိျဖစ္ေစ၊ က်ပ္ငါးေသာင္းထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ဖို႔ ျပဌာန္းထားပါတယ္။”

ျမန္မာႏုိင္ငံမွာ COVID- 19 ဓာတ္ခြဲအတည္ျပဳလူနာ မရွိေသးေပမယ့္ ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းေတြကို အရွိန္ျမွင့္ေဆာင္ရြက္ေနၿပီး ျပည္သူေတြအေနနဲ႔လည္း အတိအက်လိုက္နာေပးဖို႔ကုိ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“၂၇ရက္၊ ၂လ၊ ၂၀၂၀၊ ည ၈နာရီအခ်ိန္ထိေပါ့ေနာ္။ ေဆးရံုေတြမွာ ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈေပးလ်က္ရွိတဲ့ လူနာမရွိေတာ့ပါဘူး။ ၂၇ရက္ေန႔အထိဆုိရင္ ျမန္မာႏုိင္ငံမွာ COVID- 19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းေတြ အရွိန္အဟုန္ျမွင့္ ေဆာင္ရြက္လ်က္ရွိပါတယ္။ ျပည္သူလူထုအေနနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးအသိပညာေပး အခ်က္အလက္ေတြကို အတိအက်လိုက္နာဖုိ႔အတြက္ ႏႈိးေဆာ္အပ္ပါတယ္။”

ကုိရုိနာေရာဂါပုိး စတင္ျဖစ္ပြားခဲ့တဲ့ တရုတ္ႏုိင္ငံ၊ ဝူဟန္ၿမိဳ႕မွာ ေနထုိ္င္တဲ့ ျမန္မာေက်ာင္းသား ၅၉ဦးကို မႏၱေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆးရံုမွာ သီးျခားထားရွိၿပီး ေရာဂါရွိ၊ မရွိ ၁၄ ရက္ေစာင့္ၾကည့္ခဲ့တာ ေဖေဖာ္ဝါရီ ၁၆ရက္ေန႔က အဆံုးသတ္သြားပါၿပီ။ သူတို႔ ၅၉ဦးစလံုးမွာ ကိုရိုနာေရာဂါပိုးမရွိတာေၾကာင့္ ေနအိမ္အသီးသီးကုိ ျပန္သြားၾကေပမယ့္ ဝူဟန္မွာက်န္ခဲ့တဲ့ ျမန္မာေက်ာင္းသားႏွစ္ဦးကုိေတာ့ ျမန္မာ- အိႏၵိယ ႏွစ္ႏုိင္ငံတာဝန္ရွိသူေတြရဲ႕ ေဆာင္ရြက္ခ်က္နဲ႔ မေန႔က ေဖေဖာ္ဝါရီ ၂၇ရက္ေန႔မွာ ဝူဟန္ကေန အိႏိၵယႏုိင္ငံ၊ နယူးေဒလီၿမိဳ႕ကို ေခၚေဆာင္လာခဲ့ပါတယ္။

အဲဒီေက်ာင္းသားႏွစ္ဦးကို နယူးေဒလီၿမိဳ႕မွာပဲ ထားရွိၿပီး ေရာဂါရွိ၊ မရွိေစာင့္ၾကည့္ကာလ ၁၄ရက္ၿပီးရင္ ျမန္မာႏုိင္ငံကိုျပန္လာမွာျဖစ္ၿပီး သူတုိ႔ကို ထပ္ၿပီးေစာင့္ၾကည့္ဖုိ႔ မလိုေတာ့ေၾကာင္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“အိႏၵိယႏုိင္ငံကေတာ့ အဲဒီဝူဟန္ကျပန္လာသူေတြကုိ က်မတို႔လိုပဲ သူတုိ႔လည္း ၁၄ရက္ေစာင့္ၾကည့္မယ္။ ေစာင့္ၾကည့္ၿပီးမွ က်မတို႔ႏုိင္ငံကို ပို႔မယ္ေပါ့ေနာ္။ ပို႔တယ္ဆိုတာက က်မတို႔ႏုိင္ငံက ေလေၾကာင္းတခုုခုနဲ႔ ပို႔မွာပါ။ သူတုိ႔လာပို႔မွာ မဟုတ္ပါဘူး။ အိႏၵိယႏုိ္င္ငံမွာ ၁၄ ရက္ ေစာင့္ၾကည့္ၿပီးမွ ျပန္လာမယ့္ေက်ာင္းသားႏွစ္ေယာက္ကုိ က်မတို႔အေနနဲ႔ သီးျခား Quarantine လုပ္စရာ အေၾကာင္းမရွိပါဘူး။ သူတုိ႔ကို အိႏၵိယႏုိင္ငံမွာ ၁၄ရက္ Quarantine လုပ္တယ္၊ အစ္မတုိ႔ႏိုင္ငံလိုပဲ။ ေရာက္တဲ့ႏုိင္ငံေတြက ေရာဂါျဖစ္ရာေဒသက လာတဲ့သူေတြကို ၁၄ရက္ေစာင့္ၾကည့္တာပဲေလ။ လုပ္ၿပီးရင္ေတာ့ ကိုယ့္ျမန္မာႏုိင္ငံကို ျပန္လာတဲ့အခါမွာ ဘာမွ Quarantine လုပ္စရာ မလိုေတာ့ပါဘူး။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပည္သူေတြအေနနဲ႔ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကို ေရွာင္ၾကဥ္ၾကဖို႔အပါအဝင္ လက္ကိုစနစ္တက် မၾကာခဏေဆးဖို႔နဲ႔ ေရာဂါကာကြယ္ေရး က်န္းမာေရးအသိပညာေပး ႏႈိးေဆာ္ခ်က္ေတြကို လိုက္နာေဆာင္ရြက္ၾကဖို႔ တုိက္တြန္းထားပါတယ္။

တရုတ္ႏို္င္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရုိနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၅၅ႏုိင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔ ေဖေဖာ္ဝါရီ ၂၈ရက္ ေန႔လည္ခင္းအရ လူေပါင္း ၈ေသာင္းေက်ာ္ (၈၃,၈၇၆) ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီးသေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၇၀၅ ေယာက္နဲ႔ ေသဆံုးသူ ၄ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားတာျဖစ္ၿပီး ေသဆံုးသူကေတာ့ စုစုေပါင္း ၂,၈၀၀ ေက်ာ္ (၂,၈၆၇) အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................

COVID-19 ကို တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် မြန်မာ သတ်မှတ်

(Unicode)

COVID-19 ရောဂါပိုးကို ကူးစက်မြန် ဒါမှမဟုတ် တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် သတ်မှတ်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ကြေညာပါတယ်။ ဒီအမိန့်ကို မလိုက်နာရင် ထောင်ဒဏ် ငွေဒဏ် ချမှတ်နိုင်တဲ့အကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ လူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အတိအကျလိုက်နာဖို့လည်း တိုက်တွန်းပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ၁၄ ရက်ကြာ သီးခြားခွဲ ပြီး စောင့်ကြည့်နေတဲ့ ဝူဟန်က ပြန်ခေါ်လာသူ မြန်မာကျောင်းသား နှစ်ယောက် နိုင်ငံပြန်ရောက်လာရင်တော့ ထပ်ပြီး ခွဲခြား စောင့်ကြည့်ဖို့ မလိုတော့ဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မစုစုက ဆက်ပြောပြပါမယ်။

COVID- 19 ရောဂါပညာပေး မြန်မာ ဦးစားပေး ဆောင်ရွက်နေတဲ့သတင်းကို နားဆင်နိုင်ပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ COVID- 19 ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ်တဲ့အမိန့်ကို ဖေဖော်ဝါရီ ၂၈ရက် သောကြာနေ့ နေ့လည်ခင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

အခုလို အမိန့်ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံတွင်းမှာ ဒီရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ သတ်မှတ်လိုက်တာလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ပြည်သူလူထုအနေနဲ့ မိမိကိုယ်တိုင် ဖျားတယ်၊ ချောင်းဆိုးတယ်၊ ဒီရောဂါဖြစ်တဲ့ တိုင်းပြည်တွေကနေ လာတယ်။ ဒါမှမဟုတ်ရင်လည်း ဓာတ်ခွဲအတည်ပြုလူနာနဲ့ တအိမ်တည်းနေခဲ့တယ်။ အဲလိုတွေဖြစ်ပြီးတော့ ဖျားတယ်၊ ချောင်းဆိုးတယ်ဆိုရင် မိမိတို့ကိုယ်တိုင် သတင်းပေးပို့ဖို့ လိုပါတယ်။ အဲဒီအပြင် ပတ်ဝန်းကျင်ကလည်း တကယ်လို့ ဒီလူနာတွေကို သိတယ်ဆိုရင် ဖုံးမထားဘဲနဲ့ သတင်းပေးပို့လိုပါတယ်။ တနည်းအားဖြင့်ပြောရင် ရောဂါရှိတဲ့သူတွေ ပြည်သူလူထုကြားထဲမှာ မသိလိုက် မသိဖာသာနဲ့ ဖြစ်နေတာမျိုး ရှိနေတာမျိုး မဖြစ်အောင်လို့ ဒီဥပဒေကို အမိန့်ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”

အခုလို တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီဖြစ်လို့ ဒါတွေကိုပျက်ကွက်ခဲ့ရင် ဘယ်သူ့ကိုမဆို ဥပဒေပြဌာန်းချက်အတိုင်း အရေးယူနိုင်တယ်လို့ ဒေါက်တာခင်ခင်ကြီးက အခုလိုပြောပါတယ်။

“ကျမတို့အနေနဲ့ တိုင်ကြားရမယ့်ရောဂါဆိုပြီးတော့ အမိန့်ထုတ်ပြန်လိုက်ပြီဆိုရင် ဒီရောဂါဟာ တိုင်ကိုတိုင်ကြားရမယ်ဆိုတဲ့ ရောဂါဖြစ်ကြောင်း ပြောလိုက်ပြီ။ မတိုင်ကြားရင် ဘယ်လိုအရေးယူခံရမလဲဆိုရင် ဒီကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေမှာ ရှိပါတယ်။ အသွားအလာ တားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း ဒါမျိုးတွေလည်း ကျမတို့ဆောင်ရွက်ရမယ်။ နောက် ဥပဒေပုဒ်မတွေကို လိုက်နာရန်ပျက်ကွက်လို့ရှိရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ပုဒ်မ ၁၈ မှာ ဖော်ပြချက်အရ မည်သူမဆို ပုဒ်မ ၁၄အရ သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အရာရှိက ထုတ်ပြန်သော တားမြစ်ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်အမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ဖို့ ပြဌာန်းထားပါတယ်။”

မြန်မာနိုင်ငံမှာ COVID- 19 ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးပေမယ့် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့လည်း အတိအကျလိုက်နာပေးဖို့ကို ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“၂၇ရက်၊ ၂လ၊ ၂၀၂၀၊ ည ၈နာရီအချိန်ထိပေါ့နော်။ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိတဲ့ လူနာမရှိတော့ပါဘူး။ ၂၇ရက်နေ့အထိဆိုရင် မြန်မာနိုင်ငံမှာ COVID- 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်တွေကို အတိအကျလိုက်နာဖို့အတွက် နှိုးဆော်အပ်ပါတယ်။”

ကိုရိုနာရောဂါပိုး စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ နေထိုင်တဲ့ မြန်မာကျောင်းသား ၅၉ဦးကို မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှာ သီးခြားထားရှိပြီး ရောဂါရှိ၊ မရှိ ၁၄ ရက်စောင့်ကြည့်ခဲ့တာ ဖေဖော်ဝါရီ ၁၆ရက်နေ့က အဆုံးသတ်သွားပါပြီ။ သူတို့ ၅၉ဦးစလုံးမှာ ကိုရိုနာရောဂါပိုးမရှိတာကြောင့် နေအိမ်အသီးသီးကို ပြန်သွားကြပေမယ့် ဝူဟန်မှာကျန်ခဲ့တဲ့ မြန်မာကျောင်းသားနှစ်ဦးကိုတော့ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်နဲ့ မနေ့က ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ဝူဟန်ကနေ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကို ခေါ်ဆောင်လာခဲ့ပါတယ်။

အဲဒီကျောင်းသားနှစ်ဦးကို နယူးဒေလီမြို့မှာပဲ ထားရှိပြီး ရောဂါရှိ၊ မရှိစောင့်ကြည့်ကာလ ၁၄ရက်ပြီးရင် မြန်မာနိုင်ငံကိုပြန်လာမှာဖြစ်ပြီး သူတို့ကို ထပ်ပြီးစောင့်ကြည့်ဖို့ မလိုတော့ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အိန္ဒိယနိုင်ငံကတော့ အဲဒီဝူဟန်ကပြန်လာသူတွေကို ကျမတို့လိုပဲ သူတို့လည်း ၁၄ရက်စောင့်ကြည့်မယ်။ စောင့်ကြည့်ပြီးမှ ကျမတို့နိုင်ငံကို ပို့မယ်ပေါ့နော်။ ပို့တယ်ဆိုတာက ကျမတို့နိုင်ငံက လေကြောင်းတခုခုနဲ့ ပို့မှာပါ။ သူတို့လာပို့မှာ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမှာ ၁၄ ရက် စောင့်ကြည့်ပြီးမှ ပြန်လာမယ့်ကျောင်းသားနှစ်ယောက်ကို ကျမတို့အနေနဲ့ သီးခြား Quarantine လုပ်စရာ အကြောင်းမရှိပါဘူး။ သူတို့ကို အိန္ဒိယနိုင်ငံမှာ ၁၄ရက် Quarantine လုပ်တယ်၊ အစ်မတို့နိုင်ငံလိုပဲ။ ရောက်တဲ့နိုင်ငံတွေက ရောဂါဖြစ်ရာဒေသက လာတဲ့သူတွေကို ၁၄ရက်စောင့်ကြည့်တာပဲလေ။ လုပ်ပြီးရင်တော့ ကိုယ့်မြန်မာနိုင်ငံကို ပြန်လာတဲ့အခါမှာ ဘာမှ Quarantine လုပ်စရာ မလိုတော့ပါဘူး။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့အပါအဝင် လက်ကိုစနစ်တကျ မကြာခဏဆေးဖို့နဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၅၅နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက် နေ့လည်ခင်းအရ လူပေါင်း ၈သောင်းကျော် (၈၃,၈၇၆) ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီးသင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၇၀၅ ယောက်နဲ့ သေဆုံးသူ ၄ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၂,၈၀၀ ကျော် (၂,၈၆၇) အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။တ်ခဲ့သည်။

XS
SM
MD
LG