သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ကုိဗစ္လူနာတဦးထပ္တုိး၊ စုစုေပါင္း ၃၃၇ ဦးရွိ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳလူနာ ေနာက္ထပ္ ၁ ေယာက္တိုးတာေၾကာင့္ စုစုေပါင္း ေရာဂါကူးစက္ခံရသူ ၃၃၇ ေယာက္ ရွိသြားၿပီ ျဖစ္ပါတယ္။ ဇူလိုင္လ ၁၄ ရက္ ေန႔အတြက္ ဓါတ္ခြဲနမူနာေပါင္း ၉၉၆ ခုကို စစ္ေဆးခဲ့တဲ့ အထဲက အခုလို လူနာသစ္ တဦးအတည္ျပဳခဲ့တာလို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မေန႔ ည ၈ နာရီက သတင္းထုတ္ျပန္ထားပါတယ္။

အခုေရာဂါပိုးေတြ႕ရွိတဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္အမ်ိဳးသမီးက ယူေအအီးႏိုင္ငံက ျပန္လာတာျဖစ္ၿပီး အသြားအလာ ကန္႔သတ္ထားသူ လည္း ျဖစ္ပါတယ္။

မတ္လ ေႏွာင္းပိုင္းက စလို႔ မေန႔က အဂၤါေန႔ညပိုင္းအထိ ျမန္မာႏိုင္ငံမွာ COVID- 19 ေရာဂါ နမူနာ ဓါတ္ခြဲ စမ္းသပ္ စစ္ေဆးမႈ ကိုး ေသာင္းခြဲ နီးပါး ျပဳလုပ္ခဲ့တာပါ။ ေရာဂါေတြ႕ရွိသူ ၃၃၇ ဦးထဲက ပိုးကင္းစင္သြားသူက ၂၆၁ ေယာက္နဲ႔ ေသဆုံးခဲ့သူက ေျခာက္ေယာက္ ရွိပါတယ္။ ဇူလိုင္ ၁၄ ရက္ေန႔အတြက္ ေစာင့္ၾကည့္လူနာ အသစ္ကေတာ့ ၂၉ ေယာက္ရွိပါတယ္။

ကမာၻတဝွမ္း COVID – 19 ကူးစက္ျဖစ္ပြားမႈႏႈန္း ဆက္လက္ျမင့္မားေနဆဲ ျဖစ္တာေၾကာင့္ Social Distancingလူခ်င္းခပ္ခြာခြာေနဖို႔ အပါအဝင္ လူစုလူေဝးဆိုင္ရာ သတိေပးတားျမစ္ခ်က္ေတြနဲ႔ ႏွာေခါင္းစည္း တပ္ဆင္ဖို႔ အခ်က္ေတြကို ဆက္လက္ လုပ္ေဆာင္ၾကဖို႔ က်န္းမာေရး ဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာတဦးထပ်တိုး၊ စုစုပေါင်း ၃၃၇ ဦးရှိ


(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ နောက်ထပ် ၁ ယောက်တိုးတာကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၃၃၇ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက် နေ့အတွက် ဓါတ်ခွဲနမူနာပေါင်း ၉၉၆ ခုကို စစ်ဆေးခဲ့တဲ့ အထဲက အခုလို လူနာသစ် တဦးအတည်ပြုခဲ့တာလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ ည ၈ နာရီက သတင်းထုတ်ပြန်ထားပါတယ်။

အခုရောဂါပိုးတွေ့ရှိတဲ့ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးက ယူအေအီးနိုင်ငံက ပြန်လာတာဖြစ်ပြီး အသွားအလာ ကန့်သတ်ထားသူ လည်း ဖြစ်ပါတယ်။

မတ်လ နှောင်းပိုင်းက စလို့ မနေ့က အင်္ဂါနေ့ညပိုင်းအထိ မြန်မာနိုင်ငံမှာ COVID- 19 ရောဂါ နမူနာ ဓါတ်ခွဲ စမ်းသပ် စစ်ဆေးမှု ကိုး သောင်းခွဲ နီးပါး ပြုလုပ်ခဲ့တာပါ။ ရောဂါတွေ့ရှိသူ ၃၃၇ ဦးထဲက ပိုးကင်းစင်သွားသူက ၂၆၁ ယောက်နဲ့ သေဆုံးခဲ့သူက ခြောက်ယောက် ရှိပါတယ်။ ဇူလိုင် ၁၄ ရက်နေ့အတွက် စောင့်ကြည့်လူနာ အသစ်ကတော့ ၂၉ ယောက်ရှိပါတယ်။

ကမ္ဘာတဝှမ်း COVID – 19 ကူးစက်ဖြစ်ပွားမှုနှုန်း ဆက်လက်မြင့်မားနေဆဲ ဖြစ်တာကြောင့် Social Distancingလူချင်းခပ်ခွာခွာနေဖို့ အပါအဝင် လူစုလူဝေးဆိုင်ရာ သတိပေးတားမြစ်ချက်တွေနဲ့ နှာခေါင်းစည်း တပ်ဆင်ဖို့ အချက်တွေကို ဆက်လက် လုပ်ဆောင်ကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG