[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူတဦး ထပ္တိုးတဲ့အတြက္ ဒီကေန႔အထိဆိုရင္ ေရာဂါပိုးကူးစက္သူ စုစုေပါင္း ၃၁၇ ဦးရွိသြားပါၿပီ။
ဒီကေန႔ ညေနပိုင္းအတြက္ ဓာတ္ခြဲနမူနာစုစုေပါင္း ၁,၄၀၃ ခုကို စစ္ေဆးခဲ့တဲ့ထဲမွာ ကူးစက္သူတဦး ထပ္ေတြ႔တာပါ။
အခု ေရာဂါပိုးကူးစက္ထားသူဟာ ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္မွာ ေနထုိင္သူျဖစ္ၿပီးေတာ့ ၿဗိတိန္ႏုိင္ငံကေန ျပန္လာၿပီးတဲ့ေနာက္ မရမ္းကုန္းၿမိဳ႕နယ္မွာ အသြားအလာ ကန္႔သတ္ထားရွိသူျဖစ္ပါတယ္။
သူ႔ကို ေတာင္ဥကၠလာပ အထူးကုေဆး႐ံုႀကီးမွာ ေဆးကုသေပးမယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဓာတ္ခြဲ အတည္ျပဳလူနာေဟာင္းေတြထဲက ဓာတ္ခြဲနမူနာစစ္ေဆးမႈမွာ ၂ ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႔တဲ့သူ ေနာက္ထပ္ ၈ ဦးထပ္တိုးတဲ့အတြက္ ဒီကေန႔အထိဆိုရင္ ေရာဂါပိုးကင္းစင္သူ စုစုေပါင္း ၂၅၀ ရွိၿပီလို႔လည္း က်န္းမာေရးဌာနရဲ႕ အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အဲဒီထဲက ၂၃၃ ေယာက္ကို ေဆး႐ံုက ဆင္းခြင့္ေပးခဲ့ၿပီျဖစ္ၿပီး သတ္မွတ္ေနရာေတြမွာ အသြားအလာ ကန္႔သတ္ၿပီးေတာ့ ဆက္ၿပီး ေစာင့္ၾကည့္ေနတယ္လုိ႔ က်န္းမာေရးဌာနကေျပာပါတယ္။
ဓာတ္ခြဲအတည္ျပဳ လူနာေတြထဲမွာ ေသဆံုးသြားသူကေတာ့ ၆ ဦးရွိထားပါတယ္။
[Unicode Version]
ရန်ကုန်မှာ ကိုဗစ် ဓါတ်ခွဲအတည်ပြုတဦး ထပ်တွေ့
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတဦး ထပ်တိုးတဲ့အတွက် ဒီကနေ့အထိဆိုရင် ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၁၇ ဦးရှိသွားပါပြီ။
ဒီကနေ့ ညနေပိုင်းအတွက် ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၄၀၃ ခုကို စစ်ဆေးခဲ့တဲ့ထဲမှာ ကူးစက်သူတဦး ထပ်တွေ့တာပါ။
အခု ရောဂါပိုးကူးစက်ထားသူဟာ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီးတော့ ဗြိတိန်နိုင်ငံကနေ ပြန်လာပြီးတဲ့နောက် မရမ်းကုန်းမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားရှိသူဖြစ်ပါတယ်။
သူ့ကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ဆေးကုသပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲ အတည်ပြုလူနာဟောင်းတွေထဲက ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ ၂ ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့တဲ့သူ နောက်ထပ် ၈ ဦးထပ်တိုးတဲ့အတွက် ဒီကနေ့အထိဆိုရင် ရောဂါပိုးကင်းစင်သူ စုစုပေါင်း ၂၅၀ ရှိပြီလို့လည်း ကျန်းမာရေးဌာနရဲ့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထဲက ၂၃၃ ယောက်ကို ဆေးရုံက ဆင်းခွင့်ပေးခဲ့ပြီဖြစ်ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်ပြီးတော့ ဆက်ပြီး စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။
ဓာတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးသွားသူကတော့ ၆ ဦးရှိထားပါတယ်။