သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ေဆးသုေတသနဌာနရဲ႕ ကုိဗစ္ေရာဂါရွိမရွိ စစ္ေဆး ေဆာင္ရြက္ပုံ အဆင့္ဆင့္


ရန္ကုန္ရွိ ကြာရန္တင္းစင္တာမွ ႏွာေခါင္း၊ အာေခါင္ တို႔ဖတ္နမူနာ ယူေနစဥ္

(Zawgyi/Unicode)

COVID-19 ေရာဂါ ႐ွိမ႐ွိ အတည္ျပဳႏိုင္ဖုိ႔ စစ္ေဆးေဆာင္႐ြက္မႈေတြမွာ နမူနာယူတာကစလို႔၊ ေနာက္ဆံုး ရလဒ္ထုတ္တဲ့အထိ အဆင့္တိုင္း အေရးႀကီးတယ္လို႔ နမူနာေတြ စစ္ေဆးမႈမွာ တာဝန္႐ွိတဲ့ ေဆးသုေတသနဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမွဴး (သုေတသန) ေဒါက္တာဝါဝါေအာင္က ေျပာပါတယ္။ ႏွာေခါင္း၊ အာေခါင္ တို႔ဖတ္နမူနာ တေန႔ကို ရာခ်ီ စစ္ေဆးေနရတဲ့ ေဆးသုေတသနဌာနရဲ႕ ေဆာင္႐ြက္ပံု အဆင့္ဆင့္နဲ႔ပါတ္သက္လို႔ ေဒါက္တာဝါဝါေအာင္ကို မစုျမတ္မြန္က ေမးျမန္းစဥ္ သူက အခုလိုစေျဖပါတယ္။

ေဒါက္တာဝါဝါေအာင္။ ။ စစခ်င္းမွာဆိုရင္ Sample collection နမူနာေတြကို ဘယ္လိုယူမလဲေပါ့။ ေဆးရံုဆိုရင္လည္း ေဆးရံုအေလ်ာက္ Quarantine site မွာဆိုရင္လည္း နမူနာေတြယူေပးတဲ့ Sample collection team ေတြရွိတယ္။ ဒီတို႔ပတ္ေတြ ဘယ္လိုယူရမလဲဆိုတာ ေလ့က်င့္သင္ၾကားေပးထားတဲ့ လူေတြကမွ နမူနာေတြ ယူေပးတယ္ေပါ့။ အဲဒီလိုမ်ိဳး နမူနာကို နည္းမွန္လမ္းမွန္တဲ့ ယူတဲ့အခါက်ေတာ့မွ က်မတို႔သည္ တိက်မွန္ကန္စြာအေျဖထုတ္ေပးႏိုင္တယ္။ ဒီ Sample collection teamလည္း အေရးႀကီးတယ္ေပါ့ေနာ္ ပထမအဆင့္အေနနဲ႔ ၊ အဲဒီေတာ့မွ ေကာင္းမြန္တဲ့ နမူနာရရွိမွာျဖစ္ပါတယ္။

မစုျမတ္မြန္။ ။ အခုလိုမ်ိဳး နမူနာေတြ သြားယူဖို႔ အေသအခ်ာျပင္ဆင္သြားၾကတာမွာ COVID-19 ေရာဂါ ရွိမရွိ အေျဖရလဒ္ထုတ္တဲ့ကိစၥအထိကို အဆင့္ဆင့္လည္း ရွင္းျပပါ။ ဘယ္အဆင့္က အေရးႀကီးဆံုးလို႔ ေျပာလို႔ရပါသလဲ။

ေဒါက္တာဝါဝါေအာင္။ ။ Sample collection team နမူနာ သြားယူတဲ့ အဖြဲ႔က မနက္ ၇ နာရီေလာက္ဆိုရင္ စထြက္ၿပီ ။ ညေန ၃ နာရီ ၄ နာရီေလာက္ သူတို႔ ျပန္လာၾကတယ္ တခါတေလလည္း နည္းနည္းေစာတယ္ တခါတေလလည္း ေနာက္က်တယ္ေပါ့ေနာ္။ အဲဒီအခ်ိန္မွာ Sample ၁၀၀ ၊ ၂၀၀ သူတို႔နဲ႔ ပါလာတယ္။ တခါတည္းမွာပဲ က်မတို႔ဆီကို ေဆးရံုအသီးသီးကေနၿပီးေတာ့ ေစာင့္ၾကည့္လူနာ သံသယ လူနာဆီက နမူနာေတြကလည္း ေဆးရံုအသီးသီးက ကားေတြနဲ႔ ေရခဲပံုးေတြနဲ႔ အသီးသီးပို႔လာတယ္ေပါ့ေနာ္ ။ ညေန ၅ နာရီေလာက္ကတည္းက က်မတို႔ Data ေတြ စသြင္းၾကတယ္ေပါ့ေနာ္။ သြင္းၿပီးရင္ အဲဒီ ေရခဲပံုးအသီးသီးကေန တဆင့္ၿပီးတဆင့္ သူ႔သတ္မွတ္ခ်က္အတိုင္း ထုတ္ရတဲ့အဖြဲ႔ေပါ့ ။ အဲဒီ ၄ နာရီ -၅ နာရီေလာက္ကေနၿပီးေတာ့ ဇီ၀လံုၿခံဳမႈ ေပါင္းခန္းထဲကေန ၀င္လုပ္တာ သူတို႔ ည ၁၀ နာရွီေလာက္မွ ၿပီးတယ္။ နာမည္နဲ႔ အတည္ျပဳ မွန္ကန္မႈရွိလား ၊ ခြဲထားတာေပါ့ မနက္ၾကရင္ လုပ္ဖို႔အဆင္သင့္ေပါ့ေနာ္ ေရခဲပံုးေတြကို ျဖည္တယ္ ဆက္တိုက္လုပ္တာ ၄ နာရီ ၅ နာရီေလာက္ၾကတယ္။ အဲဒီထက္ ပိုၿပီးေတာ့လည္း လုပ္ဖို႔ မေကာင္းဘူးရွင့္ ။ အဲဒါေၾကာင့္ ဒီလိုျပင္ဆင္ရတဲ ့အခ်ိန္ကလည္း အေရးႀကီးတယ္ ညအထိေပ့ါေနာ္ ။ ၿပီးေတာ့ အဲဒီအခ်ိန္မွာ Data သြင္းတဲ့အဖြဲ႔ေတြလည္း သြင္းေနတယ္။ တခါတေလမွာေတာ့ ညဘက္မွာ လုပ္ရတဲ့အခါမ်ိဳးလည္းရွိတယ္။ ဒါေပမယ့္ က်မတို႔က အခု shift ေတြနဲ႔ လုပ္တဲ့အတြက္ေၾကာင့္ ည ၁၀ နာရီေလာက္မွာ သိမ္းသြားတဲ့ Sample ကို မနက္ ၈ နာရီမွာ စလုပ္တယ္ ၿပီးေတာ့ အဲဒီ မနက္ ၈ နာရီ ေလာက္ကေနၿပီးေတာ့ ေန႔လည္ ၁ နာရီေလာက္မွာၿပီးတယ္ဆိုေတာ့ အဲဒီအခ်ိန္ကလည္း အေရးႀကီးတယ္။ အဲဒီအခ်ိန္မွာ Sample ေတြက အထဲကေန ထြက္လာၿပီးေတာ့မွ အျပင္က စက္ေတြနဲ႔ COVID ကို ရွာတဲ့အခ်ိန္ကလည္း အေရးႀကီးတယ္။ ရွာၿပီးေတာ့ အေျဖေတြ ထြက္လာေရာ ၊ အဲဒီလို ထြက္လာတဲ့အေျဖကို က်မတို႔ စမ္းစစ္ရတယ္ေပါ့ေနာ္ ၊ ၿပီးသြားရင္ အေျဖထုတ္တဲ့အခ်ိန္မွာ result ေတြကို ၀ိုင္းေဆြးေႏြးၿပီးေတာ့ ဒီအေျဖေတြကို ထုတ္တယ္ေပါ့ေနာ္။ ထုတ္ၿပီးေတာ့ ညေနမွာ အခ်ိန္နဲ႔ တေျပးညီ ထုတ္ျပန္ဖို႔ ေဆးရံုေတြကေနလည္း ဒီလူနာအေျဖရဖို႔ က်မတို႔ ထုတ္ျပန္ရတယ္ဆိုေတာ့ ညေနဘက္လည္း အေရးႀကီးတယ္ေပါ့။ အဲဒီအခ်ိန္မွာ ည ၄ နာရီ ၅ နာရီကို ျပန္ၿပီးေတာ့ ေရာက္သြားတယ္ဆိုေတာ့ တေနလံုး every step တိုင္းက အေရးႀကီးတယ္။ သူ႔တာ၀န္နဲ႔သူ အကုန္လံုး တိက်မွန္ကန္ ျမန္ဆန္မွ accuracy ရွိမွ အဲဒါေၾကာင့္ every step တိုင္း၊ အခ်ိန္တိုင္းက အေရးႀကီးတယ္။

မစုျမတ္မြန္။ ။ အခုေဆးသုေတသနဌာနမွာ အခုလို စစ္ေဆးေနသူေတြကေရာ စုစုေပါင္း ဘယ္ႏွစ္ေယာက္ေလာက္ရွိပါသလဲ။

ေဒါက္တာဝါဝါေအာင္။ ။ က်မတို႔ Team တခုလံုးအေနနဲ႔ကေတာ့ လူ ၄၀ ေလာက္ရွိပါတယ္ ဒါက Management team မပါဘူး။ ဓါတ္ခဲြတဲ့သူေတြက မ်ိဳးရိုးဗီဇထုတ္တယ္၊ ဓါတ္ခြဲစမ္းသပ္တယ္ေပါ့ေနာ္ ေမာ္လီက်ဴးစက္ေတြနဲ႔ အဲဒီမွာ လူ ၁၈ ေယာက္ရွိတယ္။ အဲဒါက အဖြဲ႔ ၂ဖြဲ႔ ခြဲၿပီးေတာ့ Team A နဲ႔ B အလွည့္က် လုပ္ေဆာင္ေနပါတယ္။

မစုျမတ္မြန္။ ။ ဆရာမတို႔ စစ္ေဆးတဲ့ေနရာမွာ အခုထက္ ပိုၿပီးေတာ့မွ အဆင္ေျပလြယ္ကူေအာင္ လုပ္ႏိုင္ဖို႔အတြက္ ဘယ္လို ပံ႔ပိုးမႈေတြ ထပ္လိုတယ္လို႔ ေျပာလို႔ရသလဲ။

ေဒါက္တာဝါဝါေအာင္။ ။ က်မတို႔ မ်ိဳးရိုးဗီဇကို ထုတ္တဲ့အခါမွာဆိုရင္ Manual ေပါ့ေနာ္ က်မတို႔ သတ္မွတ္ထားတဲ့ Test kit ေတြ ဓါတုေဗဒ ပစၥည္းေတြနဲ႔ က်မတုိ႔အဆင့္ဆင့္ လုပ္ေဆာင္တဲ့ဟာ အဲဒါမ်ိဳးကို လူအားအဓိကေပါ့ေနာ္ ၊ အလိုအေလ်ာက္ လုပ္ေဆာင္တဲ့ စက္ေတြလည္း ရွိတယ္ရွင့္ အဲဒါဆိုရင္ေတာ့ နညး္နည္းပိုၿပီးေတာ့ ျမန္မယ္။ လူလည္း နည္းနည္း ပိုၿပီးေတာ့ သက္သာမယ္ေပါ့ေနာ္။ အခုဆိုရင္ Automatic ထုတ္တဲ့စက္က အမ်ိဳးသားက်န္းမာေရး ဓါတ္ခဲြခန္းမွာပဲ ရွိတယ္ေပါ့ေနာ္။ အဲဒါနဲ႔ ဆိုရင္ေတာ့ ပိုၿပီးေတာ့ ျမန္မယ္ ၊ က်မတို႔လည္း ဒါရႏိုင္ဖို႔အတြက္ သက္ဆိုင္ရာ management team ကေတာ့ စီစဥ္ေနပါတယ္။ အမ်ိဳးသားက်န္းမာေရး ဓါတ္ခဲြခန္းမွာရွိတဲ့ စက္ဆိုရင္ Sample ၃၀၀ ေက်ာ္ကို တခ်ိန္တည္း လုပ္ေဆာင္ႏိုင္တယ္လို႔ သိရပါတယ္။ အဲလိုစက္ႀကီးေတြ ရွိတယ္ဆိုရင္ ပိုၿပီးေတာ့ ေကာင္းပါတယ္ရွင့္။

ေဆးသုေတသနရဲ႕ အဆင့္ျမင့္ေမာ္လီက်ဴးသုေတသနဌာနကိုတာဝန္ယူရတဲ့ ေဒါက္တာဝါဝါေအာင္ ၫႊန္ၾကားေရးမွဴး (သုေတသန) ကို မစုျမတ္မြန္ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာ့ဆေးသုတေသနဌာနရဲ့ ကိုဗစ်ရောဂါရှိမရှိ စစ်ဆေး ဆောင်ရွက်ပုံအဆင့်ဆင့်

(Unicode)

COVID-19 ရောဂါ ရှိမရှိ အတည်ပြုနိုင်ဖို့ စစ်ဆေးဆောင်ရွက်မှုတွေမှာ နမူနာယူတာကစလို့၊ နောက်ဆုံး ရလဒ်ထုတ်တဲ့အထိ အဆင့်တိုင်း အရေးကြီးတယ်လို့ နမူနာတွေ စစ်ဆေးမှုမှာ တာဝန်ရှိတဲ့ ဆေးသုတေသနဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝါဝါအောင်က ပြောပါတယ်။ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ တနေ့ကို ရာချီ စစ်ဆေးနေရတဲ့ ဆေးသုတေသနဌာနရဲ့ ဆောင်ရွက်ပုံ အဆင့်ဆင့်နဲ့ပါတ်သက်လို့ ဒေါက်တာဝါဝါအောင်ကို မစုမြတ်မွန်က မေးမြန်းစဉ် သူက အခုလိုစဖြေပါတယ်။

ဒေါက်တာဝါဝါအောင်။ ။ စစချင်းမှာဆိုရင် Sample collection နမူနာတွေကို ဘယ်လိုယူမလဲပေါ့။ ဆေးရုံဆိုရင်လည်း ဆေးရုံအလျောက် Quarantine site မှာဆိုရင်လည်း နမူနာတွေယူပေးတဲ့ Sample collection team တွေရှိတယ်။ ဒီတို့ပတ်တွေ ဘယ်လိုယူရမလဲဆိုတာ လေ့ကျင့်သင်ကြားပေးထားတဲ့ လူတွေကမှ နမူနာတွေ ယူပေးတယ်ပေါ့။ အဲဒီလိုမျိုး နမူနာကို နည်းမှန်လမ်းမှန်တဲ့ ယူတဲ့အခါကျတော့မှ ကျမတို့သည် တိကျမှန်ကန်စွာအဖြေထုတ်ပေးနိုင်တယ်။ ဒီ Sample collection teamလည်း အရေးကြီးတယ်ပေါ့နော် ပထမအဆင့်အနေနဲ့ ၊ အဲဒီတော့မှ ကောင်းမွန်တဲ့ နမူနာရရှိမှာဖြစ်ပါတယ်။

မစုမြတ်မွန်။ ။ အခုလိုမျိုး နမူနာတွေ သွားယူဖို့ အသေအချာပြင်ဆင်သွားကြတာမှာ COVID-19 ရောဂါ ရှိမရှိ အဖြေရလဒ်ထုတ်တဲ့ကိစ္စအထိကို အဆင့်ဆင့်လည်း ရှင်းပြပါ။ ဘယ်အဆင့်က အရေးကြီးဆုံးလို့ ပြောလို့ရပါသလဲ။

ဒေါက်တာဝါဝါအောင်။ ။ Sample collection team နမူနာ သွားယူတဲ့ အဖွဲ့က မနက် ၇ နာရီလောက်ဆိုရင် စထွက်ပြီ ။ ညနေ ၃ နာရီ ၄ နာရီလောက် သူတို့ ပြန်လာကြတယ် တခါတလေလည်း နည်းနည်းစောတယ် တခါတလေလည်း နောက်ကျတယ်ပေါ့နော်။ အဲဒီအချိန်မှာ Sample ၁၀၀ ၊ ၂၀၀ သူတို့နဲ့ ပါလာတယ်။ တခါတည်းမှာပဲ ကျမတို့ဆီကို ဆေးရုံအသီးသီးကနေပြီးတော့ စောင့်ကြည့်လူနာ သံသယ လူနာဆီက နမူနာတွေကလည်း ဆေးရုံအသီးသီးက ကားတွေနဲ့ ရေခဲပုံးတွေနဲ့ အသီးသီးပို့လာတယ်ပေါ့နော် ။ ညနေ ၅ နာရီလောက်ကတည်းက ကျမတို့ Data တွေ စသွင်းကြတယ်ပေါ့နော်။ သွင်းပြီးရင် အဲဒီ ရေခဲပုံးအသီးသီးကနေ တဆင့်ပြီးတဆင့် သူ့သတ်မှတ်ချက်အတိုင်း ထုတ်ရတဲ့အဖွဲ့ပေါ့ ။ အဲဒီ ၄ နာရီ -၅ နာရီလောက်ကနေပြီးတော့ ဇီဝလုံခြုံမှု ပေါင်းခန်းထဲကနေ ဝင်လုပ်တာ သူတို့ ည ၁၀ နာရှီလောက်မှ ပြီးတယ်။ နာမည်နဲ့ အတည်ပြု မှန်ကန်မှုရှိလား ၊ ခွဲထားတာပေါ့ မနက်ကြရင် လုပ်ဖို့အဆင်သင့်ပေါ့နော် ရေခဲပုံးတွေကို ဖြည်တယ် ဆက်တိုက်လုပ်တာ ၄ နာရီ ၅ နာရီလောက်ကြတယ်။ အဲဒီထက် ပိုပြီးတော့လည်း လုပ်ဖို့ မကောင်းဘူးရှင့် ။ အဲဒါကြောင့် ဒီလိုပြင်ဆင်ရတဲ့အချိန်ကလည်း အရေးကြီးတယ် ညအထိပေ့ါနော် ။ ပြီးတော့ အဲဒီအချိန်မှာ Data သွင်းတဲ့အဖွဲ့တွေလည်း သွင်းနေတယ်။ တခါတလေမှာတော့ ညဘက်မှာ လုပ်ရတဲ့အခါမျိုးလည်းရှိတယ်။ ဒါပေမယ့် ကျမတို့က အခု shift တွေနဲ့ လုပ်တဲ့အတွက်ကြောင့် ည ၁၀ နာရီလောက်မှာ သိမ်းသွားတဲ့ Sample ကို မနက် ၈ နာရီမှာ စလုပ်တယ် ပြီးတော့ အဲဒီ မနက် ၈ နာရီ လောက်ကနေပြီးတော့ နေ့လည် ၁ နာရီလောက်မှာပြီးတယ်ဆိုတော့ အဲဒီအချိန်ကလည်း အရေးကြီးတယ်။ အဲဒီအချိန်မှာ Sample တွေက အထဲကနေ ထွက်လာပြီးတော့မှ အပြင်က စက်တွေနဲ့ COVID ကို ရှာတဲ့အချိန်ကလည်း အရေးကြီးတယ်။ ရှာပြီးတော့ အဖြေတွေ ထွက်လာရော ၊ အဲဒီလို ထွက်လာတဲ့အဖြေကို ကျမတို့ စမ်းစစ်ရတယ်ပေါ့နော် ၊ ပြီးသွားရင် အဖြေထုတ်တဲ့အချိန်မှာ result တွေကို ဝိုင်းဆွေးနွေးပြီးတော့ ဒီအဖြေတွေကို ထုတ်တယ်ပေါ့နော်။ ထုတ်ပြီးတော့ ညနေမှာ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ဖို့ ဆေးရုံတွေကနေလည်း ဒီလူနာအဖြေရဖို့ ကျမတို့ ထုတ်ပြန်ရတယ်ဆိုတော့ ညနေဘက်လည်း အရေးကြီးတယ်ပေါ့။ အဲဒီအချိန်မှာ ည ၄ နာရီ ၅ နာရီကို ပြန်ပြီးတော့ ရောက်သွားတယ်ဆိုတော့ တနေလုံး every step တိုင်းက အရေးကြီးတယ်။ သူ့တာဝန်နဲ့သူ အကုန်လုံး တိကျမှန်ကန် မြန်ဆန်မှ accuracy ရှိမှ အဲဒါကြောင့် every step တိုင်း၊ အချိန်တိုင်းက အရေးကြီးတယ်။

မစုမြတ်မွန်။ ။ အခုဆေးသုတေသနဌာနမှာ အခုလို စစ်ဆေးနေသူတွေကရော စုစုပေါင်း ဘယ်နှစ်ယောက်လောက်ရှိပါသလဲ။

ဒေါက်တာဝါဝါအောင်။ ။ ကျမတို့ Team တခုလုံးအနေနဲ့ကတော့ လူ ၄၀ လောက်ရှိပါတယ် ဒါက Management team မပါဘူး။ ဓါတ်ခွဲတဲ့သူတွေက မျိုးရိုးဗီဇထုတ်တယ်၊ ဓါတ်ခွဲစမ်းသပ်တယ်ပေါ့နော် မော်လီကျူးစက်တွေနဲ့ အဲဒီမှာ လူ ၁၈ ယောက်ရှိတယ်။ အဲဒါက အဖွဲ့ ၂ဖွဲ့ ခွဲပြီးတော့ Team A နဲ့ B အလှည့်ကျ လုပ်ဆောင်နေပါတယ်။

မစုမြတ်မွန်။ ။ ဆရာမတို့ စစ်ဆေးတဲ့နေရာမှာ အခုထက် ပိုပြီးတော့မှ အဆင်ပြေလွယ်ကူအောင် လုပ်နိုင်ဖို့အတွက် ဘယ်လို ပံ့ပိုးမှုတွေ ထပ်လိုတယ်လို့ ပြောလို့ရသလဲ။

ဒေါက်တာဝါဝါအောင်။ ။ ကျမတို့ မျိုးရိုးဗီဇကို ထုတ်တဲ့အခါမှာဆိုရင် Manual ပေါ့နော် ကျမတို့ သတ်မှတ်ထားတဲ့ Test kit တွေ ဓါတုဗေဒ ပစ္စည်းတွေနဲ့ ကျမတို့အဆင့်ဆင့် လုပ်ဆောင်တဲ့ဟာ အဲဒါမျိုးကို လူအားအဓိကပေါ့နော် ၊ အလိုအလျောက် လုပ်ဆောင်တဲ့ စက်တွေလည်း ရှိတယ်ရှင့် အဲဒါဆိုရင်တော့ နည်းနည်းပိုပြီးတော့ မြန်မယ်။ လူလည်း နည်းနည်း ပိုပြီးတော့ သက်သာမယ်ပေါ့နော်။ အခုဆိုရင် Automatic ထုတ်တဲ့စက်က အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်းမှာပဲ ရှိတယ်ပေါ့နော်။ အဲဒါနဲ့ ဆိုရင်တော့ ပိုပြီးတော့ မြန်မယ် ၊ ကျမတို့လည်း ဒါရနိုင်ဖို့အတွက် သက်ဆိုင်ရာ management team ကတော့ စီစဉ်နေပါတယ်။ အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်းမှာရှိတဲ့ စက်ဆိုရင် Sample ၃၀၀ ကျော်ကို တချိန်တည်း လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ အဲလိုစက်ကြီးတွေ ရှိတယ်ဆိုရင် ပိုပြီးတော့ ကောင်းပါတယ်ရှင့်။

ဆေးသုတေသနရဲ့ အဆင့်မြင့်မော်လီကျူးသုတေသနဌာနကိုတာဝန်ယူရတဲ့ ဒေါက်တာဝါဝါအောင် ညွှန်ကြားရေးမှူး (သုတေသန) ကို မစုမြတ်မွန် မေးမြန်းခဲ့တာဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG