သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံတ၀ွမ္း ကုိဗစ္ကူးစက္သူ ၁၁၅ ဦးထပ္တုိး၊ စုစုေပါင္း ၂၂၆၅ ဦးရွိ 


ေရာဂါပိုးေတြ႕ထားသူေတြနဲ႔ ထိစပ္မႈရွိမရွိကို ေျခရာေကာက္ စစ္ေဆးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုတြင္ေတြ႔ရ။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကုိဗစ္-၁၉ ကူးစက္သူ (၁၁၅) ဦး ထပ္မံ စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက စက္တင္ဘာ ၁၁ ရက္၊ ေသာၾကာေန႔ မနက္ ၈ နာရီမွာ ေၾကညာခ်က္ ထုတ္ျပန္လုိက္တာေၾကာင့္ အခုခ်ိန္ထိ ျမန္မာႏုိင္ငံမွာ ေရာဂါပုိးကူးစက္သူ စုစုေပါင္း (၂,၂၆၅) ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

စက္တင္ဘာလ ၁၀ ရက္၊ ၾကာသပေတးေန႔ညက ဓါတ္ခြဲနမူနာေပါင္း ၁၃၇၀ ဦးကုိ စမ္းသပ္ စစ္ေဆးအၿပီးမွာ အခုလူနာအသစ္ (၁၁၅) ဦး ထပ္မံေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ၾကာသပေတးေန႔မွာဘဲ ဓါတ္ခြဲအတည္ျပဳလူနာ (၁၄၂) ဦးရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေၾကညာခဲ့တဲ့အတြက္ ၾကာသပေတးေန႔ တရက္အတြင္း အတည္ျပဳလူနာ စုစုေပါင္း (၁၅၇) ရွိခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ အသစ္ထပ္မံေတြ႔ရွိတဲ့ လူနာ (၁၁၅) ဦးနဲ႔ပတ္လုိ႔ အေသးစိတ္ အခ်က္အလက္ေတြကုိ ေနာက္ပုိင္းမွာ ထုတ္ျပန္သြားမယ္လုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေျပာပါတယ္။

ျပည္တြင္း ေရာဂါပုိးကူးစက္သူအေရအတြက္ မ်ားလာေနတာတဲ့အျပင္ ကူးစက္တဲ့ေဒသလည္း ပုိၿပီး က်ယ္ျပန္႔လာတာေၾကာင့္ ရန္ကုန္၊ ေနျပည္ေတာ္နဲ႔ မႏၱေလးအပါအ၀င္ ၿမိဳ႕ႀကီးတခ်ဳိ႕မွာ ျပည္တြင္း ေလေၾကာင္းခရီးစဥ္ေတြအျပင္ ကုန္းလမ္း ပုိ႔ေဆာင္မႈေတြပါ ေခတၱရပ္ဆုိင္းထားပါတယ္။

ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ကူးစက္သူ စုစုေပါင္း ၂,၂၆၅ ဦး ရွိခဲ့တာမွာ ၾကာသပေတးေန႔ညအထိ ကုသမႈခံယူၿပီး ေဆးရုံကဆင္းခြင့္ရရွိသူ (၆၂၅) ဦး ရွိခဲ့ၿပီး ေသဆုံးသူ (၁၄) ဦး ရွိခဲ့ၿပီး ျဖစ္ပါတယ္။

...............

နိုင်ငံတဝှမ်း ကိုဗစ်ကူးစက်သူ ၁၁၅ ဦးထပ်တိုး၊ စုစုပေါင်း ၂၂၆၅ ဦးရှိ

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ (၁၁၅) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်၊ သောကြာနေ့ မနက် ၈ နာရီမှာ ကြေညာချက် ထုတ်ပြန်လိုက်တာကြောင့် အခုချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း (၂,၂၆၅) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်၊ ကြာသပတေးနေ့ညက ဓါတ်ခွဲနမူနာပေါင်း ၁၃၇၀ ဦးကို စမ်းသပ် စစ်ဆေးအပြီးမှာ အခုလူနာအသစ် (၁၁၅) ဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာဘဲ ဓါတ်ခွဲအတည်ပြုလူနာ (၁၄၂) ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာခဲ့တဲ့အတွက် ကြာသပတေးနေ့ တရက်အတွင်း အတည်ပြုလူနာ စုစုပေါင်း (၁၅၇) ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အသစ်ထပ်မံတွေ့ရှိတဲ့ လူနာ (၁၁၅) ဦးနဲ့ပတ်လို့ အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။

ပြည်တွင်း ရောဂါပိုးကူးစက်သူအရေအတွက် များလာနေတာတဲ့အပြင် ကူးစက်တဲ့ဒေသလည်း ပိုပြီး ကျယ်ပြန့်လာတာကြောင့် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတချို့မှာ ပြည်တွင်း လေကြောင်းခရီးစဉ်တွေအပြင် ကုန်းလမ်း ပို့ဆောင်မှုတွေပါ ခေတ္တရပ်ဆိုင်းထားပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိ ကူးစက်သူ စုစုပေါင်း ၂,၂၆၅ ဦး ရှိခဲ့တာမှာ ကြာသပတေးနေ့ညအထိ ကုသမှုခံယူပြီး ဆေးရုံကဆင်းခွင့်ရရှိသူ (၆၂၅) ဦး ရှိခဲ့ပြီး သေဆုံးသူ (၁၄) ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG