(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၄၉၁ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူ ၁၆ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီေန႔ထုတ္ျပန္ခ်က္မွာပါတဲ့ ေသဆုံးသူေတြထဲမွာ ၁၂ ေယာက္က ေရာဂါအခံရွိသူေတြ ျဖစ္ပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၁၈,၀၀၅ ခုကို စစ္ေဆးခဲ့တဲ့အထဲက အခုလို ေနာက္ထပ္ ေရာဂါပိုး ကူးစက္ထားသူေတြ ေတြ႔ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၁၁၅,၃၃၇ ခု ရွိသြားၿပီျဖစ္ပါတယ္။
ေသဆုံးသူအေရအတြက္က ၂,၉၄၂ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၃၃,၈၆၉ ေယာက္ ရွိသြားပါၿပီ။
ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၄၇၁ ေယာက္ ရွိတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသူ စုစုေပါင္း ၁၁၇,၀၈၁ ေယာက္ ရွိသြားပါၿပီ။
မေန႔ကနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ဒီကေန႔မွာ စစ္ေဆးတဲ့ ဓာတ္ခြဲနမူနာ အေရအတြက္ ပိုနည္းၿပီး ကူးစက္သူ အေရအတြက္ကလည္း ပိုနည္းပါတယ္။ ေရာဂါေပ်ာက္ကင္းသူ အေရအတြက္လည္း မေန႔ကထက္ ပိုနည္းေပမယ့္ ေသဆုံးသူအေရအတြက္ကေတာ့ ပိုမ်ားပါတယ္။
-------------------------
(Unicode)
မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၃၃,၈၆၉ ဦး၊ သေဆုံး ၂,၉၄၂ ဦး
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၉၁ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၆ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၁၂ ယောက်က ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၈,၀၀၅ ခုကို စစ်ဆေးခဲ့တဲ့အထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၁၁၅,၃၃၇ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၉၄၂ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၃,၈၆၉ ယောက် ရှိသွားပါပြီ။
ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၄၇၁ ယောက် ရှိတာကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၁၁၇,၀၈၁ ယောက် ရှိသွားပါပြီ။
မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီကနေ့မှာ စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ အရေအတွက် ပိုနည်းပြီး ကူးစက်သူ အရေအတွက်ကလည်း ပိုနည်းပါတယ်။ ရောဂါပျောက်ကင်းသူ အရေအတွက်လည်း မနေ့ကထက် ပိုနည်းပေမယ့် သေဆုံးသူအရေအတွက်ကတော့ ပိုများပါတယ်။