သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၆၈,၀၁၁ဦး၊ သေဆုံး ၁,၅၅၂ ဦး


ရန်ကုန်မြို့က ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့က ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၂၇၇ ဦး ထပ်တိုးပြီး သေဆုံးသူ ၁၈ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၁၅ ဦးကတော့ ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ခုချိန်ထိဆိုရင် သေဆုံးသူစုစုပေါင်းက ၁,၅၅၂ ဦး ရှိပါပြီ။

ဓာတ်ခွဲနမူနာပေါင်း ၁၄,၇၇၇ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ရောဂါပိုးကူးစက်သူတွေ ထပ်တွေ့တာဖြစ်ပြီး ခုချိန်ထိဆိုရင် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၈၄,၀၀၅ ခု ရှိသွားပြီဖြစ်ပါတယ်။

ဒီထဲမှာ ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုထားသူပေါင်းက ၆၈,၀၁၁ ဦး ရှိသွားပါပြီ။

ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ ဆေးရုံက ဆင်းခွင့်ရသူ နောက်ထပ် ၁,၀၂၆ ဦး ထပ်တိုးတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၅၁,၃၆၂ ဦး ရှိပြီဖြစ်ပါတယ်။

ဒီကနေ့ည ထုတ်ပြန်ချက်အရဆိုရင် ပိုးတွေ့နှုန်း ၈.၆၄ ရာခိုင်နှုန်း၊ ပြန်ကောင်းသူနှုန်း ၇၅.၅ ရာခိုင်နှုန်းနဲ့ သေဆုံးနှုန်းက ၂.၂၈ ရာခိုင်နှုန်း ရှိပြီးတော့ သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူ ၈၃.၃ ရာခိုင်နှုန်း ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

အခုနှုန်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် သေဆုံးနှုန်းဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲဆိုတာကို တွေ့ရပါတယ်။

လက်ရှိအချိန်ထိ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ကိုဗစ်ရောဂါ ကူးစက်သေဆုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း COVID-19 ရောဂါဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းတင် ဖော်ပြနေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်ရဲ့ နောက်ဆုံးအချက်အလက်တွေအရ ဆိုရင် အင်ဒိုနီးရှားနိုင်ငံက ကူးစက်သူ ၄၆၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၅,၀၀၀ ကျော်နဲ့ အာဆီယံဒေသမှာ အများဆုံးဖြစ်ပါတယ်။

ဒုတိယကတော့ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ကူးစက်သူ ၄၀၆,၀၀၀ ကျော်၊ သေဆုံးသူ ၇,၈၀၀ နီးပါးရှိပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)












XS
SM
MD
LG