သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓာတ္ခဲြအတည္ျပဳ စုစုေပါင္း ၇၇,၈၄၈ ဦး၊ ေသဆံုး ၁,၇၂၂ ဦး


COVID-19 ေရာဂါနဲ႔ ေသဆုံးသြားသူတဦးကုိ သၿဂႋဳဟ္ဖို႔ ျပင္ဆင္ေနတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၄၃၄ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၇ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ည ထုတ္ျပန္ခ်က္ပါ ေသဆုံးသူေတြထဲမွာ ၂၃ ေယာက္က ေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၈,၀၉၀ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုး ကူးစက္ထားသူေတြ ေတြ႔ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁ သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ၁,၇၂၂ ေယာက္ ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၇၇,၈၄၈ ေယာက္ ရွိသြားပါၿပီ။

ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၁,၀၇၈ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေဆး႐ုံက ဆင္းခြင့္ရၿပီးသူ စုစုေပါင္း ၅၇,၆၇၉ ဦး ရွိသြားၿပီျဖစ္ပါတယ္။ တရက္အတြင္း ေဆး႐ံုဆင္းခြင့္ရသူ အေရအတြက္ ၁,၀၀၀ ေက်ာ္ ျပန္ျဖစ္လာတာ ရက္အေတာ္ၾကာအတြင္း ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။

ဒီကေန႔ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႔သူ ၇.၉ ရာခုိင္ႏႈန္းရွိၿပီး ျပန္ေကာင္းလာသူ ၇၄ ရာခုိင္ႏႈန္း၊ ေသဆုံးႏႈန္းက ၂.၂ ရာခုိင္ႏႈန္းရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။

ေသဆံုးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၈၅ ရာခုိင္ႏႈန္း ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၇၇,၈၄၈ ဦး၊ သေဆုံး ၁,၇၂၂ ဦး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၃၄ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၇ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ည ထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၃ ယောက်က ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၈,၀၉၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၇၂၂ ယောက် ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၇၇,၈၄၈ ယောက် ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၁,၀၇၈ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဆေးရုံက ဆင်းခွင့်ရပြီးသူ စုစုပေါင်း ၅၇,၆၇၉ ဦး ရှိသွားပြီဖြစ်ပါတယ်။ တရက်အတွင်း ဆေးရုံဆင်းခွင့်ရသူ အရေအတွက် ၁,၀၀၀ ကျော် ပြန်ဖြစ်လာတာ ရက်အတော်ကြာအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၉ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၇၄ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၂ ရာခိုင်နှုန်းရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၅ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG