သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ အတည္ျပဳလူနာ ၇၉,၂၄၆ ဦး၊ ေသဆံုးသူ ၁၇,၃၉ ဦး


ရန္ကုန္-မႏၱေလး အျမန္လမ္းမွာ ကုန္ကားေမာင္းသူေတြကို COVID-19 စစ္ေဆးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္သူ အေရအတြက္ ၇၉,၂၄၆ ေယာက္ရွိသြားၿပီ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ ႏုိဝင္ဘာ ၂၂ ရက္ေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာလိုက္ပါတယ္။

ဒီေန႔မွာ COVID-19 ေရာဂါ ေနာက္ထပ္ကူးစက္သူ ၁,၃၉၈ ေယာက္နဲ႔ ေသဆုံးသူ ၁၇ ေယာက္ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ဒါေၾကာင့္ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရဟာလည္း ၁,၇၃၉ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီေန႔ေသဆုံးတဲ့သူ ၁၇ ေယာက္ထဲက ၁၄ ေယာက္ကေတာ့ နဂိုေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၄,၈၈၁ ခုကို စမ္းသပ္စစ္ေဆးခဲ့တာျဖစ္ၿပီး ဒီေန႔အထိ ျမန္မာႏုိင္ငံမွာ ဓာတ္ခဲြနမူနာေတြကို စမ္းသပ္စစ္ေဆးတာ ၁ သန္းေက်ာ္လာၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေန႔မွာ ေနာက္ထပ္ ေဆး႐ုံကဆင္းခြင့္ရသူ ၁,၀၇၉ ေယာက္ရွိတာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းသူ ဦးေရဟာလည္း ၅၈,၇၅၈ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။

မေန႔ကေတာ့ ဓာတ္ခဲြအတည္ျပဳလူနာ ၁,၄၃၄ ေယာက္ရွိခဲ့ၿပီး အဲဒီထဲမွာ အနံ႔မရတဲ့သူ ၄၀၄ ေယာက္ပါဝင္တယ္လို႔ ေျပာပါတယ္။ မေန႔က ကူးစက္သူေတြထဲမွာ ရန္ကုန္တုိင္းေဒသႀကီးက ၉၁၂ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ခဲ့ၿပီး မႏၱေလးတုိင္းက ၁၉၄ ေယာက္နဲ႔ ဒုတိယ၊ ပဲခူးတုိင္းက ၈၃ ေယာက္နဲ႔ တတိယအမ်ားဆုံး ျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာကိုဗစ် အတည်ပြုလူနာ ၇၉,၂၄၆ ဦး၊ သေဆုံးသူ ၁၇,၃၉ ဦး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ၇၉,၂၄၆ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

ဒီနေ့မှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၁,၃၉၈ ယောက်နဲ့ သေဆုံးသူ ၁၇ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာလည်း ၁,၇၃၉ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့သေဆုံးတဲ့သူ ၁၇ ယောက်ထဲက ၁၄ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၈၈၁ ခုကို စမ်းသပ်စစ်ဆေးခဲ့တာဖြစ်ပြီး ဒီနေ့အထိ မြန်မာနိုင်ငံမှာ ဓာတ်ခွဲနမူနာတွေကို စမ်းသပ်စစ်ဆေးတာ ၁ သန်းကျော်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် ဆေးရုံကဆင်းခွင့်ရသူ ၁,၀၇၉ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းသူ ဦးရေဟာလည်း ၅၈,၇၅၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

မနေ့ကတော့ ဓာတ်ခွဲအတည်ပြုလူနာ ၁,၄၃၄ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ အနံ့မရတဲ့သူ ၄၀၄ ယောက်ပါဝင်တယ်လို့ ပြောပါတယ်။ မနေ့က ကူးစက်သူတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၉၁၂ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းက ၁၉၄ ယောက်နဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၈၃ ယောက်နဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG