(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ အေရအတြက္ ၆၁,၀၀၀ ေက်ာ္သြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာလိုက္ပါတယ္။
ဒီေန႔မွာ ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ အေရအတြက္ ၁,၀၂၉ ေယာက္ရွိတာေၾကာင့္ ကူးစက္သူစုစုေပါင္း ၆၁,၃၇၇ ေယာက္ရွိၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ည ၈ နာရီမွာ ထုတ္ျပန္လိုက္ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၄,၃၆၁ ခုကို စမ္းသပ္စစ္ေဆးခဲ့တာမွာ အဲဒီလို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ၂၄ ေယာက္ ထပ္မံေသဆုံးခဲ့တာေၾကာင့္ ေသဆုံးသူစုစုေပါင္း ၁,၄၂၀ ရွိသြားၿပီျဖစ္ပါတယ္။ ဒီေန႔ ေသဆုံးသူေတြထဲက ၁၉ ေယာက္ကေတာ့ နဂိုေရာဂါအခံရွိသူေတြ ျဖစ္ပါတယ္။
မေန႔ကေတာ့ ေရာဂါပိုးေတြ႔ရွိသူ ၁,၀၇၁ ရွိခဲ့ၿပီး ရန္ကုန္တုိင္းက ၈၁၂ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ၿပီး မႏၱေလးတုိင္းက ၉၉ ေယာက္နဲ႔ ဒုတိယ၊ ပဲခူးတုိင္းက ၄၁ ေယာက္နဲ႔ တတိယအမ်ားဆုံး ျဖစ္ခဲ့ပါတယ္။ မေန႔က ကူးစက္သူေတြထဲမွာ ျပည္ပကျပန္လာသူ ၂ ေယာက္ ပါဝင္တယ္လို႔ ေျပာပါတယ္။
ဒီေန႔မွာ ေဆး႐ုံက ဆင္းခြင့္ရသူ ေနာက္ထပ္ ၁,၀၉၀ ရွိတာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းသူ ဦးေရဟာလည္း ၄၅,၇၅၆ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။
------------------------
(Unicode)
မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၆၁,၃၇၇ ဦး၊ သေဆုံး ၁,၄၂၀ ဦး
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ၆၁,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ဒီနေ့မှာ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ အရေအတွက် ၁,၀၂၉ ယောက်ရှိတာကြောင့် ကူးစက်သူစုစုပေါင်း ၆၁,၃၇၇ ယောက်ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၃၆၁ ခုကို စမ်းသပ်စစ်ဆေးခဲ့တာမှာ အဲဒီလို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၂၄ ယောက် ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၁,၄၂၀ ရှိသွားပြီဖြစ်ပါတယ်။ ဒီနေ့ သေဆုံးသူတွေထဲက ၁၉ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။
မနေ့ကတော့ ရောဂါပိုးတွေ့ရှိသူ ၁,၀၇၁ ရှိခဲ့ပြီး ရန်ကုန်တိုင်းက ၈၁၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၉၉ ယောက်နဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၄၁ ယောက်နဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။ မနေ့က ကူးစက်သူတွေထဲမှာ ပြည်ပကပြန်လာသူ ၂ ယောက် ပါဝင်တယ်လို့ ပြောပါတယ်။
ဒီနေ့မှာ ဆေးရုံက ဆင်းခွင့်ရသူ နောက်ထပ် ၁,၀၉၀ ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းသူ ဦးရေဟာလည်း ၄၅,၇၅၆ ယောက် ရှိသွားပြီဖြစ်ပါတယ်။