သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄နာရီအတြင္း ကိုဗစ္အတည္ျပဳ ၂၅၅၅ဦး၊ ေသဆုံး ၉၄ဦး 


ရဟန္းတပါးကို မီးသၿဂၤဳိဟ္ေပးေနတဲ့ ေစတနာ့ဝန္ထမ္းမ်ား။

(Zawgyi/Unicode)

လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း ကိုဗစ္-၁၉ တတိယလႈိင္းဒဏ္ အျပင္းအထန္ ခံစားခဲ့ရတဲ့ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ ေလ်ာ့က်သြားၿပီဆိုေပမယ့္ အခုခ်ိန္ထိ ေရာဂါပိုး ကူးစက္၊ ေသဆုံးသူေတြဆက္ရွိေနဆဲပါ။

က်န္းမာေရးဝန္ႀကီးဌာနက ဒီကေန႔ည ၈ နာရီမွာထုတ္ျပန္တဲ့ စာရင္းအရ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲစမ္းသပ္မႈေပါင္း ၂၅,၀၃၅ ခုကို စစ္ေဆးခဲ့တာမွာ ၂,၅၅၅ ဦးမွာ ေရာဂါပိုး ကူးစက္ေနတာ ေတြ႕ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာဘဲ ေသဆုံးသူ ၉၄ ဦးရွိၿပီး ေသဆုံးသူ စုစုေပါင္း ၁၅,၉၈၅ ဦး ရွိသြားၿပီျဖစ္ေၾကာင္း က်န္းမာေရးဌာနရဲ႕ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္ကာကြယ္ေဆး ထိုးလုပ္ငန္းေတြကိုလည္း ႏိုင္ငံတဝွမ္း လုပ္ေဆာင္ေနၿပီး အခုထိ ကာကြယ္ေဆးအျပည့္ထိုးၿပီးသူ ၄ သန္း ၈ သိန္းေက်ာ္ ရွိသြားၿပီလို႔ က်န္းမာေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ႐ုရွား၊ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံထုတ္ ကာကြယ္ေဆးေတြကိုအဓိကထား အသုံးျပဳထိုးေပးေနတာျဖစ္ၿပီး တ႐ုတ္အစိုးရကလည္း သူ႔ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္စပ္တေလွ်ာက္ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ ကၿမိဳ႕ေတြမွာ ကာကြယ္ေဆးထိုးေပးဖို႔ ေဆး ၁ သန္းထပ္ ေပးပို႔လႈဒါန္းထားပါတယ္။

တ႐ုတ္-ျမန္မာ ၂ ႏိုင္ငံ နယ္စပ္ေဒသ စီမံခန႔္ခြဲေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သေဘာတူညီခ်က္အရ တ႐ုတ္အစိုးရက ဒုတိယအႀကိမ္အျဖစ္ ေဆးပစၥည္းေတြကို တနဂၤေႏြေန႔မွာ ရွမ္းျပည္နယ္ ကိုဗစ္တိုက္ဖ်က္ေရးအတြက္ ေပးလႉခဲ့ပါတယ္။ ၾသဂုတ္လ ၂၇ ရက္ေန႔ကလည္း ယြမ္ေငြ ၁ သန္းခြဲေက်ာ္တန္ ေဆးပစၥည္းေတြကို ယူနန္ျပည္နယ္ ထိန္ခ်ဳံးကေန ကခ်င္ျပည္နယ္အတြက္ ေပးလႉခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ျပည္နယ္၊ တိုင္းေဒသႀကီး အသီးသီးမွာ Stay at home မလိုအပ္ဘဲ ေနအိမ္အျပင္မရအမိန႔္ထုတ္ျပန္တဲ့ၿမိဳ႕နယ္ေပါင္း ၁၁၉ ၿမိဳ႕ရွိခဲ့ၿပီး အစိုးရ႐ုံးေတြကိုလည္း စက္တင္ဘာလကုန္အထိ ပိတ္ထားဖို႔ က်န္းမာေရးဌာနက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


၂၄နာရီအတွင်း ကိုဗစ်အတည်ပြု ၂၅၅၅ဦး၊ သေဆုံး ၉၄ဦး

(Unicode)

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် လျော့ကျသွားပြီဆိုပေမယ့် အခုချိန်ထိ ရောဂါပိုး ကူးစက်၊ သေဆုံးသူတွေဆက်ရှိနေဆဲပါ။

ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၂၅,၀၃၅ ခုကို စစ်ဆေးခဲ့တာမှာ ၂,၅၅၅ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာဘဲ သေဆုံးသူ ၉၄ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၁၅,၉၈၅ ဦး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးလုပ်ငန်းတွေကိုလည်း နိုင်ငံတဝှမ်း လုပ်ဆောင်နေပြီး အခုထိ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ၄ သန်း ၈ သိန်းကျော် ရှိသွားပြီလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးတွေကိုအဓိကထား အသုံးပြုထိုးပေးနေတာဖြစ်ပြီး တရုတ်အစိုးရကလည်း သူ့နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ကမြို့တွေမှာ ကာကွယ်ဆေးထိုးပေးဖို့ ဆေး ၁ သန်းထပ် ပေးပို့လှုဒါန်းထားပါတယ်။

တရုတ်-မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အရ တရုတ်အစိုးရက ဒုတိယအကြိမ်အဖြစ် ဆေးပစ္စည်းတွေကို တနင်္ဂနွေနေ့မှာ ရှမ်းပြည်နယ် ကိုဗစ်တိုက်ဖျက်ရေးအတွက် ပေးလှူခဲ့ပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့ကလည်း ယွမ်ငွေ ၁ သန်းခွဲကျော်တန် ဆေးပစ္စည်းတွေကို ယူနန်ပြည်နယ် ထိန်ချုံးကနေ ကချင်ပြည်နယ်အတွက် ပေးလှူခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှာ Stay at home မလိုအပ်ဘဲ နေအိမ်အပြင်မရအမိန့်ထုတ်ပြန်တဲ့မြို့နယ်ပေါင်း ၁၁၉ မြို့ရှိခဲ့ပြီး အစိုးရရုံးတွေကိုလည်း စက်တင်ဘာလကုန်အထိ ပိတ်ထားဖို့ ကျန်းမာရေးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG