သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္သူ ၅,၂၃၄ ဦး၊ ေသဆုံးသူ ၃၄၂ ဦး ထပ္တိုး


ကေလးၿမိဳ႔က ကိုဗစ္လူနာတဦးကို ေစတနာ့၀န္ထမ္းတဦးက ေအာက္ဆီဂ်င္ပိုက္တပ္ဆင္ေပးေနပုံ၊ ဂ်ဴလုိင္ ၅၊ ၂၀၂၁။

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ ကိုဗစ္တတိယလႈိင္းဟာ ႏွစ္လနီးပါး ၾကာလာတဲ့အထိ အရွိန္ေလ်ာ့မသြားေသးပါဘူး။ လြန္ခဲ့တဲ့၂၄ နာရီအတြင္း ဓါတ္ခြဲနမူနာေပါင္ ၁၅,၀၆၀ ဦးကို စစ္ေဆးခဲ့တာမွာ ေရာဂါပိုးကူးစက္သူ ၅,၂၃၄ ဦးကို ေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ည ၈ နာရီမွာ ထုတ္ျပန္ပါတယ္။ ေသဆုံးသူ ၃၄၂ ဦး ရွိခဲ့ေၾကာင္းလည္း ထည့္သြင္း ေဖာ္ျပထားပါတယ္။

ရန္ကုန္ အင္းစိန္ေထာင္နဲ႔ ေနျပည္ေတာ္အခ်ဳပ္ေထာင္က အက်ဥ္းသား၊ အက်ဥ္းသူ ၉၇၀ ဦးကို မေန႔ ဇူလိုင္လ ၂၈ ရက္ေန႔က ကိုဗစ္ကာကြယ္ေဆး ထိုးေပးခဲ့ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။ အဲဒီလို ကာကြယ္ေဆး ထိုးေပးသူေတြထဲ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရကို စီးပြားေရးအႀကံေပးအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ ၾသစေတးလ်ပညာရွင္ Sean Turnell လည္း ပါဝင္ေၾကာင္း စစ္ေကာင္စီ သတင္းစာေတြမွာ ဓါတ္ပုံေတြနဲ႔တကြ ေဖာ္ျပထားပါတယ္။

အင္းစိန္အက်ဥ္းေထာင္အတြင္း အခ်ဳပ္သား ၉,၀၀၀ ေက်ာ္ ရွိတဲ့အထဲက ကာကြယ္ေဆးထိုးခ်င္ေၾကာင္း စာရင္းေပးသူ ၂,၅၀၀ ရွိခဲ့တာမွာ အက်ဥ္းသား ၆၁၀ ကို ကာကြယ္ေဆး ထိုးေပးခဲ့တယ္လို႔ စစ္ေကာင္စီထုတ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံတဝန္းက ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအသီးသီးမွာ ျဖစ္ေပၚေနသလိုပဲ အက်ဥ္းေထာင္ေတြအတြင္းမွာလည္း ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ျပန႔္ပြားမႈေတြ အရွိန္ျမင့္ျဖစ္ေပၚေၾကာင္း သတင္းေတြ ထြက္ေပၚေနေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ အက်ဥ္းေထာင္ေတြထဲ ကူးစက္ ျပန႔္ပြားျခင္းမရွိေၾကာင္း ျငင္းဆိုထားပါတယ္။

စစ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ အင္းစိန္အက်ဥ္းေထာင္အတြင္း ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ NLD ထိပ္တန္း ေခါင္းေဆာင္ေတြအၾကားမွာလည္း ကိုဗစ္-၁၉ ကူးစက္မႈေတြ ျဖစ္ေပၚေနတာမွာ ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးဉာဏ္ဝင္းဟာလည္း ကိုဗစ္-၁၉ ကူးစက္ခံရၿပီးေနာက္ ရန္ကုန္ေဆး႐ုံႀကီးမွာ ကြယ္လြန္သြားခဲ့ၿပီး ျဖစ္ပါတယ္။

.........................................................................................

မြန်မာ ကိုဗစ်ကူးစက်သူ ၅,၂၃၄ ဦး၊ သေဆုံးသူ ၃၄၂ ဦး ထပ်တိုး

(Unicode)

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းဟာ နှစ်လနီးပါး ကြာလာတဲ့အထိ အရှိန်လျော့မသွားသေးပါဘူး။ လွန်ခဲ့တဲ့၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင် ၁၅,၀၆၀ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၅,၂၃၄ ဦးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူ ၃၄၂ ဦး ရှိခဲ့ကြောင်းလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

ရန်ကုန် အင်းစိန်ထောင်နဲ့ နေပြည်တော်အချုပ်ထောင်က အကျဉ်းသား၊ အကျဉ်းသူ ၉၇၀ ဦးကို မနေ့ ဇူလိုင်လ ၂၈ ရက်နေ့က ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အဲဒီလို ကာကွယ်ဆေး ထိုးပေးသူတွေထဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကို စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့တဲ့ သြစတေးလျပညာရှင် Sean Turnell လည်း ပါဝင်ကြောင်း စစ်ကောင်စီ သတင်းစာတွေမှာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

အင်းစိန်အကျဉ်းထောင်အတွင်း အချုပ်သား ၉,၀၀၀ ကျော် ရှိတဲ့အထဲက ကာကွယ်ဆေးထိုးချင်ကြောင်း စာရင်းပေးသူ ၂,၅၀၀ ရှိခဲ့တာမှာ အကျဉ်းသား ၆၁၀ ကို ကာကွယ်ဆေး ထိုးပေးခဲ့တယ်လို့ စစ်ကောင်စီထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ဖြစ်ပေါ်နေသလိုပဲ အကျဉ်းထောင်တွေအတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုတွေ အရှိန်မြင့်ဖြစ်ပေါ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ်ကောင်စီဘက်ကတော့ အကျဉ်းထောင်တွေထဲ ကူးစက် ပြန့်ပွားခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ NLD ထိပ်တန်း ခေါင်းဆောင်တွေအကြားမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ဖြစ်ပေါ်နေတာမှာ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာလည်း ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG