သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ကိုဗစ္ဓာတ္ခြဲအတည္ျပဳ ၅,၂၈၅ ဦး၊ ေသဆုံး ၂၃၁ ဦး


ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္းက ေအာက္ဆီဂ်င္ျဖည့္သြင္းေပးတဲ့ ဆုိင္တခုမွာ ေအာက္ဆီဂ်င္ရဖုိ႔ တန္းစီေနၾကသူမ်ား။ (ဇူလုိင္ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာတႏိုင္ငံလုံးမွာ ၉ ရက္တာ အမ်ားျပည္သူ႐ုံးပိတ္ရက္ သတ္မွတ္ၿပီး မလိုအပ္ရင္ အိမ္ျပင္မထြက္ဖို႔ ကန႔္သတ္ခ်က္ ထုတ္ျပန္ထားတာ ဒုတိယရက္ေျမာက္လာပါၿပီ။ ျမန္မာႏိုင္ငံအတြင္း COVID-19 တတိယလႈိင္း ျဖစ္ေပၚေနတာ ၂ လေလာက္ ၾကာလာတဲ့အထိ အရွိန္ေလ်ာ့မသြားေသးဘဲ ေန႔စဥ္ ေရာဂါပိုး ကူးစက္သူေတြနဲ႔ ေသဆုံးသူေတြလည္း တိုးျမင့္လာေနပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္အရ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာ ၁၄,၄၉၂ ခုကို စမ္းသပ္ စစ္ေဆးခဲ့တာမွာ ပိုးေတြ႔သူေပါင္း ၅,၂၈၅ ဦး ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါဟာ ဓာတ္ခြဲစမ္းသပ္မႈ စုစုေပါင္းရဲ႕ ၃၆.၄၇ ရာခုိင္ႏႈန္းမွာ ေရာဂါပိုး ကူးစက္ေနတာကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆုံးသူ ၂၃၁ ဦးရွိခဲ့ေၾကာင္း ေဖာ္ျပထားၿပီး အခုခ်ိန္ထိ ျမန္မာႏိုင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ ၅,၀၀၀ ရွိသြားၿပီလို႔ ဆိုပါတယ္။ တကယ့္လက္ေတြ႔ အေျခအေနမွာေတာ့ ကိုဗစ္ေရာဂါပိုး ကူးစက္သူေရာ ေသဆုံးႏႈန္းပါ တရားဝင္ကိန္းဂဏန္း ပိုၿပီးမ်ားႏုိင္တယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြေရာ ေလ့လာသူေတြပါ ခန႔္မွန္းထားပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ျမန္မာႏိုင္ငံမွာ ေအာက္စီဂ်င္ အလုံအေလာက္ရွိတယ္လို႔ ေျပာဆိုထားေပမယ့္ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီး အေတာ္မ်ားမ်ားမွာ လိုအပ္ေနတဲ့ ေအာက္စီဂ်င္ အလုံအေလာက္ မရရွိႏိုင္တာေၾကာင့္ ေန႔စဥ္ နာရီေပါင္းမ်ားစြာၾကာတဲ့အထိ ေအာက္စီဂ်င္တန္းစီ ေစာင့္ဆိုင္းေနၾကသူေတြရဲ႕ ဓာတ္ပုံေတြလည္း လူမႈကြန္ရက္ေတြေပၚမွာ ျပန႔္ေနပါတယ္။

အလားတူပဲ ေသဆုံးသူေတြကို မီးသၿဂႋဳဟ္ဖုိ႔ အခက္အခဲ ရွိေနသူေတြ အမ်ားအျပား ရွိေနသလို မီးသၿဂႋဳဟ္စက္ရွိတဲ့ ေနရာေတြမွာ အေလာင္းေတြ စုပုံေနတဲ့ပုံေတြလည္း လူမႈကြန္ရက္ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ကိုဗစ္တတိယလႈိင္းကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ တိုင္းျပည္အာဏာယူထားတဲ့ စစ္ေကာင္စီက ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏိုင္တာ မေတြ႔ရတာ အပါအဝင္ ေရာဂါပိုး ကူးစက္မႈႏႈန္းဟာလည္း အရွိန္ေကာင္းဆဲ ျဖစ္တာေၾကာင့္ COVID-19 ကူးစက္သူနဲ႔ ေသဆုံးသူအေရအတြက္ အမ်ားအျပား ထပ္တိုးလာႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ခန႔္မွန္း ေျပာဆိုေနၾကပါတယ္။

-------------------------

(Unicode)

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၅,၂၈၅ ဦး၊ သေဆုံး ၂၃၁ ဦး

မြန်မာတနိုင်ငံလုံးမှာ ၉ ရက်တာ အများပြည်သူရုံးပိတ်ရက် သတ်မှတ်ပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားတာ ဒုတိယရက်မြောက်လာပါပြီ။ မြန်မာနိုင်ငံအတွင်း COVID-19 တတိယလှိုင်း ဖြစ်ပေါ်နေတာ ၂ လလောက် ကြာလာတဲ့အထိ အရှိန်လျော့မသွားသေးဘဲ နေ့စဉ် ရောဂါပိုး ကူးစက်သူတွေနဲ့ သေဆုံးသူတွေလည်း တိုးမြင့်လာနေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၄၉၂ ခုကို စမ်းသပ် စစ်ဆေးခဲ့တာမှာ ပိုးတွေ့သူပေါင်း ၅,၂၈၅ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်းရဲ့ ၃၆.၄၇ ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၂၃၁ ဦးရှိခဲ့ကြောင်း ဖော်ပြထားပြီး အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၅,၀၀၀ ရှိသွားပြီလို့ ဆိုပါတယ်။ တကယ့်လက်တွေ့ အခြေအနေမှာတော့ ကိုဗစ်ရောဂါပိုး ကူးစက်သူရော သေဆုံးနှုန်းပါ တရားဝင်ကိန်းဂဏန်း ပိုပြီးများနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေရော လေ့လာသူတွေပါ ခန့်မှန်းထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အောက်စီဂျင် အလုံအလောက်ရှိတယ်လို့ ပြောဆိုထားပေမယ့် ရန်ကုန်အပါအဝင် မြို့ကြီး အတော်များများမှာ လိုအပ်နေတဲ့ အောက်စီဂျင် အလုံအလောက် မရရှိနိုင်တာကြောင့် နေ့စဉ် နာရီပေါင်းများစွာကြာတဲ့အထိ အောက်စီဂျင်တန်းစီ စောင့်ဆိုင်းနေကြသူတွေရဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်တွေပေါ်မှာ ပြန့်နေပါတယ်။

အလားတူပဲ သေဆုံးသူတွေကို မီးသင်္ဂြိုဟ်ဖို့ အခက်အခဲ ရှိနေသူတွေ အများအပြား ရှိနေသလို မီးသင်္ဂြိုဟ်စက်ရှိတဲ့ နေရာတွေမှာ အလောင်းတွေ စုပုံနေတဲ့ပုံတွေလည်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် တိုင်းပြည်အာဏာယူထားတဲ့ စစ်ကောင်စီက ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ မတွေ့ရတာ အပါအဝင် ရောဂါပိုး ကူးစက်မှုနှုန်းဟာလည်း အရှိန်ကောင်းဆဲ ဖြစ်တာကြောင့် COVID-19 ကူးစက်သူနဲ့ သေဆုံးသူအရေအတွက် အများအပြား ထပ်တိုးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG