သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏိုင္မနင္းျဖစ္ေနတဲ့ ျမန္မာကိုဗစ္ ကူးစက္မႈ


မႏၱေလးၿမိဳ႕မွာ ကိုဗစ္ကူးစက္ၿပီး ေသဆုံးသြားသူကို သၿဂႋဳဟ္ဖုိ႔ သယ္ေဆာင္လာတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

COVID-19 ေရာဂါ ကူးစက္မႈေတြ ျမင့္တက္လာေနတဲ့ ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူေတြ အေနနဲ႔ ေဆး႐ုံေတြမွာပါ ကုသမႈရဖို႔ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရတယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဒါ့အျပင္ အခုလို ေရာဂါကူးစက္မႈေတြ ျမင့္မားေနတာေၾကာင့္ ေဆးဝါးကုသမႈေတြ အေရးေပၚ လိုအပ္ေနတယ္လို႔ ခရစ္ယာန္ ရဟန္းအမတ္တပါးက ပန္ၾကားလိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ ဇြန္လ ၁၈ စေနေန႔က တရက္တည္း ေရာဂါကူးစက္သူ ၅,၂၈၅ ဦးနဲ႔ ေသဆုံးသူ ၂၃၁ ဦး ရွိခဲ့ၿပီး ေရာဂါကူးစက္မႈ အေရအတြက္ေတြလည္း တုိးလာေနပါတယ္။ ႏုိင္ငံတဝန္းမွာ ၉ ရက္တာ အမ်ားျပည္သူ ႐ုံးပိတ္ရက္ သတ္မွတ္ၿပီး လူေတြကိုလည္း မလိုအပ္ရင္ အျပင္မထြက္ဖို႔ ကန္႔သတ္ခ်က္ ထုတ္ျပန္ထားေပမယ့္လည္း ကူးစက္မႈနဲ႔ ေသဆုံးမႈေတြ ဆက္ၿပီးေတာ့ တုိးလာေနတာပါ။

အခုလို ေရာဂါကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ေဆး႐ုံေတြအေနနဲ႔လည္း ေနာက္ထပ္ လူနာသစ္လက္ခံဖို႔အတြက္ ခက္ခဲေနသလို ျပင္ပလူနာအျဖစ္နဲ႔ ကုသဖို႔အပိုင္းမွာလည္း အဆင္မေျပမႈေတြ ျဖစ္ေနတယ္လို႔ မိသားစုဝင္ေတြကိုယ္တုိင္ ေရာဂါကူးစက္ခံထားရတဲ့ ရန္ကုန္ၿမိဳ႕က အမည္မေဖာ္လိုတဲ့ ဆရာဝန္တဦးက ေျပာပါတယ္။

“လူေတြရဲ႕ဒုကၡက ဘယ္ေလာက္အထိ မ်ားလဲဆုိတာ ေတာ္ေတာ္ကို ေျပာရရင္ေတာ့ စိတ္ဆင္းရဲဖို႔ ေကာင္းတယ္။ ဥပမာဆုိၾကပါစုိ႔ က်ေနာ္ပဲေပါ့၊ အမ်ဳိးသမီးက Day 7 မွာ ေအာက္ဆီဂ်င္ စၿပီး က်လာတဲ့အခါၾကေတာ့ က်ေနာ္က ေဆး႐ုံေတြကို၊ အစုိးရေဆး႐ုံကေတာ့ ေဝးပါတယ္ဗ်ာ၊ ေတာ္ေတာ္ႀကီးကိုေဝးတယ္၊ အဲ့ေတာ့ ပုဂၢလိကအျပင္ေဆး႐ုံ အာယုကုိ က်ေနာ္ ဖုန္းဆက္တဲ့အခါၾကေတာ့ ေဆး႐ုံတက္ဖုိ႔မဟုတ္ဘူး၊ Consult လုပ္ဖို႔ပဲ၊ Charge Physician ဘယ္သူရွိလဲ၊ က်ေနာ္ Consult လုပ္ခ်င္တယ္၊ အဲေတာ့ ဟုိကေန လကၡဏာေတြ ျပန္ေမးတယ္။ ကိုဗစ္လကၡဏာေတြရွိလား၊ ရွိတယ္ေပါ့။ အဲဒါဆုိရင္ေတာ့ မရဘူးတဲ့။ ေနာက္တခါ မထုိင္တဲ့ဆရာဝန္ေတြကလည္း အမ်ားႀကီးပဲတဲ့။ အဲဒီလို ေဆး႐ုံမတက္ဘူးဗ်ာ၊ OPD ျပမယ္ဆုိတာေတာင္ မရဘူးဆိုေတာ့ ဒီေဆး႐ုံေတြက ဘာလုပ္ဖို႔လဲ။ ဒါ အင္တာေနရွင္နယ္ေဆး႐ုံလို႔ ေျပာတာေနာ္၊ အာယုဆုိတာ။ ဘာလုပ္ဖို႔ ဖြင့္ထားတာလဲ။

“က်ေနာ္က သြားျပခ်င္တယ္။ ျပခ်င္တဲ့အခါၾကေတာ့ ခုနေျပာတဲ့ Physician ေတြ တေယာက္္မွ ၾကည့္မေပးႏုိင္ဘူး။ အဲ့ေတာ့ ဘယ္လိုလုပ္ေပးႏိုင္လဲဆိုေတာ့ OPD ကို လာျပပါတဲ့။ လာျပရင္ သူတုိ႔ MO ေလးေတြ ၾကည့္ေပးမယ္တဲ့။ လုိအပ္ရင္ ေဆး႐ုံႀကီးေတြကို လႊဲမယ္။ ေဆး႐ုံႀကီးေတြကိုလႊဲရင္ ေဆး႐ုံႀကီးေတြက လက္ခံမွာ မဟုတ္ဘူးေလ။ ဒါ သိေနတာပဲဟာ။ လက္မခံႏုိင္တဲ့ဟာကုိ သူ႔ဆီသြားျပၿပီး က်ေနာ္က ဘာသြားလုပ္ရမွာလဲ။ ေဆး႐ုံလည္း တက္လုိ႔မရဘူး။ ဟိုဘက္ကုိပဲ လႊဲမယ္ဆုိေတာ့ ပိုက္ဆံကုန္သြားတာပဲ အဖတ္တင္တာေပါ့။”

က်န္းမာေရးဝန္ႀကီးဌာနက မေန႔က တရားဝင္ထုတ္ျပန္တဲ့ စာရင္းအရ စုစုေပါင္း ကူးစက္သူဟာ ၂၂၉,၀၀၀ ေက်ာ္ ရွိသြားၿပီလို႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ကူးစက္မႈေတြက တရားဝင္ေဖာ္ျပထားတာထက္ ပိုမ်ားႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းၾကပါတယ္။

ကူးစက္သူအေရအတြက္ တုိးလာေနတာနဲ႔ ကူးစက္မႈအေျခအေနေတြနဲ႔ ပတ္သက္ၿပီး သူက အခုလ္ို ဆက္ေျပာပါတယ္။

“အိမ္ဆုိရင္ အိမ္လုံးကၽြတ္ေတြႀကီးပဲ ျဖစ္တာေလ။ လြတ္မွမလြတ္ဘဲ တေယာက္ျဖစ္တယ္ဆုိ။ အခု က်ေနာ့္အိမ္မွာဆုိ အားလုံး ၄ ေယာက္ျဖစ္တယ္။ ၃ ေယာက္က Recovery ရသြားၿပီ။ ၁ ေယာက္ကေ်န္ေနတယ္။ ေယာကၡမအိမ္မွာဆုိရင္ အခုလက္ရွိ ၆ ေယာက္ျဖစ္ေနတယ္။ အဲ့ေတာ့ ဘယ္လိုလုပ္မလဲ။ ကူးစက္မႈ အေနအထားက၊ ဒါေတာင္မွ က်ေနာ္တုိ႔သည္ Congested Area မွာ ေနတဲ့သူေတြ မဟုတ္ဘူး။ ကုိယ့္ၿခံ ကိုယ့္ဝင္းနဲ႔ ကိုယ့္အိမ္မွာ ကိုယ္ေနတဲ့သူေတြ။ အဲ့ေတာ့ တအိမ္နဲ႔တအိမ္ ႁပြတ္က်ပ္ေနတဲ့ ေနရာမ်ဳိးေတြ၊ အိမ္ေတြ တအားကပ္တယ္၊ က်ပ္တယ္၊ တအိမ္ထဲမွာပဲ ႁပြတ္သိပ္ေနရတယ္ဆုိရင္ စဥ္းစားၾကည့္ပါ၊ ဘယ္လိုရွိမလဲဆုိတာ။”

အခုလို ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ရန္ကုန္ၿမိဳ႕က ခရစ္ယာန္ရဟန္းအမတ္ Cardinal Charles Bo ကလည္း ျမန္မာႏုိင္ငံအတြက္ ေဆးဝါးအကူအညီေတြ အေရးေပၚ လိုအပ္ေနတယ္လို႔ ေမတၱာရပ္ခံလိုက္ပါတယ္။ ကိုဗစ္ေဝဒနာရွင္ အေတာ္မ်ားမ်ား ရင္ဆုိင္ရတဲ့ ျပႆနာေတြထဲမွာေတာ့ ေအာက္ဆီဂ်င္ရဖို႔ကလည္း အခက္အခဲတခု ျဖစ္ပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ ေအာက္ဆီဂ်င္ထုတ္တဲ့ စက္႐ုံေတြနဲ႔ ဆုိင္ေတြကို စစ္တပ္ဘက္က ကန္႔သတ္တားဆီးတာေတြ ရွိတယ္လို႔ လူမႈကြန္ရက္ေတြမွာ ေဖာ္ျပေနတာကိုလည္း ေတြ႔ေနရေပမယ့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဗီြအိုေအအေနနဲ႔ သီးျခားအတည္ျပဳႏုိင္ျခင္းေတာ့ မရွိပါဘူး။ ဒီအေျခအေနနဲ႔ပတ္သက္ၿပီး အဆုိပါ ရန္ကုန္ၿမိဳ႕ခံကေတာ့ အခုလို ဆက္ေျပာပါတယ္။

“ေအာက္ဆီဂ်င္ကေတာ့ ေျပာရရင္ေတာ့ အင္မတန္မွ ဆုိးရြားတဲ့လုပ္ရပ္ေတြ လုပ္သြားတာေပါ့။ ေအာက္ဆီဂ်င္စက္႐ုံေတြကို လိုက္ၿပီးေတာ့ မျဖည့္ရဘူးလုိ႔ ေျပာတယ္။ မျဖည့္ရဘူးဆုိတာလည္း သူတုိ႔ရဲ႕ Demand ေတြကုိ ျပည့္ေအာင္လုပ္တာ။ တကယ္တမ္းက်ေတာ့ ေဆး႐ုံေတြမွာ သူ႔ဟာနဲ႔သူ ရွိၿပီးသားဗ်၊ ေအာက္ဆီဂ်င္ Plant ေတြက။ ဘယ္ေနရာေတြ လိုတဲ့အတြက္ ဘယ္လုိလုပ္လဲေတာ့ မသိဘူး။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကေတာ့ ျမန္မာႏိုင္ငံမွာ ေအာက္ဆီဂ်င္ အလုံအေလာက္ ရွိတယ္လို႔ ေျပာထားေပမယ့္ ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီး အေတာ္မ်ားမ်ားမွာ လိုအပ္ေနတဲ့ ေအာက္ဆီဂ်င္ အလုံအေလာက္ မရရွိႏိုင္တာေၾကာင့္ ေန႔စဥ္ နာရီေပါင္းမ်ားစြာၾကာတဲ့အထိ ေအာက္ဆီဂ်င္တန္းစီ ေစာင့္ဆိုင္းေနၾကသူေတြရဲ႕ ဓာတ္ပုံေတြလည္း လူမႈကြန္ရက္ေတြေပၚမွာ ျပန႔္ေနသလို မီးသၿဂႋဳဟ္စက္ရွိတဲ့ ေနရာေတြမွာ အေလာင္းေတြ စုပုံေနတဲ့ပုံေတြလည္း လူမႈကြန္ရက္ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

မႏိုင္မနင္းျဖစ္ေနတဲ့ ျမန္မာကိုဗစ္ ကူးစက္မႈ
please wait

No media source currently available

0:00 0:04:37 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မနိုင်မနင်းဖြစ်နေတဲ့ မြန်မာကိုဗစ် ကူးစက်မှု

COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူတွေ အနေနဲ့ ဆေးရုံတွေမှာပါ ကုသမှုရဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် အခုလို ရောဂါကူးစက်မှုတွေ မြင့်မားနေတာကြောင့် ဆေးဝါးကုသမှုတွေ အရေးပေါ် လိုအပ်နေတယ်လို့ ခရစ်ယာန် ရဟန်းအမတ်တပါးက ပန်ကြားလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၁၈ စနေနေ့က တရက်တည်း ရောဂါကူးစက်သူ ၅,၂၈၅ ဦးနဲ့ သေဆုံးသူ ၂၃၁ ဦး ရှိခဲ့ပြီး ရောဂါကူးစက်မှု အရေအတွက်တွေလည်း တိုးလာနေပါတယ်။ နိုင်ငံတဝန်းမှာ ၉ ရက်တာ အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ပြီး လူတွေကိုလည်း မလိုအပ်ရင် အပြင်မထွက်ဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားပေမယ့်လည်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်ပြီးတော့ တိုးလာနေတာပါ။

အခုလို ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် ဆေးရုံတွေအနေနဲ့လည်း နောက်ထပ် လူနာသစ်လက်ခံဖို့အတွက် ခက်ခဲနေသလို ပြင်ပလူနာအဖြစ်နဲ့ ကုသဖို့အပိုင်းမှာလည်း အဆင်မပြေမှုတွေ ဖြစ်နေတယ်လို့ မိသားစုဝင်တွေကိုယ်တိုင် ရောဂါကူးစက်ခံထားရတဲ့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ပြောပါတယ်။

“လူတွေရဲ့ဒုက္ခက ဘယ်လောက်အထိ များလဲဆိုတာ တော်တော်ကို ပြောရရင်တော့ စိတ်ဆင်းရဲဖို့ ကောင်းတယ်။ ဥပမာဆိုကြပါစို့ ကျနော်ပဲပေါ့၊ အမျိုးသမီးက Day 7 မှာ အောက်ဆီဂျင် စပြီး ကျလာတဲ့အခါကြတော့ ကျနော်က ဆေးရုံတွေကို၊ အစိုးရဆေးရုံကတော့ ဝေးပါတယ်ဗျာ၊ တော်တော်ကြီးကိုဝေးတယ်၊ အဲ့တော့ ပုဂ္ဂလိကအပြင်ဆေးရုံ အာယုကို ကျနော် ဖုန်းဆက်တဲ့အခါကြတော့ ဆေးရုံတက်ဖို့မဟုတ်ဘူး၊ Consult လုပ်ဖို့ပဲ၊ Charge Physician ဘယ်သူရှိလဲ၊ ကျနော် Consult လုပ်ချင်တယ်၊ အဲတော့ ဟိုကနေ လက္ခဏာတွေ ပြန်မေးတယ်။ ကိုဗစ်လက္ခဏာတွေရှိလား၊ ရှိတယ်ပေါ့။ အဲဒါဆိုရင်တော့ မရဘူးတဲ့။ နောက်တခါ မထိုင်တဲ့ဆရာဝန်တွေကလည်း အများကြီးပဲတဲ့။ အဲဒီလို ဆေးရုံမတက်ဘူးဗျာ၊ OPD ပြမယ်ဆိုတာတောင် မရဘူးဆိုတော့ ဒီဆေးရုံတွေက ဘာလုပ်ဖို့လဲ။ ဒါ အင်တာနေရှင်နယ်ဆေးရုံလို့ ပြောတာနော်၊ အာယုဆိုတာ။ ဘာလုပ်ဖို့ ဖွင့်ထားတာလဲ။

“ကျနော်က သွားပြချင်တယ်။ ပြချင်တဲ့အခါကြတော့ ခုနပြောတဲ့ Physician တွေ တယောက်မှ ကြည့်မပေးနိုင်ဘူး။ အဲ့တော့ ဘယ်လိုလုပ်ပေးနိုင်လဲဆိုတော့ OPD ကို လာပြပါတဲ့။ လာပြရင် သူတို့ MO လေးတွေ ကြည့်ပေးမယ်တဲ့။ လိုအပ်ရင် ဆေးရုံကြီးတွေကို လွှဲမယ်။ ဆေးရုံကြီးတွေကိုလွှဲရင် ဆေးရုံကြီးတွေက လက်ခံမှာ မဟုတ်ဘူးလေ။ ဒါ သိနေတာပဲဟာ။ လက်မခံနိုင်တဲ့ဟာကို သူ့ဆီသွားပြပြီး ကျနော်က ဘာသွားလုပ်ရမှာလဲ။ ဆေးရုံလည်း တက်လို့မရဘူး။ ဟိုဘက်ကိုပဲ လွှဲမယ်ဆိုတော့ ပိုက်ဆံကုန်သွားတာပဲ အဖတ်တင်တာပေါ့။”

ကျန်းမာရေးဝန်ကြီးဌာနက မနေ့က တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ စုစုပေါင်း ကူးစက်သူဟာ ၂၂၉,၀၀၀ ကျော် ရှိသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကူးစက်မှုတွေက တရားဝင်ဖော်ပြထားတာထက် ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ကူးစက်သူအရေအတွက် တိုးလာနေတာနဲ့ ကူးစက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး သူက အခုလို ဆက်ပြောပါတယ်။

“အိမ်ဆိုရင် အိမ်လုံးကျွတ်တွေကြီးပဲ ဖြစ်တာလေ။ လွတ်မှမလွတ်ဘဲ တယောက်ဖြစ်တယ်ဆို။ အခု ကျနော့်အိမ်မှာဆို အားလုံး ၄ ယောက်ဖြစ်တယ်။ ၃ ယောက်က Recovery ရသွားပြီ။ ၁ ယောက်ကျေန်နေတယ်။ ယောက္ခမအိမ်မှာဆိုရင် အခုလက်ရှိ ၆ ယောက်ဖြစ်နေတယ်။ အဲ့တော့ ဘယ်လိုလုပ်မလဲ။ ကူးစက်မှု အနေအထားက၊ ဒါတောင်မှ ကျနော်တို့သည် Congested Area မှာ နေတဲ့သူတွေ မဟုတ်ဘူး။ ကိုယ့်ခြံ ကိုယ့်ဝင်းနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေတဲ့သူတွေ။ အဲ့တော့ တအိမ်နဲ့တအိမ် ပြွတ်ကျပ်နေတဲ့ နေရာမျိုးတွေ၊ အိမ်တွေ တအားကပ်တယ်၊ ကျပ်တယ်၊ တအိမ်ထဲမှာပဲ ပြွတ်သိပ်နေရတယ်ဆိုရင် စဉ်းစားကြည့်ပါ၊ ဘယ်လိုရှိမလဲဆိုတာ။”

အခုလို ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရန်ကုန်မြို့က ခရစ်ယာန်ရဟန်းအမတ် Cardinal Charles Bo ကလည်း မြန်မာနိုင်ငံအတွက် ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ကိုဗစ်ဝေဒနာရှင် အတော်များများ ရင်ဆိုင်ရတဲ့ ပြဿနာတွေထဲမှာတော့ အောက်ဆီဂျင်ရဖို့ကလည်း အခက်အခဲတခု ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ အောက်ဆီဂျင်ထုတ်တဲ့ စက်ရုံတွေနဲ့ ဆိုင်တွေကို စစ်တပ်ဘက်က ကန့်သတ်တားဆီးတာတွေ ရှိတယ်လို့ လူမှုကွန်ရက်တွေမှာ ဖော်ပြနေတာကိုလည်း တွေ့နေရပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အဆိုပါ ရန်ကုန်မြို့ခံကတော့ အခုလို ဆက်ပြောပါတယ်။

“အောက်ဆီဂျင်ကတော့ ပြောရရင်တော့ အင်မတန်မှ ဆိုးရွားတဲ့လုပ်ရပ်တွေ လုပ်သွားတာပေါ့။ အောက်ဆီဂျင်စက်ရုံတွေကို လိုက်ပြီးတော့ မဖြည့်ရဘူးလို့ ပြောတယ်။ မဖြည့်ရဘူးဆိုတာလည်း သူတို့ရဲ့ Demand တွေကို ပြည့်အောင်လုပ်တာ။ တကယ်တမ်းကျတော့ ဆေးရုံတွေမှာ သူ့ဟာနဲ့သူ ရှိပြီးသားဗျ၊ အောက်ဆီဂျင် Plant တွေက။ ဘယ်နေရာတွေ လိုတဲ့အတွက် ဘယ်လိုလုပ်လဲတော့ မသိဘူး။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင် အလုံအလောက် ရှိတယ်လို့ ပြောထားပေမယ့် ရန်ကုန်အပါအဝင် မြို့ကြီး အတော်များများမှာ လိုအပ်နေတဲ့ အောက်ဆီဂျင် အလုံအလောက် မရရှိနိုင်တာကြောင့် နေ့စဉ် နာရီပေါင်းများစွာကြာတဲ့အထိ အောက်ဆီဂျင်တန်းစီ စောင့်ဆိုင်းနေကြသူတွေရဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်တွေပေါ်မှာ ပြန့်နေသလို မီးသင်္ဂြိုဟ်စက်ရှိတဲ့ နေရာတွေမှာ အလောင်းတွေ စုပုံနေတဲ့ပုံတွေလည်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG