သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ကိုဗစ္ဓာတ္ခြဲအတည္ျပဳ ၁,၃၄၇ ဦး၊ ေသဆုံး ၄၆ ဦး


ကေလးၿမိဳ႔က ကိုဗစ္လူနာတဦးကို ေစတနာ့၀န္ထမ္းတဦးက ေအာက္ဆီဂ်င္ပိုက္ တပ္ဆင္ေပးေနပုံ။ (ဇူလုိင္ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါအတြက္ ဓာတ္ခြဲနမူနာေပါင္း ၂၀,၁၉၁ ခုကို စစ္ေဆးခဲ့တဲ့ထဲက ေရာဂါကူးစက္သူ ၁,၃၄၇ ေယာက္ ေတြ႔ခဲ့ၿပီး ေသဆုံးသူ ၄၆ ေယာက္ ရွိတယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

က်န္းမာေရးလုပ္သားေတြနဲ႔ ပရဟိတ ကူညီသူေတြကေတာ့ အမွန္တကယ္ ေသဆုံးသူ အေရအတြက္ဟာ တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏုိင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ကိုဗစ္တတိယလႈိင္း အျမင့္ဆုံးေရာက္ခဲ့တဲ့ ဇူလိုင္လ ၂၃ ရက္ေန႔က ပိုးေတြ႔မႈႏႈန္း ၄၀.၈၂ ရာခုိင္ႏႈန္း ရွိခဲ့တာနဲ႔ ႏႈိင္းယွဥ္ရင္ အခုအခါမွာ ေန႔စဥ္ပိုးေတြ႔မႈႏႈန္း ၈ ရာခုိင္ႏႈန္းေလာက္ပဲ ရွိေတာ့တဲ့အတြက္ ေရာဂါကူးစက္မႈ သိသိသာသာ က်လာၿပီလို႔ က်န္းမာေရးဌာနက ဆိုပါတယ္။

အေရွ႕ေတာင္အာရွႏုိင္ငံေတြထဲမွာ ျမန္မာႏိုင္ငံဟာ ကိုဗစ္ေရာဂါ ကူးစက္သူ အေရအတြက္ ဆ႒မအမ်ားဆုံးျဖစ္ၿပီး ေသဆုံးသူ အေရအတြက္မွာေတာ့ နံပါတ္ ၅ အဆင့္ အမ်ားဆုံးျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံက မွာယူထားတဲ့ Sinopharm ကိုဗစ္ေရာဂါကာကြယ္ေဆး အေရအတြက္ ၄ သန္း ဒီကေန႔ ညေနပိုင္းမွာ ထပ္ေရာက္လာၿပီး စုစုေပါင္း မွာယူထားတဲ့ ေဆးအေရအတြက္ ၂၄ သန္းမွာ ၁၂ သန္း ေရာက္ထားၿပီးၿပီလို႔ စစ္ေကာင္စီ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။

ေနျပည္ေတာ္က အသက္ ၁၂ ႏွစ္နဲ႔ ၁၈ ႏွစ္ၾကား အေျခခံပညာေက်ာင္းသားေတြကို တ႐ုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆး ေနာက္တမ်ိဳးျဖစ္တဲ့ Sinovac ကာကြယ္ေဆးကို ကနဦးစီမံခ်က္အျဖစ္ စထိုးေပးဖို႔ စီစဥ္ေနတယ္လို႔ စစ္ေကာင္စီခန႔္ က်န္းမာေရး ဒုတိယဝန္ႀကီး ေဒါက္တာေအးထြန္းက ေျပာတာကိုလည္း ဒီကေန႔ထုတ္ စစ္ေကာင္စီ သတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံကို လာေရာက္တဲ့ ခရီးသြားေတြအေပၚ ျပည္ဝင္ခြင့္ ယာယီကန႔္သတ္ခ်က္ အားလုံးကို စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ထုတ္ျပန္ထားတာကေန ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္လိုက္တဲ့အေၾကာင္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက ေအာက္တိုဘာလ ၁ ရက္ မေန႔ကရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၃၄၇ ဦး၊ သေဆုံး ၄၆ ဦး

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၀,၁၉၁ ခုကို စစ်ဆေးခဲ့တဲ့ထဲက ရောဂါကူးစက်သူ ၁,၃၄၇ ယောက် တွေ့ခဲ့ပြီး သေဆုံးသူ ၄၆ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတ ကူညီသူတွေကတော့ အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ကိုဗစ်တတိယလှိုင်း အမြင့်ဆုံးရောက်ခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ပိုးတွေ့မှုနှုန်း ၄၀.၈၂ ရာခိုင်နှုန်း ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် အခုအခါမှာ နေ့စဉ်ပိုးတွေ့မှုနှုန်း ၈ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တဲ့အတွက် ရောဂါကူးစက်မှု သိသိသာသာ ကျလာပြီလို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက် ဆဋ္ဌမအများဆုံးဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာတော့ နံပါတ် ၅ အဆင့် အများဆုံးဖြစ်ပါတယ်။

တရုတ်နိုင်ငံက မှာယူထားတဲ့ Sinopharm ကိုဗစ်ရောဂါကာကွယ်ဆေး အရေအတွက် ၄ သန်း ဒီကနေ့ ညနေပိုင်းမှာ ထပ်ရောက်လာပြီး စုစုပေါင်း မှာယူထားတဲ့ ဆေးအရေအတွက် ၂၄ သန်းမှာ ၁၂ သန်း ရောက်ထားပြီးပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

နေပြည်တော်က အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား အခြေခံပညာကျောင်းသားတွေကို တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး နောက်တမျိုးဖြစ်တဲ့ Sinovac ကာကွယ်ဆေးကို ကနဦးစီမံချက်အဖြစ် စထိုးပေးဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီခန့် ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောတာကိုလည်း ဒီကနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက် အားလုံးကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတာကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်တဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၁ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG